'
အမိမြေ

သင့်မဲ ဆန္ဒနယ် အတွက် အရည်အချင်း ရှိတဲ့ ဒေသခံ ကိုယ်စား လှယ်လောင်း ကို မဲပေး


လေးစားလောက်တဲ့ ကိုယ်စားလှယ်လောင်းတဦး၏ မှတ်လောက်သားလောက်ရှိတဲ့ အဆိုအမိန်.တခု ပါ "ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာ အရေးမကြီးဘူးတဲ့။ ဘယ်ပါတီရဲ့ ကိုယ်စားလှယ်လဲ ဆိုတာ က ပိုပြီး အရေးကြီးတယ်တဲ့။"မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို.နယ်က NLDပါတီ ကိုယ်စားလှယ် လောင်း ဗိုလ်ကြီးဟောင်းဦးဝင်းထိန်၏ မှတ်ချက်ဖြစ်ပါသည်။ ဦးဝင်းထိန်ဟာ NLDပါတီ ဗဟိုကော်မတီ ၀င်တဦးလဲ ဖြစ်ပါသည်။

ဒီပြောဆိုချက်ဟာ အတော်ကို ချာတူးလန်တဲ့ အယူအဆဖြစ်တာမို. ဒီလိုအရည်အချင်းမရှိတဲ့ ကိုယ်စား လှယ်လောင်းမျိုးကို မိတ္ထီလာမြီု.နယ်က ပြည်သူတွေက လုံးဝကို မဲ မပေးသင့်ပါ။ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေသာ မဲပေးရွေးချယ်ပါ-- ကိုယ်တိုင်အရည်အချင်းမရှိပဲ ပါတီအရိပ်ခိုပြီး အချောင် လိုက်ချင်တဲ့ ခပ်ညံ့ညံ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို. မသင့်ပါ။ ။ အခု ရွေးကောက်ပွဲဟာ မဆလခေတ်က ပြည်သူ.လွတ်တော်အတွက် ခေါင်းညိမ့်လက်ညှိုးထောင်တဲ့ အမတ်မျိုးတွေ လိုချင်တာ မဟုတ်ပဲ အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ပြည့်ဝတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ အမတ် တွေအဖြစ် ရွေးချယ်ပေးဖို. လိုပါသည်။---

ဒီမိုကရေစီဖခင် အမေရိကန်မှာတောင် ကိုယ်စားလှယ် လောင်းတဦးချင်းစီ၏ အရည်အချင်းဟာ Matter Candidate's Qualification and Experience ဖြစ်တာကြောင့် ဒေါ်လာ သန်းချီ အကုန်ခံပြီး လပေါင်းများစွာ ပါတီတွင်းမှာ Primary-ကနဦး ရွေးချယ် ပွဲတွေလုပ်ပြီး ပါတီနာမည်ထက် ပါတီ၏လက်ရွေးစင် ကိုယ်စားလှယ်ကောင်းတွေရရှိဖို. ရွေးချယ်နေ တာကို ထောက်ရင်--- ကိုယ်စားလှယ်လောင်းတဦးချင်းစီ၏ အရည်အချင်းက ပိုပြီး အရေးကြီးပါ သည်။ မဟုတ်ရင် ပါတီတခုထဲပဲ ဘာလို. အကြိတ်အနယ် ကိုယ်စားလှယ်လောင်းတွေကို ပြိုင်ခိုင်းစရာ လိုမလဲ။။ ။။ ပါတီတွေထက် ကိုယ်စားလှယ်လောင်းတွေ၏ အဓိက အရည်အချင်းတွေကို ဦးစားပေးပြီး ရွေးချယ်ရင် သင့်ပါသည်။ ဒေသအကြောင်းသိပြီး အရည်အချင်းရှိတဲ့ကိုယ်စားလှယ်သာလျင် မဲဆန္ဒရှင် တွေ၏ အကျိုးကို တကယ်လက်တွေ. ဖန်တီးပေး လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

အကုန်လုံးမှ ၄၈ နေရာ။ အရေအတွက် နည်းနေသည့်အတွက် ပိုပြီးတော့တောင် အရည်အချင်းရှိတဲ့ အမတ်တွေ ပြည်သူ.ဖက်ကရပ်မည့်သူတွေ ပါလီမန်ထဲရောက်ဖို.လိုပါသည်။ မဲအရေအတွက်နဲ. ပြောင်း လဲလုပ်ဖို. အာဏာရပါတီ၏ အမတ်အရေအတွက်ကို ဘယ်လိုမှ အခုအချိန်မှာ မကျော်နိုင်သေးပါ။ ဒီ တော့ အရည်အချင်းရှိတဲ့ အမတ်တဦးချင်းသာ--ပြောရရင် ပုဂံသူရဲကောင်းတွေလို- အရည်အချင်း တွေနဲ. ပြည်စုံတဲ့ လူ ၄ဦးဟာ တပ်သား ၄ထောင်တဲ့ အားကောင်းပါသည်။ ပြုပြင်ပြောင်းလဲမှုတွေကို အားဖြစ်စေပါသည်။ ။ ဒါကြောင့် လုပ်ရည်ကိုင်ရည်ရှိတဲ့ လုပ်တတ်ကိုင်တတ်တဲ့ အတွေ.အကြုံရှိတဲ့ ဒေသ၏လိုအပ်ချက်ကို တကယ်သိတဲ့ ကွဲပြားတဲ့ဒေသတွေက အသံတွေကို ကိုယ်စားပြုတဲ့ အမတ် တွေ လူထုကိုယ်စားလှယ်တွေ ပါလီမန်ထဲမှာ ပါသွားဖို.က ပိုပြီး အရေးကြီးပါသည်။

အရည်အချင်းရှိတဲ့ ပညာတတ်တဲ့သူတွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်တာမို.-လုပ်ကြကိုင်ကျတဲ့အခါ ပါတီဘောင် ထက် ကျော်ပြီး တိုင်းပြည်အတွက် လုပ်နိုင်တာမို.--အရည်အချင်းရှိတဲ့အမတ်တွေ ပါလီမန်ထဲ ပါနေရှိနေဖို. အရွေးခံဖို.ဖြစ်ပါသည်။--- ကချင်ပြည်နယ် မိုးကောင်းမြို.နယ် မဲဆန္ဒနယ်မှာ ဒေါက်တာတူးဂျာလို ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦး အရွေးခံရခြင်း ပါလီမန်ထဲ ပါသွားခြင်းက ကျန်တဲ့သူတွေထက် ပိုပြီးအရေးပါပါသည်။ လုပ်ရည်ကိုင်ရည်ရှိနိုင်ပါသည်။ အတွေ.အကြုံလဲရှိတဲ့အပြင် သက်ဆိုင်ရာ တိုင်း ရင်းသားတွေ၏ ထူးခြားတဲ့ကိုယ်စားလှယ်မျိုးလဲ ဖြစ်ပါသည်။ ဒါကြောင့် တသီးပုဂ္ဂလကိုယ်စားလှယ် အဖြစ် ၀င်အရွေးခံလဲ ဒီလိုအမတ်မျိုးကို ဒေသခံတွေက ရွေးချယ်သင့်တာ အမှန်ပါ--- တဦးပေမည့် တအားဖြစ်မည့်သူမို.ပါ။ ။ အမျိုးသားရင်ကြားစေ့ရေး-- ကချင်တိုင်းရင်းသားတွေနဲ. ချစ်ကြည်ရေး အတွက် လက်တွေ. သြဇာရှိပြီး အကူအညီပေးနိုင်တဲ့ ခေါင်းဆောင်တဦး မဟုတ်ပါလား။ ။

ထို.အတူ မိထ္တီလာမြိုနယ်မှာလဲ အဖွဲ.ချုပ်အတွက် နှစ်ပေါင်းများစွာရပ်တည်ပြီး ဒေသအကျိုး မြိုနယ် အကျိုးကို လက်တွေ. ဦးဆောင်ခဲ့သူ တာဝန်ယူ တာဝန်ကျေခဲ့သည့် ဒေါ်မြင့်မြင့်အေးလို ကိုယ်စား လှယ်လောင်းဟာလဲ ဒေသအတွက် စိတ်ချယုံကြည်ရသူ အရည်အချင်းရှိတဲ့ အမျိုးသမီးဆိုတာ သက် သေပြခဲ့သူ မဟုတ်ပါလား။ ဒေသခံတွေအကြား လူသိများတဲ့အပြင် သူကိုယ်တိုင်ကလဲ ဒေသခံ အမျိုး သမီးဖြစ်တော့ သူ.ဒေသက ပြည်သူတွေအကြောင်း သူက ပိုပြီး ကောင်းကောင်း သိတာပေါ့။

သစ္စာရှိလား။ လုပ်ရဲကိုင်ရဲလား လုပ်တတ် ကိုင်တတ်လား ဥိးဆောင်မှု အရည်အချင်းရှိတဲ့သူလား--ဒေသခံတွေ ထပ်ပြီးမေးစရာမလို-- နာမည် ပြောလိုက်တာနဲ. ဒေသခံတွေအကြား ယုံကြည်ရသူ မဟုတ်ပါလား--ဒီတော့ အခုအခါ ဒေါ်မြင့်မြင့်အေးက မိတ္ထီလာကနေ တသီးပုဂ္ဂလနဲ.၀င်ပြိုင်တဲ့အခါ သူက ဒေသခံတွေအတွက် ပိုပြီး စိတ်ချရသူယုံကြည်ရသူ ဒေသအကြောင်းသိသူဖြစ်လို. ပိုပြီး မိတ္ထီလာ ပြည်သူတွေအတွက်--ရွေးချယ်သင့်သည့်ကိုယ်စားလှယ်ပါ-NLD ဗဟိုကော်မတီဗိုလ်ကြီး ၀င်းထိန်ဆို တာ ဒေါ်မြင့်မြင့်အေးနဲ. ယှဉ်လိုက်ရင် ဒေသခံတွေအတွက် မိုးကျရွှေကိုယ် ဖြစ်နေပြန်ပါသည်။ ။ အမတ်လုပ်ဖို.သာ ရောက်လာသူမို. ဒီလို ကိုယ်စားလှယ်တွေကို ဘယ်ပါတီကပဲဖြစ်ဖြစ် ဘယ်လို လူပဲ ဖြစ်ဖြစ် ဒေသခံတွေအနေဖြင့် မဲ မပေးသင့်ပါ။ မဲမထည့်သင့်ပါ။ ဒီမိုကရေစီမှာ လူထုသာ အခရာပါ။  ။
 ဒေသခံတွေထဲမှာ အမတ်အဖြစ် အရွေးခံမည့်သူ အရည်အချင်းပြည့်ဝသူ မရှိဘူးဆိုရင်တော့ ဗဟိုဦးစီး စနစ်အရ ဗဟိုကချပေးတဲ့သူကို လက်ခံရတာ သဘာဝကျပေမည့် ဒေသခံတွေထဲမှာလဲ အရွှေးခံနိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေ အရေးခံမည့်သူတွေ ရှိပါလျက်--ပယ်ချပြီး ဗဟိုက ချပေးတာဟာ ဒေသခံ တွေကို စော်ကားရာလဲ ရောက်ပါသည်။ ဒီအကျင့်စရိုက်တွေကို အခုကတည်းက ဆန်.ကျင်ရမည်ဖြစ် ပါသည်။ ဗဟိုက ချပေးလိုက်သူဟာ ဒေသခံတွေအကြား သိထားသူလဲမဟုတ် ဒေသအကြောင်းလဲ ဃဃဏဏ သိထားသူလဲမဟုတ်တော့ ဒီလူ ၂ဦးယှဉ်ပြီး ရွေးရမယ်ဆိုရင် သိပြီးသား လူရင်းကို ရွေး ချယ်ခြင်းက ဒေသခံတွေအတွက် စိတ်အချရဆုံး ယုံကြည်ရဆုံး မဟုတ်ပါလား--

NLD ပါတီဝင် ဟောင်းတွေ ပါတီအတွက် အလုပ်လုပ်ခဲ့သူတွေ ဖြစ်နေသော်လည်း ဒေသအကြောင်း သိတဲ့သူနဲ. ဒေ အကြောင်း မသူသူတွေအကြား ဘယ်သူကို ပိုပြီး ရွေးချယ်သင့်သလဲဆိုတာ--လမ်းဘေးက ကလေး တောင် အဖြေရအောင် တွက်နိုင်ပါသည်။ ။ အဓိကက ပြည်သူတွေအပေါ် သစ္စာရှိပြီး လက်တွေ. လုပ်ပြခဲ့သူ လုပ်ခဲ့သူ စိတ်ချရသူ နယ်မြေ ဒေသ လူမျိုး စသည်ဖြင့် အလွှာအသီးသီး နယ်အသီးသီး လူမျိုး အသီးသီးကို မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေ ဖြစ်ဖို. နိုင်ငံရေးအရ လိုအပ်သလို--လက်တွေ. အလုပ်တွေဖြစ်ဖို. ဒေသခံတွေနဲ. ဆက်ဆံရေးမှာလည်း မဲ ဘယ်သူ ပေးမလဲ ရွေးချယ်တဲ့အခါ ဦးစား ပေးရမှာ ဖြစ်ပါသည်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ အမတ်တွေကို မဲပေး ဖို.က ပိုပြီး အရေးကြီးပါသည်။

ဒေသခံတွေထဲက အရည်အချင်းရှိတဲ့သူတွေ ရှိနေပါလျက် ဗဟိုဦးစီးစနစ်နဲ. အပေါ်ကနေ မိုးကျရွှေကိုယ်တွေကို ချပေးတဲ့ နေရာပေးတဲ့ အကျင့်တွေကိုလည်း ပါတီခေါင်းဆောင်တွေ သိအောင် ဒေသခံအမတ်လောင်းတွေကိုပဲ ရွေးချယ်ခြင်းဖြင့် ပြတ်ပြတ်သားသား သတင်းစကားပေးဖို. လိုပါသည်။

ထို.ကြောင့် အရည်အချင်းရှိပြီး ယုံကြည်စိတ်ချရတဲ့ ဒေသခံ အမတ်လောင်းကိုပဲ နယ်ခံတွေက မဲ ပေး ထောက်ခံခြင်းက ပိုပြီး လက်တွေ.ကျပါသည်။

7 comments:

kyawgyi said...

သူခိုး ဓါးပြ ပါတီဝင် အမတ်တွေနဲ့ စာရင်တော့  သာပြီးသာပါကွာ

Anonymous said...

Right, Thiefs,blackmarketeers USDP lay

taw thar gyi said...

ဟေ့..ကောင်မင်းပြည်သူကိုယ်စလှယ်က..ဘာလောက်ကောင်းကောင်း.ဘယ်
လောက်တော်တော်..မင်းတို့ချမှတ်တဲပ..မူဝါဒက..တိုင်းပြည်အတွက်မဟုတ်
ပဲမင်းတို့ပါတီအတွက်ဖြစ်နေရင်..အဲက်ုစားလှယ်ဆိုတဲ့..ကောင်း..တော်ရင်
တော်၇င်တော်သလောက်ခံရတယ်ကွနားလယ်လား..ဿိပ်တော်သိပ်တတ်ပြီ..
ယုတ်မာရင်..ပြည်သူတွေပိုခံရတယ်..နာလည်လား..မင်းတို့ထဲမှာလူတော်တွေရှိပါတယ်..မရှိဘူးမဟုတ်ဘူး..ဒါပေမယ်ပြည်သူအတွက်တော်နေတာမ
ဟုတ်ဘူးလေ..မင်းတို့ပထွေးတွေအတွက်တော်နေတာလေ..

Anonymous said...

ဒီမိုလုပ်စားသူတောင်းစား

kyawgyi said...

ဟေ့ သူငယ် ..မင့် ဘကြီးတွေ ခိုးဖွက်လုရက်ထားတာတွေက ..တယ်လည်းကြီးမားတဲ့ အရည်အချင်းတွေပေါ့ နော် ..သစ်ထူးလွင်မှာ..မောင်မင်းဘပြီးများကြီးစိုးတဲ့ လွှတ်တော်ကသတင်းလေး ဖတ်ကြည့်ပါဦးကွယ်

kyawgyi said...

http://www.thithtoolwin.com/2012/03/blog-post_6473.html

zaw said...

သတောင်းစားတွေ ခိုးလို့ဝှက်လို့ ဘဲမတင်းတိမ်ကြသေးဘူးလား

Post a Comment


Popular Posts