'
အမိမြေ

နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အလွယ်တကူ ရရှိရန် “မိုးပွင့်” စီမံချက်ဖြင့် သတ်မှတ် ၆ ကျပ် နှုန်းထား အတိုင်း ဆောင်ရွက်ပေးမည်



မြန်မာနိုင်ငံသား တိုင်းရင်းသား မိဘ နှစ်ဦးမှ မွေးဖွားလာသည့် မိသားစုဝင် တိုင်းအား နိုင်ငံသား စိစစ်ရေး ကဒ်ပြား များ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရရှိ စေရန် “မိုးပွင့်” စီမံချက်ဖြင့် သတ်မှတ် ၆ ကျပ်နှုန်းထား အတိုင်းသာ ကောက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဦးခင် ရီက ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြည်တွင်း မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
အဆိုပါ ‘မိုးပွင့်’ စီမံချက်ကို ပြီးခဲ့ သည့်လွှတ်တော် အစည်းအဝေးတွင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက နိုင်ငံသားစိစစ်ရေး ကဒ်ပြားများလွယ်ကူ အဆင်ပြေရရှိ စေရန် မည်ကဲ့သို့ ဆောင် ရွက်ရန် ရှိပါသနည်းဟု မေးခွန်းမေးမြန်း ချက်ကို ပြည်သူများ အတွက် အမှန်တ ကယ်လိုအပ်သည့် ကိစ္စ ဖြစ်ခြင်းကြောင့် အစိုးရ သစ်အဖွဲ့အပြီးရက်ပိုင်းအတွင်း အ ကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ‘မိုးပွင့်’ စီမံချက် အဆင့် တစ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ အောက်တိုဘာ ၁ ရက် နေ့အထိ လေးလ အတွင်း နိုင်ငံတော် တစ်ဝန်းလုံး၌ နိုင်ငံ သား စိစစ်ရေးကဒ်ပြား ၁,၄၃၀,၀၀၀ ကျော်ကို ထုတ်ပေး နိုင်ခဲ့ပြီး အိမ်ထောင်စုစာရင်း အပြောင်းအရွှေ့ အတိုး၊ အလျှော့ ၁,၈၀,၀၀၀ ကျော်ပြုလုပ်ပေး နိုင်ခဲ့ပြီး ယခင်ကထက် ၁၁ ဆကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီး ဦးခင်ရီကဆိုသည်။
‘‘ကျွန်တော်တို့ နိုင်ငံတော် အပိုင်းက တော့ ခက်ခဲ တာတွေကိုဖျက်သင့်တာဖျက်၊ လျှော့သင့်တာလျှော့ သတ်မှတ်နှုန်း ထား အတိုင်းပဲ ဆောင်ရွက်ပေးမယ်။ ပြီးပြည့်စုံရှာ လာပါ စေ ၆ ကျပ်ထက်ပိုရင် တိုင်ပါလို့ ကျွန်တော် ပြောထားတယ်။ ပြည်သူ့ ဘက်က ကျွန်တော်တို့ ရပ်တည်ပေးသွားမယ်။ ဘာက ပြဿနာ တက်လဲဆို တာတော့ ဒီမှတ်ပုံတင် ရဖို့ဆက် စပ်လုပ်ငန်း တွေရှိတယ်။ ထောက်ခံ ချက်တောင်းရမယ်။ မိတ္ထူတွေ ယူရမယ်။ ဒီကဒ်ပြား အတွက် ဓာတ်ပုံတွေ လိုတယ်။ သွေးစစ်ချက် တွေလို တယ်။ ဒါတွေက တော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အဲဒါတွေပြည့်စုံ သွားရင် ၆ ကျပ်နဲ့လုပ် ပေးသွားမယ်’’ဟု ပြည် ထောင်စု ၀န်ကြီး ဦးခင်ရီကဆိုသည်။
အဆိုပါ ‘မိုးပွင့်’ စီမံချက်ကို အဆင့် ၂ အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ နှစ်လကြာ ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ စီမံ ချက် အဆင့် ၂ ပြီးပါက ရုံးပိုင်ဆိုင်ရာဖိုင် တွဲခြင်းစ သည်တို့ကိုပြန်လည် ဆောင်ရွက် ပြီး စီမံချက်အဆင့် ၃၊ ၄ တို့ကို ဆက် လက်ပြီး ဘယ်တော့မှ မရပ်ဘဲဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မိုးပွင့် နာမည်မှာ ပြည်သူများအေးချမ်းသည့် နိမိတ်ကို ဆောင်သည့်အတွက် မိမိကြိုက် နှစ်သက်၍ မိမိလက်ထက်တွင် အဆိုပါ နာမည်ဖြင့် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် နိုင်ငံသား စိစစ်ရေးကဒ် ပြားများထုတ်ပေးရာတွင် ဥပဒေအရနိုင်ငံ သားဖြစ်ခွင့်ရှိသူ မည်သူ့ကိုမဆိုထုတ် ပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လူဦးရေးများပြားသည့် နိုင်ငံနှစ်ခုကြား တွင် တည်ရှိသည့်အတွက် မှတ်ပုံတင် ထုတ်ပေးရာ တွင် အမှန်တကယ် လိုအပ် ၍ စိစစ်ရခြင်း သာဖြစ်ကြောင်း၊ မှတ်ပုံ တင်ပြု လုပ်ရာတွင်လည်း ကုန်ကျမည် ဓာတ်ပုံဖိုး၊ မိတ္ထူကူးခနှင့် သွေးစစ်ခ အစ ရှိသည်တို့ကို အသက်သာ ဆုံးနှုန်းထား နှင့် ဆောင်ရွက် ပေးနိုင်ရန်အတွက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ၏ လက်အောက်ခံအဖွဲ့ အစည်းများနှင့် ညှိ နှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြော ကြားသည်။ 

ထွန်းလင်း

မြန်မာ့ပို့စ် ဂျာနယ်မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment


Popular Posts