'
အမိမြေ

လက်ရှိအစိုးရ၏ တိုင်းပြည်တိုးတက်ရေးလုပ်ဆောင်မှုတွေကို အပြုသဘောဆောင်ထောက်ခံတဲ့ လူများအား စော်ကားလိုက်တဲ့ မိုးသီးဇွန်

 
လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံနဲ့ပြည်သူ အကျိုးအတွက် ပြည်သူ့အသံကိုနားထောင်ပြီး စွမ်းစွမ်းတမံဆောင်ရွက်နေတာ လူတိုင်းအသိပါ။ လက်ရှိအစိုးရ ကို မဲမပေး၊မထောက်ခံခဲ့တဲ့ သူတွေတောင် လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အားပေး ထောက်ခံ လာကြတာ ဝေးဝေးမကြည့်နဲ့ ဒေါ်စုကိုပဲကြည့်။ ဒေါ်စုကိုယ်တိုင် လက်ရှိအစိုးရကို ပြောင်းလဲမှုတွေဖြစ်ပေါ်လာမဲ့ အစိုးရလို့ ပြောဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်လည်း ၂၀၀၈ အခြေခံဥပဒေကို မနှစ်သက်ဘူးပဲပြောပြော ခုဆို NLD ကိုပါတီမှတ်ပုံပြန်တင်ဖို့ ကြိုးစားနေတာပါ။ ဒါဟာ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလို့ ပါတီတစ်ခုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားတာပါပဲ။

ဒီလို နာမည်ကြီးပါတယ်ဆိုတဲ့ ဒေါ်စုလို အမျိုးသမီးတောင် လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လက်ခံကြိုဆိုနေတဲ့ အချိန်မှာ မိုးသီးဇွန်က တံတားရွေ့တာမဟုတ်၊ နင့်စိတ်ကရွေ့တာဆိုပြီး လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အားပေးထောက်ခံလာတဲ့ အရင်က လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးအတိုက်အခံသမား တွေကို ဦးဏှောက်မရှိတဲ့ လူတွေပမာ ပြောဆိုဝေဖန်လိုက်ပါတယ်။ စစ်အုပ်စုက မပြောင်းလဲပါဘူး။ ကိုယ်က ပြောင်းလဲနေတာ။ ကိုယ့်သမာဓိတွေ၊ သီလတွေ ချို့ယွင်းနေတာ  ဆိုပြီး အားပေးထောက်ခံသူတွေရဲ့ သီလသမာဓိ ကိုပါ စော်ကားလိုက်ပါသေးတယ်။ မိုးသီးဇွန် ဟာ နိုင်ငံရေးသမားလို့သာ ပြောတာပါ။ ခုလက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရဟာ တပ်မတော်အစိုးရလား၊ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အရပ်သား အစိုးရလားဆိုတာ ခုထက်ထိ မသိသေးပါဘူး။ လက်ရှိအစိုးရကို စစ်အုပ်စုဆိုပြီး ထင်ရာပြောခဲ့တာကိုပဲကြည့်ပါ။ ဒီဟာကလည်း ဖြစ်တတ်ပါတယ် အရက်သောက်တာများလို့ ပုံမှန်စိတ်မရှိတော့တာနေမှာပါ။ မိုးသီးဇွန် ဟာ နိုင်ငံရေးသမားလိုလို တရားဟောဆရာလိုလို သမိုင်းဆရာလိုလိုနဲ့ အလုပ်မရှိအကိုင်မရှိ ယောင်တောင်တောင်ဖြစ်နေတာကြာပါပြီ ။ မိုးသီးဇွန်ရဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်ကို အောက်မှာဖတ်ကြည့်ပြီး ဒီလူဟာ နိုင်ငံရေးသမားလား၊ တရားဟောဆရာလား၊ သမိုင်းဆရာလား ဆိုတာ ခွဲခြားပေးကြပါလို့ ရွှေမြန်မာမှ တိုက်တွန်းချင်ပါတယ်။

နိုင်ငံရေးသမားယောင်ယောင်၊တရားဟောဆရာယောင်ယောင်၊ သမိုင်းဆရာယောင်ယောင်
မိုးသီးဇွန်


0 comments:

Post a Comment


Popular Posts