'
အမိမြေ

ABSDF ခေါင်းဆောင်ဟောင်းများ ပြည်တော်ပြန်လာခွင့်ရရှိ


အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ယုံကြည်သဖြင့် မြန်မာနိုင်ငံနှင့် နှစ် ၂၀ ကျော် ကွာဝေးခဲ့သော လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကို ရပ်တည်ခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းများသည် ဖေဖော်ဝါရီ ၁၀ ရက်က မြန်မာနိုင်ငံသို့ ပြည်တော်ပြန်လာကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရုံးစိုက်ထားသည့် ဗဟုဖွံ့ဖြိုးရေးအဖွဲ့တွင် အဆင့်မြင့်တာ ၀န်ယူထားသူများဖြစ်သည့် ဦးအောင်နိုင်ဦး၊ ဦးအောင်သူငြိမ်းတို့သည် ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းသားအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်တွင် ၂၀၀၀ ပြည့်နှစ်အထိ ဗဟိုကော်မတီဝင်များအဖြစ် တာဝန်ယူခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်သည် ယခုအချိန်တွင် ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့သဖြင့် စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်သူငြိမ်းက ပြောကြားသည်။ မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက်ကာ လုပ်ဆောင်သင့်သည့် အခြေအနေတစ်ခုဖြစ်နေကြောင်း ဦးအောင်နိုင်ဦးနှင့် ဦးအောင်သူငြိမ်းတို့က တညီတညွတ်တည်း ပြောကြားသည်။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့သည် အစိုးရမှ ခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံသို့ ပြောင်းလဲအခြေစိုက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူဖော်ပြသည် ။
 

0 comments:

Post a Comment


Popular Posts