'
အမိမြေ
နာမည်ပြောင်းလိုက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့
 ပြောမဆုံးပေါင်  တော  သုံးတောင်  တော့  ဖြစ်ပြီဗျာ။အစိုးရကို   လက်ညိုးထိုးချင်ဇောကြီးတော့  ကိုယ်ဘက်ကိုလက်ချောင်း(၄)ချောင်း  ပြန်ထိုးတာဂရုမပြုမိတော့ သတိမမူဂူမမြင်ဆိုတဲ့ စကားအတိုင်း  ဖြစ်နေ
ပြီပေါ့။ဘယ်နှယ့်    ကချင်သတင်းဌာနကလည်း  တရုတ်က  မြွေကို  ရုပ်တည် ကြီးနဲ့   မြစ်ဆုံမှာ တွေ့ သလိုလိုသတင်းလုပ်လို့ လုပ်။အစာ  အဆိပ်သင့် တော့ လည်း   လူ(၁၀၀၀)နဲ့   လူ(၆၀၀)ဆိုပြီး  အပြိုင်အဆိုင်  သတင်းတင်တဲ့   သူကတင်  ။ဒေါ်အောင်ဆန်းစုကြည်ကလည်း  သူ့ ပါတီကို   ပါတီနာမည်ပြောင်း ၊ကမွန်းတပ်လေးတောင် မလုပ်ပဲနဲ့   ပြောင်းလို့ ပြောင်း။ဒီလောက်  ရတက်ပွေလီ  လှတဲ့   ပြသနာပေါင်းစုံထဲမှာ  ရူးကြောင်မူးကြောင်နဲ့   မွေးနေ့  လုပ်မယ်လို့ ပြောတဲ့ သူကပြော။ဘာတွေမှန်းကိုမသိတော့ ဘူး။ဦးကျော်ဟိန်းပြောသလိုရှုပ်ရှက်ကို  ခက်နေတာပဲ    ဆိုတဲ့ စကားလုံးက  ဒီချိန်မှာ  သုံးရမယ်ထင်ပ။
             ဒါနဲ့   ကိုမင်းကိုနိုင်တို့   လူတသိုက်ကလည်း  နာမည်ကြီးချင်တော့  ဘာလုပ်သလဲ မှတ်တယ်။ပြောတော့  ယောက်ျားပေါ့။ကတော့   ချိမှိုင်မှိုင်  ဖြစ်နေပြန်ပြီ။ဒေါ်စုကြည် က   ရုတ်တရတ်   သူ့ ပါတီကို နာမည်ပြောင်းလိုက်တော့    ကိုကိုယ်ကို  ကျောင်းသားခေါင်းဆောင်  ခံယူထားတဲ့   သူ ကလည်း အားကျမခံ သူ့ ကျောင်းသားအဖွဲ့  အစည်းကို နာမည်ကောက် ပြောင်းပလိုက်ပြန်ပြီ။ သူပြောင်းတာက   ကိစ္စမရှိဘူးပေါ့။သူ့ တို့  လို အဖွဲ့ အစည်းထဲက  တယောက်ပြောတာ ကိုလည်းနားထောင် ကြည့် ပါဦးဗျာ.........။
      ဘာမှန်းကို  မသိတော့ ပါဘူးဗျာ။လူလည်းရူးချင်လာပြီ။ဟိုတနေ့ က  သတင်းဖတ်လိုက်၇တယ်လေ။ဒေါ်အောင်ဆန်းစုကြည် က  သူ ပါတီကို  နာမည်ပြောင်းလုပ်တာလေ။ဟုတ်မဟုတ်တော့ မသိဘူးပေါ့။မမှန်ဘူးလို့ လဲ  မငြင်းရဲ ဘူးလေ။ဘာလို့ လဲဆိုတော့   သူ့ အကြောင်းရိုက်ထားတဲ့ ဇတ်ကားက  ရုပ်ရှင်ပွဲတော်မှာတောင် ပြနေတယ် ဆိုပဲ။ဘာပဲပြောပြော  ကမ္ဘာကို ချပြနေတာမဟုတ်လား။ ခုလည်း  ထောင်ထဲကလူကငြိမ်ငြိမ် မနေဘူးဗျာ။မွေးနေ့ ပွဲလုပ်ချင်တယ်တဲ့ ။တကယ်ဆို  လူလွတ်ဖို့ က အရေးမကြီးဖူးလားဗျာ။ပြီးတော့ တခါမှလည်း  မကြားဖူးဘူး   ဂဂ  မျိုးဆက်ကျောင်းသားအဖွဲ့ တဲ့ ။ တင်တဲ့ သတင်းဌာနက  BBC ဆိုတော့ လည်း  မငြင်းရဲ ပြန်ဘူးဗျ   လို့  ဆိုသွားပြန်တယ်ဗျာ။ဒီတော့    ငဘတို့ အနေနဲ့   နောင်ဘယ်လို ရူးရူးကြောင်ကြောင်  သတင်းမျိုးကို  ဖတ်ရမလဲ ဆိုတာ   စောင့် ကြည့် ရုံပဲရှိတော့ တာပေါ့ဗျာ။
                                                                                                                      ငဘ
သတင်းအမှန် Click Here
ကမ္ဘာကိုပြသခဲ့ တဲ့  အမျူးသားဒီမို ကရေစီ အဖွဲ့ ချူပ် ရဲ့ ပါတီနာမည်အသစ်
                နာမည် အသစ်ပြောင်းလိုက်ပြန်ပြီ ဖြစ်တဲ့   ဂဂ  မျိုးဆက်ကျောင်းသားအဖွဲ့ 
Ref : http://shaesaunglungal.blogspot.com/
0 comments:
Post a Comment
Popular Posts