'
အမိမြေ

အမျိုးသား စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ် မရှိသေး


လက်ရှိ အခြေအနေအရ အမျိုးသား စစ်မှုထမ်းဥပဒေကို ပြုလုပ်မည့် အစီအစဉ် မရှိသေးaကြာင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှမင်း က ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားခဲ့သည်။
”ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရတဲ့အခါ တပ်မတော် ကိုလည်း တည်ဆောက်လျက် ရှိပါတယ်။ တည်ဆဲ အစိုးရ အပေါ်မှာလည်း သစ္စာစောင့် သိပြီး ကာ ကွယ် စောင့်ရှောက် သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ဒသမ ၃ သန်းတွင် တပ်မတော် သားဦးရေမှာ တစ်သန်း မပြည့်မီ သေးသော်လည်း အဆိုပါ အမျိုးသား စစ်မှုထမ်းမည့် ဥပဒေနှင့် ပတ်သက် ၍မူ ၄င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် အသက် ၁၈ နှစ် မပြည့်သေးသော ကလေးငယ်များအား နည်းလမ်းမမှန် စုဆောင်းသော တပ်ဖွဲ့များရှိပါက တပ်မတော်၏ တည်ဆဲ ဥပဒေနှင့် အညီ အရေး ယူ ဆောင်ရွက်နေကြောင်းလည်း ၄င်း က ဆိုသည်။
”စုဆောင်းရေး တပ်တွေ၊ လေ့ကျင့်ရေးကျောင်းတွေ၊ ခြေလျင်ခြေမြန် လက်ရုံး ဝန်ဆောင်တပ်တွေ၊ အဲဒီ သုံးနေရာမှာ စိစစ်ပြီး ကျွန်တော်တို့ အနေနဲ့ ပြန်လည်စေ လွှတ်ပေးလျက် ရှိပါတယ်။ အဲဒီလို နည်းလမ်း မမှန်တဲ့ စုဆောင်းသူတွေကို တွေ့ရှိမယ်ဆိုရင် တည်ဆဲ ဥပဒေအရ အရေး ယူနေပါတယ်” ဟု ၄င်းက ထပ်လောင်း တင်ပြ ခဲ့သည်။
အိမ်နီးချင်းနိုင်ငံများ အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကာကွယ်ရေး ဆိုင်ရာ ကြည်း၊ ရေ၊ လေ စစ်သည်အင်အား ၂ ဒသမ ၇ သန်း၊ ၄င်းနိုင်ငံ၏ စစ်အသုံး စရိတ် မှာ ၂ဝ၁၁ ခုနှစ် ကန် ဒေါ်လာ ၉၁ ဒသမ ၇ ဘီလျံ ရှိပြီး လာအိုနိုင်ငံတွင် ကြည်း၊ ရေ၊ လေ အင်အား ၃၇၅ဝဝဦး၊ ၂ဝ၁၁ စစ် အသုံးစရိတ် ကန်ဒေါ်လာ ၇၁ သန်း၊ အိန္ဒိယ နိုင်ငံတွင် ကြည်း၊ ရေ၊ လေ စစ်သည် အင်အား ၁ ဒသမ ၂ သန်းရှိ ပြီး ၂ဝ၁၁ ခုနှစ်တွင် စစ် အသုံးစရိတ် မှာ ကန်ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလျံ၊ ထိုင်းနိုင်ငံတွင် စစ်သည် အင်အား ၃ ဒသမ ၄၅ သိန်း ရှိပြီး စစ်အသုံးစရိတ် ကန်ဒေါ်လာ ၅ ဒသမ၄ ဘီလျံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကာကွယ် ရေးအင်အား ၁ ဒသမ ၆သိန်း ရှိပြီး ၂ဝ၁၁ခုနှစ် စစ် အသုံးစရိတ်မှာ ကန်ဒေါ်လာ ၁ဒသမ ၆ဘီလျံ ရှိကြောင်း ဝန်ကြီး ကထည့်သွင်း ပြောကြားသွားသည်။

ပေါ်ပြူလာဂျာနယ်မှ ကူယူဖော်ပြသည် ။ 

3 comments:

Than said...

တပ်မတော်သည်. . . . .. . .တိုင်းပြည်အတွက်
တိုင်းပြည်သည်. . . .. . . . .တပ်မတော်အတွက်မဟုတ်
စည်းကမ်းမရှိတဲ့ .. . .. . . . စစ်တပ်ရှိနေမဲ့အစား
အဲဒီစစ်တပ်မရှိတာ. .. . . . .တိုင်းပြည်အတွက် . . . .. . .ပိုကောင်းတယ်

ဗိုလ်ချုပ်အောင်ဆန်း

Anonymous said...

လက်ရှိမြန်မာ့စစ်တပ်က တပ်ရင်းအရေအတွက်တွေကဖောင်းပွလွန်းတယ်လို့မြင်တယ်၊စစ်သားအင်အားကမရှိဘူး၊အရင်ကလူ ၅ ယောက်လောက်လုပ်ရမယ့်အလုပ်ကိုအခု လူ၁ယောက်တည်းကဒိုင်ခံလုပ်နေရတယ်။အဲ့ဒီ့တော့ လုပ်နေရတဲ့သူတွေက ကြာတော့ မခံစားနိုင်တော့ဘူး။ခြေလျင်ခြေမြန်တပ်ရင်းတွေမှ တကယ်စစ်တိုက်စားမယ့်သူ တပ်ရင်းတစ်ရင်းမှာ ၁၂၀ ပြည့်အောင်မနည်းလုပ်နေရတယ်။လူကြီးတွေလည်းသိကြတာပဲ မသိချင်ယောင်ဆောင် နေကြတာလား မသိဘူး။တကယ်လုပ်ရမှာက တပ်ရင်း(စစ်တိုက်စားမယ့်)အရေအတွက်တွေကိုလျော့ချ လူအင်အားကို ဖွဲ့စည်းပုံတွေအတိုင်း ပြည့်မှီအောင်အရင်လုပ်သင့်တယ်။ပြောရမယ်ဆိုရင် လက်ရှိမြန်မာ့တပ်မတော်မှာ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ဖို့လိုအပ်တယ်။ကြာလာတော့ တကယ်ကိုလုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့လူတွေတောင်မှ စိတ်ပျက်လာတယ်။ထွက်ခွင့်ကျတော့လဲမပေး ဟိုလိုလိုဒီလိုလို လုပ်တယ်။စစ်သားတွေ အတွက် လူ့အခွင့်အရေး ဆိုတာ ဘာလဲ။ဘယ်သူမှ ဘာမှမပြောကျ တော့ဘူးလား။စစ်တပ်ကို အရမ်းစိတ်ပျက်နေပြီဗျာ.....

စစ်သားတစ်ယောက်ရဲ့ ခံစားချက်များ....

Anonymous said...

စစ်သားလုပ်မဲ့သူခိုးဂျပိုးတွေဗမာပြည်ထဲပေါနေပါသေးတယ်

Post a Comment


Popular Posts