'
အမိမြေ

အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling စနစ် စတင်ဖွင့်လှစ်

1946 voipmyammar_Ytalk_calling

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီိလီမိတက်တို့ ပူးပေါင်း အကောင်အထည်ဖော် ဝန်ဆောင်မှုပေးသည့် အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling စနစ် ဖွင့်ပွဲအခမ်းအနားကို  (၇.၂.၂၀၁၂) မနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ် Myanmar Info-Tech (MICT Park) ဝင်းအတွင်းရှိ Conference Hall တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
Ytalk Calling စနစ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသော ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ PAC ဆိုင်များ၊ မီဒီယာများနှင့် အခြား ဖိတ်ကြားထားသော လုပ်ငန်းရှင်များ တတ်ရောက်ခဲ့ကြသည်။
“Ytalk Calling စနစ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မည်သည့်ဖုန်း အမျိုးအစားကိုမဆို ချိတ်ဆက် ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ Ytalk Calling စနစ်ကို စတင် အသုံးပြုမယ့် သူတွေအနေနဲ့ Soft Phone နံပါတ် (ID) တစ်ခု လိုအပ်ပြီး အဲဒီ Soft Phone နံပါတ် (ID) အတွက် VOIP account card ကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူရမည် ဖြစ်သည်။ Soft Phone နံပါတ် (ID) နဲ့ အတူ အသုံးပြုနိုင်ဖို့အတွက် ငွေဖြည့်ကဒ် (Recharge via Voucher Card) လည်း ဝယ်ယူထားရမှာ ဖြစ်ပါတယ်။ ငွေဖြည့်ကဒ် (Recharge via Voucher Card) အမျိုးအစားတွေကိုတော့ 10 FEC, 30 FEC, 50 FEC ဆိုပြီး ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ 
http://voip.yatanarpon.com.mm မှာ ငွေကျပ် တစ်သောင်းနဲ့ ဝယ်ယူထားတဲ့ VOIP account card ပါ Soft Phone နံပါတ် (ID) နဲ့ Password အတိုင်းဝင်ရောက်၍ Activate လုပ်ပြီး၊ မိမိဝယ်ယူထားတဲ့ ငွေဖြည့်ကဒ် (Recharge via Voucher Card) နဲ့ ငွေဖြည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ မိမိခေါ်ဆိုတဲ့ နိုင်ငံအလိုက် ငွေဖြည့်ကဒ် (Recharge via Voucher Card) ထဲကနေ တစ်မိနစ်ကို 0.15 FEC၊ 0.35 FEC နှုန်းနဲ့ ငွေနှုတ်ယူသွားမှာ ဖြစ်ပါတယ်။” ဟု ရတနာပုံ တယ်လီပို့စ် မှ တာဝန်ရှိသူတစ်ဦး၏ ရှင်းပြ ချက်အရ သိရသည်။
VoIP account card နှင့် Recharge via Voucher Card များကို အများပြည်သူသုံး အင်တာနက်ဆိုင်များနှင့် City Mart ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
---

ရွှေလုံးမှ ကူးယူဖော်ပြသည် ။
 

0 comments:

Post a Comment


Popular Posts