'
အမိမြေ

ကမ္ဘာ့ပြဿနာ တရပ်ဖြစ်လာသည့် ဆီးရီးယားအရေး



 

လွန်ခဲ့သည့်နှစ်မတ်လမှစ တင်ခဲ့သည့် ဆီးရီးယားပြည်တွင်း ဆူပူအုံကြွမှုများမျာ ယနေ့တိုင် အဆုံးမသတ်နိုင်ပဲ အခြေအနေ များတစ်စတစ်စဆိုးရွားလာလျက် ရှိသည်။ ဆီးရီးယားအစိုးရက လည်း ဆူပူဆန္ဒပြသူများအား အင်အားသုံးဖြိုခွဲလျက်ရှိရာ ဆူပူ ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ၁၀ လ တာ ကာလအတွင်း သေဆုံးသူ ၆,၀၀၀နီးပါးရှိသွားပြီဟု ကမ္ဘာ့ ကု လသမဂ္ဂအပါအ၀င် လူ့အခွင့်အ ရေးဆိုင်ရာအဖွဲ့အစည်းများက ထောက်ပြထားသည်။ ထို့အပြင် ဆီးရီးယားအစိုးရသစ္စာခံတပ်များ သည် ယခုနှစ်ဇန်န၀ါရီလ ၂၅ ရက်မှစ၍ဟုမ်းမြို့ (Homs)တွင် ဗုံးကြဲတိုက်ခိုက် မှုများရှိရာ ဇန်န ၀ါရီလ ၂၇ ရက်တစ်နေ့တည်းမှာ ပင်သေဆုံးသူ၄၅ဦးထိရှိခဲ့ကြောင်း၊ ဆီးရီးယားအစိုးရသစ္စာခံတပ်ဖွဲ့ များသည် ဆူပူအုံကြွလှုပ်ရှားသူ များအား လက်နက်ကြီး၊ လက် နက်ငယ်များအသုံးပြုပြီး နှိမ်နှင်း ဖြိုခွဲနေသဖြင့် ဖေဖော်ဝါရီလအ တွင်း ကလေးလူကြီး လူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့အပြင်ဆီးရီးယားအစိုးရ သည် သတင်းရယူမှုများကို ကန့် သတ်ထားပြီးသတင်းထောက်များ အနေဖြင့် မိမိသွားလိုသည့်နေရာ ကို သတင်းပို့ပြီး လုံခြုံရေးအရ အ စောင့်အရှောက်ဖြင့် သွားနေရ သည်ဟုလည်း ဗန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။ အစိုးရတပ်ဖွဲ့များ၏ နေ့ စဉ်ရက်ဆက်အင်အားသုံးဖြိုခွဲနေ  မှုကြောင့် သေဆုံးသူအရေအ တွက် မြင့်တက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆီးရီးယား သမ္မတဘာ ရှားအပါအ၀င် အယ်လ်အာဆက် အစိုးရပြုတ်ကျရေးအနောက်အုပ်စု များက ဖိအားပေးပြောဆိုလျက်ရှိ ပြီး ပြင်းထန်သည့် စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန်အပါအ၀င်အနောက် နိုင်ငံများက ကုလသမဂ္ဂတွင် အဆိုတင်သွင်းလျက်ရှိသည်။

ဆီးရီးယား အစိုးရအား အနောက်နိုင်ငံများနှင့် တက်ကြွ လှုပ်ရှားသူများက သမ်္မတအာဆတ် နှုတ်ထွက်ပေးရေးတောင်းဆိုလျက် ရှိသော်လည်း အီရန်နိုင်ငံသည် ဆီးရီးယားနှင့် လက်ပွန်းတတီးရှိ နေပြီး ဆီးရီးယားအစိုးရအား ငွေ ရေး၊ ကြေးရေးအပါအ၀င်၊ ဆီးရီး ယားအားကန့်သတ်ချုပ်ချယ် အရေးယူပိတ်ဆို့ထားမှုများကို နောက်ကွယ်မှ ပံ့ပိုးလျက်ရှိသည် ဟုသိရသည်။ ထိုသို့ပံ့ပိုးလျက်ရှိ ကြောင်း ဆီးရီးယားနိုင်ငံ၏သ တင်းကွန်ယက်များကို ဟက်ကာ များက ကြားဖြတ်ခိုးယူမှုများ ကြောင့်သိရသည်။ ဆီးရီးယား သမ္မတရုံးတွင် အမှုထမ်းနေကြ သည့် ၀န်ထမ်း ၇၈ ဦးတို့ကိုင် တွယ်လုပ်ကိုင်နေကြသောကွန် ပျူတာများကို ဟက်ကာများက ၀င်ရောက်နှောင့်ယှက်ပြီး ၎င်းတို့ အသုံးပြုနေသည့် အင်တာနက်၊ အီးမေးလ်များကို ထိုးဖောက်ဝင် ရောက်ကြည့်ရှုနိုင်ခဲ့ကြရာ အီရန် အစိုးရသည် ဆီးရီးယားအစိုးရ အား ဒေါ်လာ ၁ ဘီလီယံထိ ပံ့ ပိုးခဲ့ပြီး၊ စီးပွားရေးပိတ်ဆို့မှု၊ လေ ကြောင်းလိုင်းကန့်သတ်ထားမှုများ ကိုလည်းအီရန်အစိုးရကမသိကျိုး ကျွံလုပ်ကာ ပုံမှန်ဆက်ဆံခဲ့သည် ကို တွေ့ရှိရသည်ဟု အမည်မ ဖော်လိုသူ ဟက်ကာတစ်ဦးကဆို သည်။  ဆီးရီးယား၏ဆိုက်ဘာ စနစ်များအား ထိုးဖောက်ဝင် ရောက်ရာတွင် သမ္မတရုံးဝန်ကြီး ဌာန၀န်ကြီး မန်ဆိုအေဇမ် (Mansour Azzum)၏အီးမေးလ် များကိုလည်း ၀င်ရောက်ပြီး ဆီး ရီးယား- အီရန်ဆက်ဆံရေးများ ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အမည်မဖော်လိုသူ ဟက်ကာတစ် ဦးက အထောက်အထားစာရွက် စာတမ်းများ ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရွက်စာတမ်းများတွင် လွန်ခဲ့သောနှစ်လခန့်က အီရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဆီးရီးယားသို့ လာရောက်ပြီး ဆီး ရီးယားအစိုးရနှင့်ဆွေးနွေးခဲ့သည့် အသေးစိတ်အချက်အလက်များ ပင်ပါဝင်သည်ဟု သိရသည်။ ထို့ ကြောင့် အီရန်သည် ဆီးရီးယား အား ကြောထောက်နောက်ခံပြု လျက်ရှိသည်။

ဆီးရီးယား၏ ယခုရက်ပိုင်း အတွင်း ဆူပူအကြမ်းဖက်သမား များအား အင်အားသုံး ဖြိုခွဲနေမှု များကို ကန့်ကွက်သောအားဖြင့် ဥရောပသမဂ္ဂမှ ဆီးရီးယားအစိုးရ အား ပြင်းထန်သည့်ဒဏ်ခတ်ပိတ် ဆို့မှုအချို့ပြုလုပ်မည်ဟု ဖေဖော် ၀ါရီလ(၇)ရက်နေ့က ပြောကြား လိုက်သည်။ ထိုသို့ပြောကြားပြီး နောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) သည်ဆီးရီးယားအစိုးရ နှင့်တွေ့ဆုံပြီး အစိုးရ၏ အင်အား သုံးဖြိုခွဲနေမှုများ ရပ်တန့်ရေးဆွေး နွေးသွားမည်ဟု ပြောကြားသည်။ လောလောဆယ်တွင် ဆီးရီးယား အတိုက်အခံခေါင်းဆောင်က အာဆတ်အစိုးရဆင်းပေးရေးအဆို ကို ရုရှားကလက်မခံဘဲ၊ ရုရှားနိုင် ငံအနေဖြင့် အနောက်အုပ်စုနိုင်ငံ များနှင့်ညှိနှိုင်းဆွေးနွေးပြီးဆီးရီး ယားတွင်ဖြစ်နေသည့် ပြည်တွင်း မငြိမ်မသက်မှုများအဆုံးသတ်ရေး နည်းလမ်းများရှာဖွေသွားမည်ဟု ဆိုသည်။ ဆီးရီးယားသည် ဆန္ဒ ပြသမားများအား လက်ရဲဇက်ရဲ နှိမ်နင်းနေပြီး ပြည်တွင်းအခြေ အနေများတစ်နေ့တစ်ခြားဆိုးရွား လာသည်ဆိုကာ ဆီးရီးယားရှိ အီးယူ ၅ နိုင်ငံ၊ အမေရိကန်ပြည် ထောင်စုနှင့်ပင်လယ်ကွေ့ဒေသ နိုင်ငံမှ သံရုံးများကို ပိတ်ထား လိုက်ပြီဟုသိရသည်။

ဆီးရီးယားတွင်တစ်နေ့တစ် ခြား အခြေအနေများဆိုးဝါးလာ နေပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ က ပြုလုပ်ခဲ့သည့် ကုလသမဂ်္ဂ လုံခြုံရေးကောင်စီအရေးပေါ်အစည်း အဝေးတွင် ဆီးရီးယားအားပြင်း ထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အဆိုတစ်ရပ်တင်သွင်း ခဲ့သည်။ ထိုအဆိုတင်သွင်းမှုကို ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင် ရု ရှားနှင့်တရုတ်နိုင်ငံများက ဗီတို အာဏာဖြင့် ပယ်ချခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အ မေရိကန်အပါအ၀င် ဥရောပနိုင်ငံ များက တရုတ်နှင့်ရုရှားနိုင်ငံတို့ အားပြင်းထန်စွာပြစ်တင်ရှုတ်ချပြီး ဆီးရီးယားပြည်သူများသေဆုံးရ ခြင်းမှာ ရုရှားနှင့်တရုတ်တွင်တာ ၀န်မကင်းဟုပြောကြားကာအမေရိကန်ကိုယ်စားလှယ်က အစည်း အဝေးမှ စိတ်ဆိုး မာန်ဆိုးထွက် ခွာသွားသည်။ ထို့အပြင်ဥရောပ နိုင်ငံများရှိ ဆီးရီးယားဆိုင်ရာ သံ အမတ်များကို တိုင်းပြည်က နှင် ထုတ်ရန်ဖိအားပေးပြောဆိုနေကြ ပြီး ဆီးရီးယားရှိ ဗြိတိန်၊ အမေရိ ကန်ဆိုင်ရာ သံအမတ်များနှင့် သံ ရုံးဝန်ထမ်းများကိုလည်း နိုင်ငံရင်း သို့ပြန်ခေါ်ထားပြီဖြစ်သည်။ ထို့ အပြင် ဥရောပ ၅ နိုင်ငံနှင့်ပင် လယ်ကွေ့ဒေသ ၆ နိုင်ငံမှသံရုံး များကိုလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပိတ်ထားလိုက်ပြီဟု သိရသည်။
တရုတ်နိုင်ငံက လုံခြုံရေး ကောင်စီ၏ ဆီးရီးယားအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ဗြောင်ကျကျငြင်းပယ်လိုက်ခြင်းမှာ လုံခြုံရေးကောင်စီအား မခန့်လေး စားလုပ်ရာရောက်ပြီး၊ ပြည်တွင်း ဆူပူမှုများကိုသက်ဆိုးရှည်အောင် လုပ်နေခြင်းဖြစ်သည်ဟု ဥရောပ နိုင်ငံများကထောက်ပြသည်။ ထို့ အပြင် တရုတ်နိုင်ငံသည် ကုလ သမဂ္ဂမှပိတ်ပင်တားမြစ်ထားသည့် လက်နက်တင်ပို့မှုမပြုရေးဆုံးဖြတ် ချက်ကို လိုက်နာမှုမရှိဘဲ တရုတ် နိုင်ငံလုပ် လက်နက်ငယ်များကို ဆူဒန်၊ ဆိုမာလီယာနှင့် အီရီထရီး ယားနိုင်ငံများကိုတင်ပို့နေကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံများ ကပြောကြားလျက်ရှိသည်။

သို့ဖြစ်၍အရှေ့အလယ်ပိုင်း ဒေသ ဆီးရီးယားပြည်တွင်းရေး မှာကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်လာ ပြီး ရုရှား၊ တရုတ်၊ အီရန်၊ အမေ ရိကန်နှင့် အီးယူနိုင်ငံများပါ အလေးထားလာရသည့်ပြဿနာ  တစ်ရပ်ဖြစ်လျက်ရှိသည်။

ကျော်စိန်

Hot News ဂျာနယ်မှ ကူးယူဖော်ပြသည် ။  

0 comments:

Post a Comment


Popular Posts