'
အမိမြေ

KIA မှ ကချင်လူမျိုးအချင်းချင်းသတ်နေ



KIAကရွှေမှော်မှာအလုပ်လုပ်နေတဲ့ လူငယ်တွေကိုအင်အားဖြည့်တင်းပြီး တိုက်ပွဲတွေမှာအသုံးပြုနေတဲ့အတွက်ရွှေမှော်တွေမှာ သွားအလုပ်လုပ်နေတဲ့လူငယ်မျုားရဲ့ မိဘတွေဟာ စိုးရိမ်နေကြရပါတယ်။KIAက လူငယ်တွေကို ကချင်လွတ်မြောက်ရေးအတွက် စစ်တိုက်ရမယ်ဆိုပြီးခေါ်သွားပါတယ်။ဟိုရောက်တော့ သင်တန်း သုံးရက်တက်ခိုင်းပြီး စစ်တပ်နဲ့တိုက်နေတဲ့ KIA တပ်ရင်းတွေကို ပို့လိုက်ပြီး ရှေ့ကနေအတင်းတိုက်ခိုင်းတယ် တစ်ချို့ကျတော့တိုက်ပွဲမှာဘာမှမလုပ်တတ်လို့ သေနတ်ပစ်ခံရပြီးသေကုန်ကြတယ်လို့  ထွက်ပြေးလွတ်လာတဲ့ KIA စစ်သား ဂမ်နော်မိုင်းမှပြောပြခဲ့ပါတယ်။အများစုကတော့တပ်ရင်းမှုး ဗိုလ်မှုး ဂမ်မောင်ရဲ့ တပ်ရင်း ၁၈ ကိုအပို့ခံရတာများတယ်လို့လည်း သိရတယ်။ အလုပ်သွားလုပ်တဲ့သူတွေရဲ့ မိဘတွေကတော့ ပြန်ခေါ်ထားပြီး ရောက်မလာသေးတဲ့လူငယ်တွေအတွက်တော့ KIA ထဲရောက်သွားမှာကို တော်တော်လေးစိုးရိမ်နေကြပါတယ်။ကိုယ့်ပြည်နယ်လွတ်မြောက်ရေးအတွက် ကချင်တစ်ယောက်အနေနဲ့ လူမျိုးချစ်စိတ်ရှိရမယ်ဆိုပေမဲ့ဒီလိုမျိုးဆန္ဒမပါဘဲနဲ့ လူငယ်တွေကို KIA ထဲအတင်းဝင်ခိုင်းပြီး စစ်တိုက်ခိုင်းနေတာဟာ ကိုယ့်လူမျိုးအချင်းချင်းသတ်နေသလိုဖြစ်နေကြောင်း တနိုင်းမြို့မှ ဦးဘရန်ဇော်မိုက် ကပြောပြခဲ့ပါတယ်။
KIA ရဲ့အကျိုးစီးပွားအတွက်စစ်တိုက်နေတာကြောင့် တခြားလက်နက်ကိုင်အဖွဲ့များမှလည်းကူည်ီလိုခြင်းမရှိဘူးလို့ ပြောထားတဲ့အတွက်ကြောင့် ကချင်လူမျိုးအများစုကိုသာ တော်လှန်ရေးအကြောင်းပြပြီး အင်အားဖြည့်နေရတယ်လို့ KIA အရာရှိတစ်ဦးမှလည်းပြောပြခဲ့ပါတယ်။ 

0 comments:

Post a Comment


Popular Posts