'
အမိမြေ

ခေတ်သစ်တခု၏ အစ၊ အဓိပ္ပါယ်များ၏ အဆုံး


စာမြည်း
----------------
'သူများရဲ့ ထင်မြင်ချက်ပေါ် အလေးထားလွန်းရာက ဖြစ်လာတဲ့ စိတ်ဒုက္ခ' ဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ဘူး။ လောကကြီးဟာ ပြဇာတ်တစ်ခုမဟုတ်တဲ့အတွက် ခင်ဗျားဟာ ဇာတ်လိုက်တစ်ယောက် မဟုတ်သလို ကျန်တဲ့သူတွေဟာလည်း ဘာမှ မဟုတ်ကြပါဘူး။


'ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူးကွ' ဆိုတဲ့ ပိုကဲတုံ့ပြန်မှု(over reaction)မျိုး လုပ်ဖို့ ပြောနေတာ မဟုတ်ကြောင်းကိုလည်း သူတို့ကို သတိပေးလိုက်ပါ။ ကျွန်တော့် ရည်ရွယ်ချက်က မိမိရဲ့ စိတ်ကို သူတစ်ပါးတွေရဲ့ ထင်မြင်ချက်တွေက လွှမ်းမိုးကန့်သတ်ထားတာ မခံဖို့ပါ။


မိမိလုပ်တဲ့ အလုပ်ဟာ (၁) ကိုယ်တိုင် အသိစိတ်ရှိရှိ ရွေးချယ်မှုနဲ့ (၂) ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ (၃) တကယ်ကို စိတ်ပါလက်ပါ နှစ်နှစ်ခြိုက်ခြိုက် ဆောင်ရွက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။


ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ 'အတင်းအဖျင်း' တွေ များလွန်းတယ်။ ကိုယ်နဲ့လည်း ဘာမှမဆိုင်၊ ကိုယ်သေသေချချာလည်း မသိတဲ့ ကိစ္စရပ်တွေမှာ လူတွေရဲ့ အပေါစားမှတ်ချက်တွေ၊ အပေါစားကဲ့ရဲ့စကားတွေ၊ အပေါစား ချီးကျူးစကားတွေ ပြောတာ များလွန်းတယ်။


အဆိုးဆုံးက အဲဒီ့အပေါ်စား ချီးကျူးစကားတွေ ကြားရဖို့ အပေါစားကဲ့ရဲ့မှုတွေရဲ့ ဒဏ်ကို ကြံ့ကြံ့မခံနိုင်လို့ 'လူမြင်ကောင်းအောင် လုပ်ပြ' ရတာတွေ များလွန်းနေတာပါပဲ။


ကိုယ့်အတွက်ကိုယ် (ကိုယ့်စိတ်ကြိုက်ကိုယ်) လုပ်တာမဟုတ်ပဲ၊သူများအတွက် (သူများအကြိုက်) လိုက်လုပ်နေရတာလောက်လူ့တန်ဘိုးကျတာ ဘယ်ရှိလိမ့်မလဲ?


ဒေါင်းလော့ချရန်  

Ref : http://www.facebook.com/notes/min-khaike-soe-san/

0 comments:

Post a Comment


Popular Posts