'
အမိမြေ

KIA မှ အယ်ဂျားဇီးယားသတင်းဌာနတွင် သတင်းအတုများထုတ်လွှင့်ဖို့စီစဉ်နေ

 
အယ်ဂျားဇီးယားသတင်းဌာနမှသတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှ KIA ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် ရောက်ရှိနေပြီး KIA က အယ်ဂျားဇီးယားသတင်းဌာနတွင် စစ်ရေးအောင်မြင်မှုဇာတ်လမ်းများကို ရိုက်ကူးထုတ်လွှင့်ရန်  စီစဉ်နေကြောင်းသိရသည်။
အစိုးရနဲ့ KIA  ဖြစ်နေသောတိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေးဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့်တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီးအယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ တစ်ဦးမှပြောသည်။
အဓိကကတော့ KIA က ဒုက္ခသည်တွေအကြောင်းပြပြီးနိုင်ငံတကာမှ ကူညီငွေတွေရရှိလာအောင် လုပ်ချင်တာပါ။ လိုင်ဇာမှာရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်ကလူတော်တော်များများနဲ့ အနီးနားရွာက လူတွေကိုပါခေါ်ပြီး တိုက်ပွဲသတင်းဗွီဒီယိုတွေနဲ့ဒုက္ခသည်တွေရဲ့ဆင်းရဲကျပ်တည်းမှုတွေကို ဇာတ်လမ်းဖန်တီးရိုက်ကူးကာ ထုတ်လွှင့် သွားမည်ဟုသိရသည်။
ဒီလိုမျိုး ရိုက်ကူးထုတ်လွှင့်ဖို့စီစဉ်နေတာတွေကိုတရုတ်ထောက်လှမ်းရေးကသိသွားခဲ့ပါတယ်။ တရုတ်ဖက်ကတော့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတဲ့ အတုအယောင်သတင်းတွေကိုမထုတ်လွှင့်ဖို့ တားမြစ်ထားတယ်လို့ လည်းသိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၏သတင်း ၀က်ဆိုက်ဘ်တစ်ခုဖြစ်သော ကချင်သတင်းဌာန ၀က်ဘ်ဆိုက်မှာလည်း  တရုတ်နိုင်ငံတွင်တွေ့ရှိသော ဧရာမမြွေကြီးသတ်ဖြတ်မှုကြောင့်မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့သည် ဟူသော လုပ်ကြံသတင်း ၊ အစိုးရတပ်နှင့်KIA ဖြစ်ပွားနေသောတိုက်ပွဲသတင်း အခြေအနေများကို မှားယွင်းစွာလိမ်လည်ဖော်ပြခဲ့ရာ မထိရောက်ခဲ့သဖြင့် အခုလိုနိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
 
 ကချင်နေ့စဉ်သတင်း 

0 comments:

Post a Comment


Popular Posts