'
အမိမြေ

KIA ၏ ဆိုးရွားလာသော စစ်သားစုဆောင်းရေး

ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ လွန်ခဲ့သော စနေနေ့က မိန်းကလေးအများစု ပါဝင်သော တာလောကြီးရွာသား ၂၀ ကို စစ်သား စုဆောင်းရေးအတွက် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း  ဒေသခံများက ပြောသည်။


“လယ်နားက မုန်ညှင်းခင်း သွားတုန်း ဖမ်းခေါ်သွားတာလေ၊ တစ်ချို့ကိုယ်ဝန်ဆောင်တွေ ပါတယ် ကော” 
ဟု အဆိုပါရွာသားတစ်ဦး က ပြောသည်။

KIA နှင့်  မြန်မာ့တပ်မတော်တို့  စစ်ပွဲစတင်သည်မှ စ၍ တာလောကြီးကျေးရွာ  အပါအ၀င် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ရွာများတွင် KIA ၏ စစ်သားစုဆောင်းမူများ ကြောင့်  ထွက်ပြေး တိမ်းရှောင်နေခဲ့ရသည် ဟု ဒေသခံများက ပြောကြားလာပါသည်။



တာလောကြီးကျေးရွာသည် ရှမ်းအများစုနေထိုင်သော တိုက်နယ်ကျေးရွာကြီးဖြစ်ပြီး စစ်ပွဲစတင်သည်မှ  ယနေ့အထိ KIA စစ်သားစုဆောင်းမူကြောင့် KIA လက်ထဲ ပါသွားသူ ရွာသူ ရွာသား တစ်ရာ့ခြောက်ဆယ်ခန့် ရှိသွားပြီ ဟု ဒေသခံတစ်ဦး က ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စုများမှာ ပြည်နယ်တွင်းရှိ ရှမ်း နှင့် အခြားလူမျိုးများ၏ သုံးပုံတစ်ပုံခန့်သာရှိသည် ဟု ကချင်ပြည်နယ် လူမျိုးစုအရေး စောင့်ကြည့် လေ့လာသူတစ်ဦးက ဆိုသည်။

ကချင်လူမျိုး အများစုမှာ KIA နှင့် မကင်းသော်လည်း ရှမ်း နှင့် အခြားတိုင်းရင်းသားများမှာ KIA စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြ ဟု ဆိုသည်။

“ နိုင်င်ငံရေး လုပ်တာဆိုရင် ပြည်သူလူထုကို မထိရဘူး၊ ပြည်သူလူထုကို ထိရင်၊ နိုင်ငံရေးသမား မဟုတ်ဘူး။  အလိုမတူဘဲ စစ်သားစုဆောင်းတာလည်း လူ့အခွင့်အရေး ချိုးဖောက်တာဘဲ”
 ဟု ဒေသခံ နိုင်ငံရးသမားတစ်ဦး က ပြောသည်။

KIA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့တို့သည် ၂၀၀၁၂ခု၊ ဇန်န၀ါရီလ ၁၉ နှင့် ၂၀ ရက်နေ့၌ တရုတ်ပြည်၊ ရွေှ့လီမြို့တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ပြီး မကြာမီ  ရက်ပိုင်းအတွင်း၌ ထပ်မံဆွေးနွေးမည် ဟု သတင်းရရှိကြောင်း ဗဟိုအစိုးရ နှင့် နီးစပ်သူများ က ပြောသည်။

လွန်ခဲ့သော ငြိမ်းချမ်းရေးကာလများတွင်လည်း KIA မှ နှစ်စဉ် စစ်သားစုဆောင်းမူများ ပြုလုပ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ နယ်မြေအတွင်းရှိ ကပ်ဒွပ်ရွှေမှော်တွင် ဒီဇင်ဘာ နှင့် ဇန်န၀ါရီလအတွင်း စစ်သား စုဆောင်းမူများ  ပြုလုပ်ခဲ့ပြီး  ခေါထဘွမ်ခန်းမ၌ ပြုလုပ်သော ရှမ်းနှစ်သစ်ကူး ညတစ်ညအတွင်းမှာပင် လူပေါင်းခုနှစ်ဆယ်ခန့် စုဆောင်းရေးဆွဲခံရသည်။ ထိုအထဲတွင် အမျိုးသမီး ၃၀ ခန့်ပါဝင်သည် ကို ကိုယ်တိုင်ကြုံတွေ့မူ အရသိခဲ့ရသည်။ ထို ကိစ္စနှင့် ပတ်သက်၍
"'ဒါ လူမျိုးရေးအရ စော်ကားမှု တစ်ခုပဲ"
ဟု ယူဆမိကြောင်း ရှမ်းနီလူမျိုးဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့သော စစ်သားစုဆောင်းမူများကြောင့် လူမျိုးရေး ပြဿနာများဖြစ်ပွားလာနိုင်သည် ဟု ဒေသခံ လူမျိုးရေးခေါင်းဆောင်တစ်ဦး က သုံးသပ် ပြောကြားသည်။ တာလောကြီးကျေးရွာတွင် လွန်ခဲ့သော နှစ်ဟောင်းပိုင်းက ခလရ (၅၈) တပ်ရင်း တပ်စွဲထားသော်လည်း ရွာသားများမှာ ယာခင်း အသွားအပြန် လမ်းပိုင်း၌ KIA ၏ စစ်သားစုဆောင်းခြင်းကို ခံရခြင်းဖြစ်သည် ဟု ဒေသခံများ က ဆိုသည်။

ယခု စစ်ပွဲများ အတွင်း နိုဝင်ဘာ ၃၀ ရက်နေ့၌ တာလောကြီး ဘုန်းတော်ကြီးကျောင်းအနီး ဖြစ်ပွားသည့် KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲကြောင့် ရွာသူတစ်ဦး သေးဆုံးခဲ့ပြီး၊ လူ ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။



လက်နက်ကြီးထိမှန်၍ အနည်းငယ်ပျက်စီးသွားသော တာလောကြီး ဘုန်းကြီးကျောင်း

ကချင်လူမျိုးအားလုံး နီးပါမှာ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြသူများဖြစ်ပြီး၊ ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီ၊ ဗမာ၊ ဂေါ်ရခါး နှင့် အခြား လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အစ္စလာမ် ဘာသာကို ကိုးကွယ် ယုံကြည်သူ အချို့လည်း ရှိသည်။
 

0 comments:

Post a Comment


Popular Posts