'
အမိမြေ

အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုသစ် အမေရိက ထပ်မံချမှတ်



နျူကလီးယား ခြိမ်းခြောက်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ သယ်ယူပို့ဆောင်ရာ အဓိကနေရာတစ်ခု ဖြစ်သော ဟော်မုဒ် ရေလက်ကြားကို ပိတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော အီရန်ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု အသစ်များ ထပ်မံချမှတ်ခဲ့ကြောင်း  Aljazeera သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်က အီရန်အပေါ် ယခု အသစ်ထပ်မံ ချမှတ်လိုက်သည့် ပိတ်ဆို့ အရေးယူမှုအရ အမေရိကရှိ စီးပွားရေး ကုမ္ပဏီများသည် အီရန်အစိုးရ၊ အီရန်ဗဟိုဘဏ်နှင့် အီရန်ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ အားလုံးပိုင်ဆိုင်သော ပစ္စည်းများကို ထိန်းသိမ်းထားရမည် ဖြစ်သည်။

အီရန်အပေါ် ယခုချမှတ်လိုက်သော ပိတ်ဆို့အရေးယူမှုအသစ်မှာ ယမန်နှစ်က အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် သဘောတူညီမှု ရရှိခဲ့သော ဥပဒေ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခု အမေရိကန်သမ္မတ အိုဘားမားက အတည်ပြု လက်မှတ်ရေးထိုး လိုက်ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရက အီရန်အပေါ် ယခု အသစ်ချမှတ်လိုက်သော ပိတ်ဆို့ အရေးယူမှုကြောင့် အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းကို စွန့်လွှတ်စေရန်နှင့် အီရန်ကို အစ္စရေးမှ စစ်ရေးတိုက်ခိုက်မှုများ မပြုလုပ်ရန် အမေရိက,က စည်းရုံး သိမ်းသွင်းစေနိုင်မည် ဖြစ်သည်။ အီရန်ကို အစ္စရေးကသာ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးများ တောက်လောင်သွားပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ဆိုးဝါးသွားစေနိုင်မည် ဖြစ်သည်။

အစ္စရေးအနေဖြင့် အီရန်ကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ရန် ဆုံးဖြတ်ချက် မချရသေးဟု မိမိယုံကြည်ကြောင်း၊ သံတမန်ရေး နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်ဟု ယုံကြည်ဆဲပင် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

0 comments:

Post a Comment


Popular Posts