'
အမိမြေ

စခန်းငယ် ဂျန်မိုင်ကို KIA တို့ အကျအဆုံးများစွာဖြင့် တိုက်ခိုက်ခဲ့ရ

 
 
ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့မှာ KIA နဲ့ မြန်မာအစိုးရစစ်တပ်ဟာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့ပြီး အောက်တိုဘာလ(၁၁)ရက်နေ့လောက်က တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၂)ရင်းပေါင်းပြီး အစိုးရတပ်စခန်းငယ် တစ်ခုဖြစ်တဲ့ ဂျန်မိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပြီး KIA ဘက်က ဒဏ်ရာရရှိသူ တော်တော်များ ခဲ့တယ်လို့ သိရပါတယ်။
          မနက်အစောကြီး(၄)နာရီလောက်က စပြီးတိုက်တာပါ KIA က လူ(၂၀၀)လောက်ပါတယ်၊
စစ်တပ်ကတော့ (၁၂)ယောက်လောက်ဘဲရှိတယ်၊ စတိုက်တော့ စစ်တပ်ဘက်က ရှေ့ထွက်မိုင်းတွေနဲ့သုံးပြီး တိုက်တယ် လက်နက်ကြီး တွေနဲ့လည်းပစ်တော့ တော်တော်နဲ့တက်လို့မရဘူး၊ ထိခိုက်ကျဆုံးတဲ့သူတွေကလည်းများလာတော့ KIA ဘက်က တော်တော်နဲ့ တက်လို့မရဘူး တစ်ရက်လောက်ကြာသွားတယ်၊ KIA ကလူအင်အားများတော့ စခန်းကို စစ်တပ်ကလည်း မထိန်းနိုင်တော့ဘဲ အဖွဲ့တွေခွဲပြီးဆုတ်ခွာသွားကြလို့ ဂျာမိုင်စခန်းကို နောက်တစ်နေ့ နေ့လည်လောက်ရောက်မှ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မဟာ (၃)မှ အရာရှိတစ်ဦး၏ ပြောပြချက်အရ သိရတယ်။
          စစ်တပ်က အဖွဲ့တွေကွဲပြီး တစ်ဖွဲပြီးတစ်ဖွဲ့ ရွာကိုရောက်လာကြတယ်၊ အထမ်းတစ်ခုလည်းပါလာတယ်၊ ဒဏ်ရာရတာတော့(၁)ယောက်ဘဲတွေ့ခဲ့တာပါလို့ မျက်မြင်တွေ့ခဲ့သူ လွယ်ဂျယ်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။
          သူတို့ဘက်က အထိုင်သဘောမျိုးခုခံတာဆိုတော့ မိုင်းတွေပြင်ထားတယ်၊ ရှေ့ထွက်မိုင်းလိုမျိုးပေါက်ကွဲအား ပြင်းတဲ့မိုင်းတွေသုံးတော့ တစ်ရက်ကျော်ကြာသွားတယ်၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ ဒဏ်ရာရတဲ့သူကလည်း တော်တော်များတယ် (၁၈)လောက်ရှိတယ်၊ (၂၅)ယောက်လောက်တိုက်ပွဲမှာ ကျဆုံးခဲ့တာဆိုတော့ တော်တော် လေးပြင်းထန်ခဲ့တဲ့တိုက်ပွဲပါလို့ ဦးလနန်းမှ ပြောပြပါတယ်။
ဒဏ်ရာရ KIA စစ်သား(၂)ဦးမှာလည်း စိန်လုံရွာမှာ ထပ်မံကျဆုံး ခဲ့တယ်လို့ ဒေသခံများကပြောဆိုခဲ့ပါတယ်။
          ဒီဂျာမိုင်စခန်းကတော့ အစိုးရကတပ်စခန်းတွေထဲမှာ အရေးပါတဲ့စခန်းတစ်ခုမဟုတ်လို့ လူ(၁၂)ယောက်ဘဲနေ တာပါ၊ ဒီစခန်းတောင်ကုန်းကို အမှီပြုပြီး နယ်မြေလှုပ်ရှားဖို့အတွက်သာ စခန်းငယ်တစ်ခုအနေဖြင့် ထားရှိခဲ့တာဖြစ်လို့ ဆုတ်ခွာပေးလိုက်တာဖြစ်နိုင်ကြောင်း စစ်ဘက်နီးစပ်သူ တစ်ဦးမှလည်း ပြောပြပါတယ်။
          အစိုးရတပ်က တပ်မဟာ(၄)ဌာနချုပ်ကို သိမ်းပိုက်ပြီး KIA နယ်မြေများကို ထိုးစစ်ဆင်လာပြီးနောက် ကချင် ပြည်နယ်နှင့် ရှမ်း(မြောက်)ပြည်တို့တွင် တိုက်ပွဲများ အရှိန်ပြင်းထန်ခဲ့ပါတယ်။
 

0 comments:

Post a Comment


Popular Posts