'
အမိမြေ

ကေအိုင်အေမိုင်းခွဲမှုကြောင့် ရှမ်းကြူးခတံတားကျိုးကျ



 
အောက်တိုဘာလ ၂၄ ရက်နေ့က ၀ိုင်းမော် ချီဖွေ ကားလမ်းပေါ်က  ရှန်ငေါ်ရွာအထွက်က ရှမ်းကြူးခချောင်းတံတားမှာ မိုင်းပေါက်ကွဲခဲ့ပြီး တံတားကျိုးကျသွားကြောင်း ၀ိုင်းမော်မှပေးပို့သော သတင်းများအရသိရပါတယ်။
ယမ်းအားပြင်း မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် တံတားကျိုးကျသွားခဲ့ပြီး ကားများသွားလာနိုင်မှု မရှိတော့ကြောင်း သိရပါတယ်။
တံတားမိုင်းကွဲတဲ့ရွာအနီးက ရှန်ငေါ်ရွာသား ဦးအယ်ဇော်ဝါကို ဆက်သွယ်မေးမြန်းကြည့်တော့ “မိုင်းကွဲတဲ့နေ့က မနက် ၅နာရီ ခွဲလောက်မှာ ကေအိုင်အေက ဗိုလ်ကြီး ဇော်လရဲ့တပ်ခွဲဟာ  ရှငေါ်ရွာကို ရောက်လာခဲ့ကြပြီး ရိက္ခာအတွက် ဆန် ၅ အိတ်တောင်းလို့ ရွာကစုပေးလိုက်ရပါတယ် ၉ နာရီလောက်မှာ အခုမိုင်းကွဲတဲ့တံတားဖက်ကို ထွက်သွားကြတာ သိပ်မကြာဘူး အသံအကျယ်ကြီးကြားရတော့တာပါ”ဟု ဖြေကြားခဲ့ပါတယ်။
ကေအိုင်အေမှ ခုခံရေးနည်းဗျူဟာအရ  လမ်းတံတားများနှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများကို ဗုံးဖောက်ခွဲဖို့အတွက် အခြားနိုင်ငံမှ ဖောက်ခွဲရေးပညာရှင်များကို လိုင်ဇာမှာခ်ါပြီး သင်တန်းပို့ချနေကြောင်း နယ်စပ်သတင်းများအရ သိရပါတယ်။
 

0 comments:

Post a Comment


Popular Posts