'
အမိမြေ

KIA တပ်မဟာ ၄ မှဝှက်ထားခဲ့သော မူးယစ်ဆေးဝါးများနှင့် လက်နက်များကို အစိုးရစစ်တပ်တွေ့ရှိ



ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၃  ရက်နေ့လောက်က အစိုးရစစ်တပ်က KIA တပ်မဟာ ၄ ရဲ့ ဌာနချုပ် လွယ်ကန်ကို အင်အားအများအပြားနဲ့ ၀င်ရောက်သိမ်းပိုက်ခဲ့လို့ တပ်မဟာ ၄ ဟာ လွယ်ကန်မှ ဆုတ်ခွာပေးခဲ့ရပါတယ်။ အစိုးရတပ်တွေဟာ လွယ်ကန်ကို သိမ်းပြီး KIA တပ်မဟာ ၄ ရဲ့နယ်မြေတစ်ခုလုံးကို ရှင်းလင်းခဲ့ချိန်မှာ တက္ကနိုင်းရွာက ဦးအားဝူး ရဲ့အိမ်မှာ တပ်မဟာ ၄ ဆုတ်ခွာတုန်းက တပ်မဟာ ၄ ကရင်း ၉ ရင်းမှုး ဗိုလ်မှုး လရိန် ၀ှက်ထားခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့  လက်နက်တွေကို တွေရှိ့သိမ်းဆည်း သွားတယ်လို့ မူဆယ်မှလာတဲ့ သတင်းများအရသိရပါတယ်။တက္ကနိုင်းရွာမှ ဦးထိန်နန်ရဲ့ ပြောပြချက်အရကတော့အစိုးရတပ်က မနက်အစောကြီးရောက်လာကြပြီးဦးအာဘူး အိမ်မှာ WY စာတမ်းပါတဲ့ စိတ်ကြွဆေးပြား ခြောက်သိန်းခန့်၊ yatai တံဆိပ်ဆေးပြားထုတ်စက် ၂ လုံး၊ သေနတ် ၂ လက်၊ စိန်ပြောင်း ၁ လက်၊ကွန်ပျူတာ ၂ လုံး၊ KIA စစ်သားတပ်ဖွဲ့ဝင်များ၏ ရာဇ၀င်အထောက်အထားစာအုပ်တွေကို ရှာတွေ့သွားခဲ့ပြီး သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။ 







အခုလိုအစိုးရတပ်တွေက ကေအိုင်အေ တပ်မဟာ ၄ နယ်မြေထဲမှာ တပ်မဟာ ၄ ကထုတ်တဲ့ဆေးပြားတွေ နဲ့အထောက်အထားတွေကို စစ်တပ်ကတွေ့ရှိသွားတဲ့အတွက်ကြောင့် ဗိုလ်ချုပ် ဂမ်ရှောင်ကတော့ အလွန်ပဲစိတ်ဆိုး ဒေါသထွက်နေပြီး မကျေမနပ်ဖြစ်နေပါတယ်၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေမလုပ်ဖို့ဆိုပြီး တပ်မဟာနဲ့ တပ်ရင်းတွေကို ဗဟိုမှ အမိန့်ထုတ်ထားပြီးတဲ့အတွက် ဒီအမိန့်ကိုမလိုက်နာဘဲ ကိုယ့်သဘောနဲ့ကို လုပ်နေတဲ့ တပ်မဟာမှုး ဗိုလ်မှုးကြီး ဇော်ရော် ကိုတော့ ပြင်းပြင်းထန်ထန်အရေးယူဖို့ လုပ်နေပါပြီဟု လိုင်ဇာမှ KIAအရာရှိတစ်ဦးမှ လည်းပြောပြပါတယ်။တပ်မဟာ ၄ မှအရာရှိတစ်ဦးကိုလည်း ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဗဟိုကအထောက်အပံ့ လုံလုံ လောက်လောက် မပေးနိုင်ဘူး ကျွန်တော်တို့မှာဘာမှမရှိပါဘူး ကိုယ့်ရံပုံငွေကိုလည်း ကိုယ့်အစီအစဉ်နဲ့ဘဲ ရှာခိုင်းပါတယ်၊ တစ်ဖက်ကလည်း တိုက်ပွဲအတွက်ပြင်ရတယ်၊ တစ်ဖက်ကလည်း စားသောက်ဖို့အတွက်၇ှာရပါတယ်၊ ဒီလိုအခြေအနေမှာ အချိန်နည်းနည်းနဲ့ ပိုက်ဆံများများရတဲ့ ဒီအလုပ်ကိုလုပ်ခဲ့ ကြတာဖြစ်ကြောင်း ပြောပြပါတယ်။ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွေ လုပ်နေတာကို ရှမ်းပြည်က ဒေသခံတွေမှလည်း ကေအိုင်အေအဖွဲ့အပေါ် မနှစ်သက်ကြတဲ့အတွက် မန်တုံပြည်သူ့စစ်တွေမှ အစိုးရစစ်တပ်သို့ သတင်းပေးပို့ခဲ့လို့ ရှာတွေ့ခဲ့တာဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။
 KIA က မူးယစ်ဆေးဝါးမှာ မပက်သက်ကြောင်း ရှမ်းပြည်လူထုနဲ့ ကချင်လူထုမှ ယုံကြည်လာအောင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို  ဟန်ပြလုပ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။
အစိုးရတပ်မှသိမ်းယူသွားသော မူးယစ်ဆေးဝါး နှင့် လက်နက်ပစ္စည်းများ
-WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀၀၀)ခန့်
-ဆေးပြားရိုက်စက် (၂)လုံး
-ဆေးပြာရိုက်ခုံ (၄)ခု
-ဆေးပြားပုံသွင်းဖို (၄၄)ချောင်း
-ဆေးပြားချိန်စက် (၄)ခု
-Acer Laptop Computer (၂)လုံး၊(အထောက်အထားများပါသည်ဟုသိရ)
-kenda ဆိုင်ကယ် (၂)စီး
-ကိုယ်ရေးအချက်အလက်အထောက်အထားများ စာရွက် ၁ ထုပ်
-အမည်းရောင်ယမ်းအမှုန့် (၁၈)ထုတ်
-ဆာလဖြူရစ်အက်ဆစ် (၁၅)ပုံး
-သေနတ် (၂)လက်
-ကျည် (၂၃၀)တောင့်
- စိန်ပြောင်း(၁)လက်
-အပြာရောင်ယမ်းအမှုန့် (၁)ထုတ်
-အမည်းရောင်ယမ်းအမှုန့် (၃)ထုတ်
-ယမ်းအခဲ (၇)တုံး
-တရုတ်နိုင်ငံထုတ်ရိက္ခာထုတ်(၁၆၀)ထုတ်

0 comments:

Post a Comment


Popular Posts