မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကျော် လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်း မိသားစုဝင်တွေက အတည်ပြုပြောဆိုပါတယ်။
မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်ကြေညာထားတဲ့ အကျဉ်းသား ၆,၀၀၀ ကျာ်ကို လွှတ်ပေးမယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လူရွှင်တော် ဇာဂနာကို ထောင်အာဏာပိုင်တွေက လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ ဘယ်သူဘယ်ဝါ လွတ်မြောက်တယ်ဆိုတဲ့ သတင်းတွေ အတိအကျ ရဖို့တော့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက စောင့်စားနေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကတော့ မြန်မာအစိုးရဘက်က အခုလို အကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့အတွက် အားတက်မိတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရ နှင့် ဒီမိုကရေစီ ဖော်ဆောင်မှုတိုးတက်မှု အတွက်လည်း များစွာ ကျေနပ်မိကြောင်း  ရိုက်တာ သတင်းဌာနကိုပြောဆိုပါတယ်။

Ref : VOA