'
အမိမြေ

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့် Wikileaks

Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange
အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 

အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့်  PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။



နောက်ဆက်တွဲ အဖြစ် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြရာ၌ ၎င်းတို့အနေဖြင့် အလွန်ပင် ထက်ထက် သန်သန်ဖြင့် ငွေကြေးများ ထောက်ပံ့နိုင်ရန် ပြုလုပ်ရမည် ဖြစ်ပြီး ယခုလို ပိတ်ဆို့မှုများကို တိုက်ဖျက်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

MRTV 4 
 

0 comments:

Post a Comment


Popular Posts