'
အမိမြေ

ဦးဇောင်းဟရား နဲ့ ဦးအင်ဘန်လ တို့ သဘောထားကွဲလွဲပြန်


ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ဗဟိုဌာနချုပ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့က KIO ဥက္ကဌ ဦးဇောင်းဟရား၊ ဦးအင်ဘန်လ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်တို့ ခေါင်းဆောင်ပြီး အစည်းအ၀းတစ်ခု ပြုလုပ်ခဲ့ ကြတယ်လို့ လိုင်ဇာမှပေးပို့တဲ့ သတင်းများအရ သိရပါတယ်။
အစည်းအဝေးမှာ ဦးဇောင်းဟရားက KIA အနေဖြင့်
အခြားတိုင်းရင်းသားအဖွဲ့အစည်းများလို အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး ဖို့ ပြောကြားခဲ့တဲ့အတွက် UNFC ဥက္ကဌ ဦးအင်ဘန်လက သီးခြားဆွေးနွေးဖို့ လက်မခံနိုင်တာကြောင့် သဘောထားကွဲလွဲတာတွေရှိနေခဲ့တာကို ညှိုနှိုင်းမရ ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
အစည်းအဝေးမှာ ဦးဇောင်းဟရား ပြောသွားတဲ့အကြောင်းအရာတွေကတော့-
-အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနေကြလို့ KIA   တစ်ခုသာကျန်ရှိနေတော့တဲ့အတွက် ခြေအနေကို သုံးသပ်စဉ်းစားကြရမည်။
-လက်ရှိမှာလည်း KIA အဖွဲ့အတွင်း အကျအဆုံးများနေလို့ တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ကျဆင်းနေကြပြီး ကချင်လူထုကလည်း KIA ကို အကြမ်းဖက်သမားဟု ထင်မြင်နေကြတဲ့အတွက် တပ်ဖွဲ့ဝင်များနှင့် ကချင်လူထုရဲ့ အခြေအနေကိုလည်း စဉ်းစားကြရမည်။
-အစိုးရ၏လုပ်ဆောင်ချက်များနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကို အမေရိကန်နိုင်ငံအပါအ၀င် အခြားအဖွဲ့အစည်းများမှ အကောင်းမြင်လက်ခံလာတဲ့အတွက် KIA တစ်ဖွဲ့တည်းကသာ လက်မခံပါက KIA ရဲ့အမှားသာ ဖြစ်လာနိုင်တဲ့အတွက် ပို၍စဉ်းစားကြရန်
 -အခြားအဖွဲ့အစည်းများ အစိုးရအပေါ်တောင်းဆိုသလို KIA အနေဖြင့် မိမိတို့လိုအပ်ချက်များကို အစိုးရကိုတောင်းဆိုပြီး ငြိမ်းချမ်းရေးကို လက်ခံစဉ်းစားကြရမည်။
ဦးအင်ဘန်လကတော့ KIA တစ်ခုတည်းအနေဖြင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကိုလက်မခံဘဲ UNFC အဖွဲ့ဝင်အနေဖြင့်သာ ဆွေးနွေးရန် တုံ့ပြန်ပြောဆိုခဲ့တာကို ဦးဇောင်းဟရားက လက်မခံနိုင်ဘဲ KIA အဖွဲ့အစည်းအနေဖြင့်သာ သီးခြားဆွေးနွေးသွားမယ်လို့ပြောခဲ့ကြောင်း အစည်းအဝေးတက်ခဲ့တဲ့ KIA တပ်မှုးတစ်ဦးမှ ပြောပြပါတယ်။
အစည်းအဝေးကိုတော့ နေ့လည် ၁ နာရီလောက်ကစတာပါ ခေါင်းဆောင်ပိုင်းသဘောထား ကွဲလွဲနေတာတွေကို ညှိုနှိုင်းနေတာကြောင့် အစည်းအဝေးကည ၁၀ နာရီလောက်မှာ ပြီးသွားပေမဲ့လည်း သဘောတူညီမှုမရခဲ့ သေးကြောင်းသိရပါတယ်။
KIA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ကတော့  ငြိမ်းချမ်းရေးကိုလက်မခံနိုင်တာကြောင့် အစိုးရတပ်တွေကို ဆက်ပြီးတိုက်ခိုက်သွာံးဖို့ လက်အောက်ခံ KIA တပ်တွေကိုအမိန့်ပေးထားတယ်လို့ သိရပါတယ်။ဦးဇောင်းဟရားရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ဗိုလ်ချုပ်ဂမ်ရှောင်မှ စိတ်ကြိုက်ရွေးချယ်ထားတဲ့ KIA အရာရှိတွေကိုသာ စေလွှတ်ထားရှိတယ်လို့်လည်းသိရပါတယ်။

Ref : http://kachindailynews.blogspot.com/

0 comments:

Post a Comment


Popular Posts