'
အမိမြေ

နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများမှ ငွေကြေး အကူအညီ ရယူနိုင်မည့် အခွင့်အရေး တစ်ခု အမေရိကန် ဖြေလျှော့


နှစ်ပေါင်း ၅၀ ကြာမျှ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ရပြီး လွန်ခဲ့သောနှစ် မတ်လ က တက်လာ ခဲ့သော မြန်မာ အစိုးရ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများ အတွက် ဆုလာဘ် အဖြစ် အမေရိကန် ပြည်ထောင်စု သည် ၄င်းချမှတ် ထားခဲ့သော ဒဏ်ခတ် အရေး ယူမှုများ အနက်မှ တစ်ခု ကင်းလွတ် ခွင့်ပေး လိုက်ကြောင်း သိရသည်။ လျှော့ပေါ့ ကင်းလွတ် ခွင့်ပြုခဲ့သော အချက်မှာ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အခြားသော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ငွေကြေးအကူအညီ ရယူနိုင်ပြီဖြစ်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေအရ ထိုအဖွဲ့အစည်းများမှငွေများ မြန်မာနိုင်ငံအတွက် မသုံးစွဲနိုင်ရန် အမေရိကန်ပြည်ထောင်စုအနေဖြင့် တားမြစ်ခွင့်ရှိသည်။ ထိုကင်းလွတ်ခွင့်အား သမ္မတအိုဘားများမှ ခွင့်ပြုမိန့်ပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ယခု ကင်းလွတ်ခွင့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ သွားခဲ့သည့် သမိုင်းမှတ်တမ်းတွင် ခရီးစဉ်၏ နောက်ဆက်တွဲရလဒ်တစ်ခုဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် မြန်မာနိုင်ငံအား အကူညီပေးမှုနှင့် တွဲဖက်လုပ်ဆောင်ရေး အမေရိကန်ပြည်ထောင်စု၏ အာမခံချက် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူဖော်ပြသည် ။

0 comments:

Post a Comment


Popular Posts