'
အမိမြေ

လွတ်ငြိမ်းချမ်းသာခွင့်များ ထပ်မံပေးဖွယ်ရှိ


လွတ်ငြိမ်းချမ်းသာခွင့်များ ထပ်မံပေးဖွယ် ရှိသည်ဟူသော သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းများအရ အောက်တိုဘာ လကုန်တွင် တစ်ကြိမ်၊ နိုဝင်ဘာ လလယ်တွင် တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံထုတ်ပြန်ဖွယ် ရှိသည်ဟု ဆိုသည်။
နိုဝင်ဘာ လလယ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး အဆုံးအဖြတ်ပေးမည့် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပမည် ဖြစ်ရာ ယင်းမတိုင်ခင်တွင် လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ထုတ်ပြန်ဖွယ်ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရသည်။
" အာဆီယံ ဥက္ကဋ္ဌဖြစ်ဖို့ ဆိုရင်တော့ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိကြောင်း ပြဖို့လိုတယ် " ဟု အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသော အကျဉ်သား ၆၃၅၉ ဦး တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၈ဝ ဦးဝန်းကျင် လွတ်မြောက်လာပြီး First Line-up အဖြစ် လူသိများသူများမှ ဇာဂနာ (ခေါ်) ဦးသူရနှင့် ဗိုလ်ချုပ်ဆေထင် နှစ်ဦးသာ ပါဝင်ပြီး Second Line-up မှ မစုစုနွေး၊ ဦးကျော်ခင် အပါအဝင် NLD ပါတီဝင်များ ပါဝင်ခဲ့သည်။
လွတ်မြောက်လာသူများမှ ဦးဇာဂနာ အပါအဝင် အများစုမှာ လွတ်ငြိမ်းချမ်းသာခွင့်အရ လက်ရှိ လွတ်မြောက်လာသည့် ပမာဏအပေါ် ကျေနပ်ခြင်း မရှိကြောင်း၊ အစိုးရကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ခွင့်ပြုရေး တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းတို့က မီဒီယာများသို့ ပြောဆိုထားကြောင်း တွေ့ရသည်။

0 comments:

Post a Comment


Popular Posts