'
အမိမြေ

တရုတ်-မြန်မာနယ်စပ် ကျန်းဖုန်းမြို့နယ်တွင် တရုတ်နယ်ခြား စောင့်တပ်များ လူအင်အားတိုးမြှင့် ချထား



မြန်မာနိုင်ငံလွယ်ဂျယ်နှင့်ဆက်စပ်လျက်ရှိတဲ့မြန်မာ-တရုတ်နယ်စပ်မှာတရုတ်နယ်ခြားစောင့်တပ်တွေ ပိုမို တိုးမြှင့်ချထားနေတယ်လို့နယ်စပ်သတင်းတွေအရသိရှိရပါတယ်။ လတ်တလောဖြစ်ပျက်နေတဲ့ KIA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေရဲ့ပဋိပက္ခတွေကြောင့် တရုတ်အစိုးရအနေနဲ့သူ့နိုင်ငံဘက်ကိုကူးစက်မလာအောင်စောင့်ကြည့် နေတဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။
စစ်ဘေးဒဏ်ကြောင့်စစ်ပြေးဒုက္ခသည်အဖြစ်ဝင်လာမှာမျိုးကိုလဲ တရုတ်က လက်မခံနိုင်သလို KIA တပ်ဖွဲ့ဝင်တွေ တရုတ်ဘက်ထွက်ပြေးလာမှာမျိုးကိုလဲစောင့်ကြည့်နေတဲ့သဘော ဖြစ်ပါတယ်။ တရုတ်နိုင်ငံကျန်ဖုန်းမြို့မှာရှိတဲ့နယ်ခြားစောင့်တပ်အမှတ်(၄၅)ကဗိုလ်မှူးကြီးချိန်းကျန်းတွဦးစီးတဲ့ လူ(၄၀) ပါတဲ့တပ်ဖွဲ့တစ်ဖွဲ့ဟာနယ်စပ်တစ်လျှောက်မှာရှိတဲ့ကျေးရွာတွေမှာ နေ့ဘက်မှာမော်တော်ကားတွေနဲ့ လှည့်လည် နေပါတယ်။ညဘက်မှာလဲလူအင်အားနဲ့ အချိန်ပြည့်စောင့်ကြည့်ကင်းပုန်းဝပ်ခြင်း၊ လှည့်လည်သွားလာနေခြင်းများ ပြုလုပ် နေပါတယ်။ တရုတ်-မြန်မာနယ်စပ်ဂိတ်အမှတ်(၁)လူဝင်၊လူထွက်စစ်ဆေးရေးဂိတ်ရဲ့ မြောက်ဘက်မှာ ဗိုလ်ကြီးလျှိုကျားစိန်နဲ့အင်အား(၂၀)ရှိနေပြီး
စစ်ဆေးရေးဂိတ်ရဲ့ တောင်ဘက်မှာတော့ဗိုလ်ကြီးဖန်တုံစီနဲ့အင်အား (၂၀)ရှိနေပါတယ်။ဗိုလ်ကြီးတုံရှောက်ချွမ်နဲ့အင်အား(၃၀)ဦးကတော့ လားရင်းကျေး၇ွာဘက်မှာ အရံတပ်အဖြစ် စောင့်ကြည့် နေတယ်လို့ ယူနန်ပြည်နယ်မှလာသောသတင်းများအရသိရှိရပါတယ်။ အဲဒီလိုတရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်ကလုံခြုံရေးတွေတိုးမြှင့်ချထားတာနဲ့ပတ်သက်လို့ မြန်မာ အာဏာတွေနဲ့သဘောတူထားပြီးဖြစ်တယ်လို့သိရပါတယ်။KIO/KIA တပ်များအနေနဲ့ လက်ရှိအနေအထားများတွေ အရ တရုတ်အာဏာပိုင်တွေနဲ့သင့်မြတ်မှုမရှိတဲ့အတွက်သူတို့ရဲ့ဌာနချုပ်ကို အိန္ဒိယနယ်စပ်ဘက် ရွှေ့ပြောင်း ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းများလဲထွက်ပေါ်နေပါတယ်။ ယူနန်ပြည်နယ်အစိုးရခေါင်းဆောင်ပိုင်း ကလာတဲ့ သတင်းတွေအရတရုတ်အစိုးရအနေနဲ့မြန်မာနယ်စပ်မှာရှိတဲ့ကချင်လက်နက်ကိုင်တပ်တွေကိုမြန်မာဘက်က
တိုက်လာမယ်ဆိုရင်လိုအပ်တဲ့အကူအညီတွေပေးဖို့နဲ့ပိတ်ဆို့ထားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

0 comments:

Post a Comment


Popular Posts