'
အမိမြေ

အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပာယ် ( ပေးစာ ၁၂ )

``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာ စာသားလေး အတိုင်းပါပဲ၊ ဗိုလ်ချုပ် မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ရိုက်ကူး ရေးရုံးခန်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့ နှစ်ပေါင်း (၂၀)ကျော်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out  လုပ် ထားခဲ့ရာမှ ဒီကနေ့ ပြည်သူ့ အစိုးရ လက်ထက်မှာ ပြန်လည် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် ၀မ်းမြောက်ဖွယ် သတင်းလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ သားတိုင်းကလဲ အနိမ့်ဆုံးအဆင့် မြန်မာနိုင်ငံကို လာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုတာ မျိုးမြင်တွေ့လို ကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုး ဆိုတော့ အတိုင်း ထက်အလွန် သဘောကျမိပါတယ်။
အခမ်းအနားကို အစီအစဉ်(၇)ခုနဲ့ ကျင်းပရာမှာ အစီအစဉ်(၆)အရ အမေစု ရဲ့နိဂုံးချုပ် စကားဖြစ်ပါတယ်။ အမေစု ပြောတာတွေ ကောင်းပါတယ်။ အဓိက အနေနဲ့ ဒီရုပ်ရှင်ကားဟာ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်စေချင် ကြောင်း အမေစု ပြောပါတယ်။ဒါဟာလဲ အကောင်းဆုံးပါ ပဲ။ နောက်ဆက်ပြီး အမေစုပြောတာရှိပါတယ်။ ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့ အင်အား ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းကို ပြည်သူများက ဗိုလ်ချုပ်လို့ ခေါ်ရခြင်းမှာ တပ်မတော် အရာရှိ မို့လို့ မဟုတ်ဘဲ ပြည်သူကို အင်အားတွေ ပေးဖို့ ခေါ်ဆိုခြင်း ဖြစ်ကြောင်း အမေစု ပြောခဲ့ပါတယ်။ 

အမေစုရေ… ဗိုလ်ဆိုတဲ့ ဝေါဟာရဟာ တပ်မတော် အရာရှိမို့လို့ ခေါ်တာ မဟုတ်ဘူး ဆိုတာမျိုး ကျတော့ တစ်မျိုး ဖြစ်နေပါတယ်။ ``ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့ အင်အား ဖြစ်ပါတယ်``စကားက ….ကဲ -ကေအိုင်အေက ဗိုလ်ချုပ်ဂန်ရှောင်၊ ဗိုလ်ချုပ် ဂွမ်မော် ဆိုတာမျိုးတွေ ကျတော့ ပြည်သူရဲ့ အင်အား ဖြစ်နိုင်ပါ့ မလား။ သူတို့ဟာ ပြည်သူတွေ အတွက်တော့ အဖျက် လုပ်ရပ်တွေ ချည်းလုပ် နေတာတွေ့ မြင်နေရ ပါတယ်။ ထို့အတူ ပါ ပဲကေအင်န်ယူက ဗိုလ်ချုပ်ကြီး စောတာမလာဘောတို့ ကျတော့ကော..ပြည်သူတွေရဲ့ အင်အား ပဲလား။

 ဗိုလ်ချုပ်ဟာမျိုးချစ်တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာအသက်နဲ့လဲပြီးဆင်းရဲဒုက္ခ အမျိုးမျိုးခံပြီးမြန်မာ့တပ်မတော် ကြီးကို တည်ထောင်ခဲ့တာပါ။ ဗိုလ်ချုပ် ဆိုတာ တပ်မတော်က သတ်မှတ်ပေးတဲ့ရာထူး အဆင့်အတန်းပါ။ အဲဒီခေတ်အခါက ဗိုလ်ချုပ်ဆိုတာ တပ်မတော် ရဲ့အမြင့်ဆုံးရာထူးမို့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ရဲ့ ဖခင်အစစ်အမှန်ပါပဲ။ ဗိုလ်ချုပ်ဆိုတဲ့အဓိပ္ပာယ်ကိုလဲ တစ်မျိုး တစ်မည်ဖြစ်စေတဲ့အသုံးအနှုန်းမျိုးမသုံးစေချင်ပါဘူး။
   အမေစုအနေနဲ့ နိုင်ငံခြားမှာပညာသင်၊ နိုင်ငံခြားမှာ နေ၊နိုင်ငံခြားသားနဲ့အိမ်ထောင်ကျပြီးဗမာပြည်မှာနေတဲ့နှစ်ကလဲနည်းနေသေးတော့ တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ကိုပေးဆပ်ထားပြီး စွန့်လွှတ် အနစ်နာခံမှု၊ပင်ပန်းဆင်းရဲမှု ဘ၀တွေကို အမေစု မသိသေးဖူးနဲ့တူပါတယ်။ ဗိုလ်ဆိုတာ တပ်မတော်အရာရှိများရဲ့ပြန်တမ်းဝင် ရာထူးဖြစ်ပါတယ်။ ဒါဟာလဲ ဒီခေတ်မှသတ်မှတ်တဲ့ရာထူး မဟုတ်ပါဘူး။ တပ်မတော်ကြီး စတင်ပေါ်လာကထဲက တပ်မတော် ခေါင်းဆောင်အဖြစ် ရည်ညွှန်းသတ်မှတ် ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ပိုပြီးကြီးကြီးကျယ်ကျယ် ပြောရရင်တော့ မြန်မာဘုရင်တွေ လက်ထက်ကထဲက ရှိခဲ့တဲ့ ရာထူး ဖြစ်ပါတယ်ဆိုတဲ့အကြောင်း အမေစုသိစေချင်တာပါ။ 

1 comments:

kyawgyi said...

ကောင်လေး ..မနေ့ တနေ့ ကမှ လူဖြစ်လာတာနဲ့ တူတယ် ...တနိုင်ငံလုံးက ပြည်သူတွေက ....ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညို ချစ်ခင်တဲ့  အတွက် အတိုကောက် ဗိုလ်ချုပ်လို့ ဘဲခေါ်တာ ..မင့်  ဘကြီး၊ဘဒွေး ၊ ကြီးတော် တွေကို မေးကြည့် ပေါ့ကွယ် ၊ သို့ ကလိုဆိုပေမဲ့  ...ဗိုလ်ချုပ်ဆိုတိုင်း မင်းရဲ့  အဘ လို့ ခေါ်ရတဲ့  လူတွေတော့  ပြည်သူတွေက အဲဒီလို ခေါ်သံ မကြားဖူးဘူးကွယ် ၊ မတူတာကို ဆွဲမထည့် စမ်းပါနဲ့  ၊လူကလေးရယ်..ဗဟုသုတနည်းရင် ( ဒါမှမဟုတ် ) အမြင်တွေလွဲနေရင် အမှားတွေဘဲမြင်တတ်တယ်

Post a Comment


Popular Posts