'
အမိမြေ

မြစ်ကြီးနားမြို့တွင်ဗုံးပေါက်ကွဲ (ကြားဖြတ်သတင်း)


မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၀န်ထမ်းအိမ်ယာ မလိခလမ်းကြား  ပြည်နယ်အစိုးရရုံးအနီးတွင် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ဗုံးကွဲရာမှာ ဗုံးထောင်ရန်လာသူ လေးဦးမှ တစ်ဦးမှာ ဗုံးထောင်မည့်နေရာမရောက်ခင်မှာ လမ်းတွင် ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
KIA မှ တပ်မဟာ ၄ နယ်မြေတွေကို အစိုးရတပ်တွေကသိမ်းပိုက်ခဲ့လို့ စခန်းတွေကျဆုံးတာတွေကို အာရုံလွှဲတဲ့အနေနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေနဲ့ အစိုးရရုံးတွေကို ဖျက်ဆီးပြစ်ဖို့ ဦးအင်ဘန်လ၏ အစီအစဉ်အရ မြစ်ကြီးနားမြို့ကို  ထိတ်လန့်အောင် မိုင်းခွဲဖျက်ဆီးဖို့နဲ့  အစိုးရရုံးတွေကိုပျက်စီးအောင် မိုင်းထောင်ဖောင်ခွဲဖျက်ဆီးတဲ့ လုပ်ငန်းတွေကို လုပ်ဖို့  KIA တပ်ဖွဲ့ဝင် ၂ ဦးနဲ့  KIAပြည်သူ့စစ် ၂ ဦး ကို လုပ်ခိုင်းခဲ့တယ်လို့ လိုင်ဇာမှ ဦးဘရန်မှိုင်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ဗုံးထောင်ရန်လာသူ KIA နှစ်ဦးမှ တစ်ဦးမှာ ဖောက်ခွဲဖျက်ဆီးရန် သွားနေစဉ် လမ်းတွင်ပေါက်ကွဲခဲ့ပြီး  ဆီးစပ်တွင်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသေဆုံးခဲ့ပါတယ်။ ကျန် KIA တစ်ဦးနဲ့ KIA ပြည်သူ့စစ် ၂ ဦးမှာဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့တယ်လို့ သီတာရပ်ကွက်မှ မျက်မြင်တွေ့ရှိသူတစ်ဦးမှပြောပြခဲ့ပါတယ်။ ဒီဗုံးကွဲတဲ့ ကိစ္စမှာ သေဆုံးခဲ့သူဟာ KIA တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ဒီလိုဖောက်ခွဲဖျက်ဆီးရေးအလုပ်တွေကို လုပ်ဖို့ခိုင်းထားတာတွေလည်းမရှိကြောင်း KIA မှ ငြင်းဆိုခဲ့ပါတယ်။

Ref : http://kachindailynews.blogspot.com/

0 comments:

Post a Comment


Popular Posts