'
အမိမြေ

မြန်မာတို့ ခေတ်မီကြရတော့မည်

၂၀၁၂ နှစ်ဆန်းသို့ ရောက်သည်နှင့် မြန်မာပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အလျင်အမြန် ဆောင်ရွက်လိုက်သော မြန်မာ အစိုးရ၏ နိုင်ငံရေး စေတနာ (Political Will) ကို အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုက ကောင်းချီးသြဘာပေးခြင်းဖြင့် ကြိုဆိုလိုက်သည်။ မြန်မာသည် ကမ္ဘာသို့ နောက်ထပ် တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သည်။ ထိုတံခါးချပ်သည် ၂၃ နှစ်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြိုကွဲမှုကြီးကို ဖယ်ရှားလိုက်သည့် လုပ်ဆောင်ချက် ဖြစ်ခြင်းကြောင့် မြန်မာအပေါ် ပိတ်ထားသည့် အလားတူ တံခါးချပ်များကို ကမ္ဘာ့ အင်အားကြီး နိုင်ငံများကလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းမှာ နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးသည့်အခါ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို ပြန်လည် ဖယ်ရှားပေးသွားမည် ဆိုသည့် တုံ့ပြန် ဆောင်ရွက်ချက်များ ဖြစ်သည်။ ဥရောပသမဂ္ဂသည် မြန်မာအစိုးရ ခေါင်းဆောင်များအပေါ် ကန့်သတ်ထားမှုများကို ဖယ်ရှားပေးလိုက်သည်။ အမေရိကန်ပြည်ထောင်စုကလည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးဖို့ လေသံပစ်နေကြသည်။

ကွန်ဂရက် ခေါင်းဆောင် အချို့သည် ဘားမားအစား မြန်မာဟုပင် ပြောင်းလဲခေါ်ဝေါ်ချင်လာကြသည်။ မြန်မာသမ္မတကလည်း လက်ရှိ အခြေအနေများမှ နောက်ပြန်မပြန်သွားကြောင်း ကတိပေးနေပြီး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ လာမည့် နွေရာသီသည် မျှော်လင့်ထားသော ကြီးမားသည့် အပြောင်းအလဲကြီးများ ပေါ်ပေါက်လာဖို့ အချက်အလက်များကို မြင်တွေ့နေရသည်။ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲသည် အများက လက်ခံသော သန့်ရှင်းမျှတမှုရှိကြောင်း သက်သေပြနိုင်သည်နှင့် ယခုထက် ထူးခြားသည့် အခြေအနေကောင်းများ ပေါ်ပေါက်လာတော့မည် ဆိုသည်ကိုမူ မည်သူမျှ သံသယမရှိကြ။ ထိုပြည်တွင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကြီးမားသော နိုင်ငံတကာဆိုင်ရာ အနေအထားတစ်ရပ်ကိုလည်း ထူထောင်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ ကျွဲကူးရေပါ ကိစ္စရပ်များ ဆက်တိုက် ပေါ်ပေါက်လာတော့မည်။ ထိုအချက်များမှာ မျှော်လင့်ချက် အတုများ မဟုတ်ပါ။ အမေရိကန် ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာခရီးစဉ်များ ဆက်တိုက် ပေါ်ပေါက်ပြီးနောက် အမေရိကား၏ အာရှ-ပစိဖိတ် ရာစုနှစ်ဆိုင်ရာ မျှော်မှန်းချက်တွင် မြန်မာသည် အရေးပါသော အနေအထားသို့ ရောက်လာသည်။ (အမေရိကားဟာ ပစိဖိတ်ရဲ့ ပါဝါဖြစ်တယ်။ မြန်မာပြည်ရဲ့ စတင်မှု အသစ်တွေဟာ မျှော်လင့်ချက် အသစ်ကို ထွန်းညှိပေးလိုက်တာ ဖြစ်တယ်) ဟု အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား၏ ဇန်နဝါရီ ၂၄ ရက်နေ့ နိုင်ငံတော် အခြေပြ မိန့်ခွန်း ၂၀၁၂ ၌ ထည့်သွင်း ပြောဆိုချက်သည် အံ့သြဖွယ်ရာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် နောက်ထပ် ခွန်အားတစ်ခု တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

ဆိုရသော် အန်ကယ်လ်ဆမ်တစ်ယောက် အာရှ-ပစိဖိတ်သို့ ပြန်လာပါပြီဟု ကြွေးကြော်လိုက်ခြင်း၏ နောက်ကွယ်မှ မဟာဗျူဟာမြောက် အိပ်မက်အရ မဟာဗျူဟာမြောက် လမ်းဆုံကြီးပေါ် ခွထိုင်မိသား ဖြစ်နေသော မြန်မာပြည်သည် ဝါရှင်တန်၏ ပစိဖိတ်ရာစုနှစ်အတွက် မျှော်လင့်ချက်တစ်ခုဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ထိုအချက်သည် အင်မတန် အရေးပါသည်။ ပစိဖိတ်ဒေသတွင် အမေရိကန်တို့ စိုးမိုးထားမှုကို အင်အားဖြည့်တင်းမည့် အစီအစဉ်၌ မြန်မာသည် အဘယ့်ကြောင့် အရေးပါသနည်းဆိုသည့် မေးခွန်းကို မြန်မာတို့ကိုယ်တိုင် စေ့စေ့ငုငု နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ပထမအချက်မှာ အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် လမ်းဆုံကြီးပေါ်ရှိ မြန်မာသည် ပထဝီနိုင်ငံရေး၏ လှည့်စားမှုကို ပက်ပင်း ရင်ဆိုင်လိုက်ရချိန် ထိုအနေအထားသစ်သည် အန်ကယ်လ်ဆမ်အတွက် ပစိဖိတ် စိုးမိုးရေး မဟာဗျူဟာအတွင်း ဒုတ်ဒုတ်ထိ ရောက်နေပြီဆိုသော အချက် ဖြစ်သည်။ ဒုတိယ အချက်မှာ မြန်မာသည် ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်ကို ဆက်သွယ်ပေးမည့် Gateway ကြီး ဖြစ်လာခြင်းပင် ဖြစ်သည်။ ပထမအချက်နှင့် ဒုတိယအချက်တို့အရ မြန်မာသည် အင်အားကြီး နှစ်နိုင်ငံကြားက တံတားကြီး ဖြစ်သလို ပင်လယ်ကြီး နှစ်ခုကို ဆက်သွယ်မည့် ဆိပ်ကမ်းကြီးတစ်ခု ဖြစ်နေခြင်းကြောင့် ဝါရှင်တန်သည် မြန်မာကို မရှိမဖြစ် ချစ်တင်းနှောလိုခြင်း ဖြစ်သည်။

အတိုချုပ်ဆိုရသော် ပစိဖိတ်ဒေသကို လွှမ်းမိုးထားနိုင်ရေး အိပ်မက်အတွက် အာရှ၏ အနေအထားသစ်ကို ပိုင်ဆိုင်ထားသည့် မြန်မာ၏ အနာဂတ်သည် အမေရိကန်ပြည်ထောင်စု၏ အနာဂတ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ မြန်မာသည် အမေရိကန်ပြည်ထောင်စုနှင့် လက်ချင်းချိတ်ထားဖို့ မရှိမဖြစ် လိုအပ်ပါသည်။ အကြောင်းမှာ ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းသစ်ကြောင့် အကျိုးစီးပွားများ ခြေချင်းလိမ်လာချိန်တွင် အစစအရာရာ ပြန်လည် နာလန်ထူရန် ကြိုးပမ်းနေရသော မြန်မာသည် အန်ကယ်လ်ဆမ်နှင့်အတူ Dinner တည်ခင်းရန် အရေးကြီးပါသည်။ ထိုအရာသည်လည်း မြန်မာ့အမျိုးသား အကျိုးစီးပွား တစ်ခုပင် ဖြစ်သည်။ မကြာမီ နွေဦးရောက်တော့မည်။ လစ်ဘရယ် ဒီမိုကရေစီ အခင်းအကျင်းသစ် တစ်ခုကို စတင်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ နိုင်ငံသားတိုင်း တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ နိုင်ငံတော်သစ်တစ်ခု ပီပီပြင်ပြင် တည်ဆောက်ရေးတို့အတွက် လူတိုင်း အလုပ်လုပ်ကြရမည့်ခေတ် ဖြစ်သည်။ ပျင်းရိလေးတွဲ့ဖွယ်ရာ ဖိနှိပ်အုပ်ချုပ်သည့်ခေတ် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း နိုင်ငံသားတိုင်း သက်သေပြဖို့ရာ အချိန်ကောင်းကြီး ဖြစ်သည်။ ထိုအချိန်သည် ဂလိုဘယ်လမ်းကြောင်းကြီးပေါ် တိုင်းပြည်ကို ဆွဲမတင်ရမည့်အချိန် ဖြစ်သည်။ ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးများ ပြည့်ဝမှု ရှိရေးသည် ခေတ်မီရေး ဖြစ်သည်။ မြန်မာတို့ မကြာခင် ခေတ်မီကြရတော့မည်။
နေသန်မောင်


မြန်မာတို့ သည် အဘယ်ကြောင့်အရေးပါသည်ကိုသိရှိပြီး
မြန်မာနိုင်ငံလက်ရှိအစိုးရနှင့်သမ္မတကြီးတို့ ၏စွမ်းဆောင်ချက်များကိုတွေ့ မြင်ခြင်းနှင့်
အတူပေါ်ပေါက်လာခဲ့သော အခွင့်အရေးများဖြစ်ကြောင်းလေ့လာတွေ့ ရှိရပါသည်
ထို့ ကြောင့်ရွေးကောက်ပွဲတွင်တိုင်းသူပြည်သားအားလုံးအနာဂါတ်သည်အမေရိကန်၏
အနာဂါတ်မဖြစ်စေမူကိုတော့သတိထားသွားကြဖို့ ရည်ညွန်းရေးသားခြင်ပါတယ်
အမေရိကန်ရဲ့နောက်ခံရှိနေပီးမြန်မာနိုင်ငံပေါ်ကြိုးကိုင်လှုပ်ရှားသွားနိုင်မူတွေကိုလည်း
သတိထားပြီးမြန်မာရဲ့အာဇာနည်ဘွားများတကယ်လုပ်ဆောင်ပေးနေသူများကို
ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်တွင်မှန်ကန်သော်ဆုံးဖြတ်ချက်ချနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
လေးစားစွာဖြင့်ကနောင်စစ်သည်

1 comments:

Anonymous said...

fuck you admin
fuck you than shwe and your family
fuck you kyaw san

Post a Comment


Popular Posts