'
အမိမြေ

ကေအိုင်အေဆန်အခက်အခဲကြောင့်ရွာသားများအခက်တွေ့နေ

                                                                     
KIAကချင်တပ်မတော် ဌာနချုပ်မှာ ရိက္ခာရှားပါးမှုနဲ့တွေ့ကြုံနေရတဲ့ အတွက် ပတ်ဝန်းကျင်ကျေးရွာ  တွေကနေဆန်တွေ တောင်းခံနေပါတယ်။ 

KIAတပ်မဟာ(၃)လက်အောက်ခံ တပ်ခွဲတစ်ခွဲက လူအင်အား(၁၀) ဦးပါတဲ့အဖွဲ့တစ်ဖွဲ့ဟာ မနေ့ကနားလုံရှမ်းရွာကို ရောက်ရှိလာပြီး တစ်အိမ်ထောင်ကိုဆန်(၈)ပြည်နှုန်းကောက်ခံ ခဲ့ပါတယ်။ တစ်ချို့မိသားစုတွေအနေနဲ့ ပေးစရာဆန်လုံးဝမရှိတဲ့အတွက် ဆန်မပေးနိုင်တဲ့အိမ်တွေက (၁)အိမ်ကို ငွေငါးထောင်ကျပ်စီ ပေးရပါတယ်။လုံးဝမပေးနိုင်တဲ့ သူတွေကိုတော့ သူတို့ကိုင်ထားတဲ့သေနတ်နဲ့ပစ်သတ် ပါတယ်။ မနေ့ကတစ်နေ့ထဲမှာ ကောက်လို့ရတဲ့ဆန်အိတ်ပေါင်း(၃၀)ကျော် ကိုနားလုံ-ခယောလမ်းကြောင်း အတိုင်း မော်တော်ဆိုင်ကယ်နဲ့ 
လိုင်ဇာကိုပေးပို့ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
KIA တပ်တွေအနေနဲ့ အရင်တုန်းကငြိမ်းချမ်းရေးယူထားတဲ့ကာလတစ်လျှောက်လုံးမှာ  ဆန်အတွက် ပူပင်စရာမလိုဘဲ တရုတ်နိုင်ငံဘက်က ၀ယ်ယူတင်သွင်းနိုင်ခဲ့သလို မြစ်ကြီးနားဘက်ကလဲ ကားလမ်းအတိုင်းလာရောင်းတဲ့ ဆန်ကုန်သည်တွေဆီက ၀ယ်ယူလို့ရနေတာမို့ အရန်ဆန်တော်တ်ာများများ ဗဟိုဌာနချုပ်မှာ ထားရှိနိုင်ခဲ့ပါတယ်။ အခုခါမှာတော့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာရယ် ၊ကေအိုင်အေတပ်ဖွဲ့တွေ အနေနဲ့လမ်းတံတားတွေကို ဖျက်ဆီးထားခဲ့တာတွေရယ်ကြောင့် ရိက္ခာသယ်ယူမှုအခက်အခဲရှိလာခဲ့ပါတယ်။ တရုတ်နယ်စပ်ဘက်မှာလဲ တရုတ်စစ်တပ်တွေ နေရာအနှံ့ချထားနေတဲ့အတွက် လိုင်ဇာဘက်ကိုဆန်သယ် လို့မရတော့ပါဘူး။
            KIAဗဟိုကော်မတီအနေနဲ့ တရုတ်နိုင်ငံထဲမှာရှိနေတဲ့ကချင်လူမျိုးတွေကပေးနေတဲ့ ငွေကြေး၊ရိက္ခာ တွေကလဲတိုက်ပွဲဝင်နေတဲ့KIAတပ်ဖွဲ့တွေကိုအဓိကထောက်ပံ့နေရပါတယ်။ ဗဟိုဌာနချုပ်အတွက်ဆန် အခက်အခဲနဲ့တွေ့ကြုံနေရလို့အရန်ဆန်ထဲကထုတ်ယူသုံးစွဲဖို့ ပြင်ဆင်နေပါတယ်။ KIAတပ်မဟာ(၂) လက်အောက်ခံတပ်တွေမှာလဲဆန်အခက် အခဲကြုံနေတဲ့အတွက် ဟိုပင်မြို့နယ်ထဲမှာရှိတဲ့ကြာကြီးကွင်း ကျေးရွာအရှေ့တောက်ဘက်၊နန့်စွန်းချောင်းဖျားမှာ တောင်ယာလုပ်နေတဲ့သူတွေဆီက တစ်ဦးကို စပါး(၅)တင်းမဖြစ်မနေပေးရမယ်ဆိုပြီးကောက်ခံနေပါတယ်။ KIAတပ်ဖွဲ့ တွေရဲ့ဆန်အခက်အခဲကြောင့် ကချင်ဒေသခံတွေအနေနဲ့စားစရာမရှိတဲ့ကြားထဲက အသက်အန္တရာယ်ကြောက်လို့ပေးနေကြရပါတယ်။ ဒီကြားထဲမှာကချင်ပြည်နယ်မှာမိုးအရမ်းကောင်းနေလို့လယ်သမားတွေအတွက် လယ်ယာစိုက်ပျိုးရေးမှာ ထင်သလောက်မရတဲ့ အခက်အခဲနဲ့လဲ ကြုံနေကြရတယ်လို့ သိရပါတယ်။
 

0 comments:

Post a Comment


Popular Posts