'
အမိမြေ
ဒေါ်စု မန္တလေး ခရီးစဉ် ဘာကြောင့်ပျက်
ယခုလ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်း ၉ နာရီတွင် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်၌
မန္တလေးသို့  ကြိုတင်သွားရောက်ရန်ပြင်ဆင်လျှက်ရှိသော NLD သဘာပတိ အဖွဲ့ ဝင် ဦးဝင်းတင် ဆီသို့ မန္တလေး ခရီးစဉ်ဖျက်သိမ်းလိုက်ကြောင်း ဖုန်း ဝင်ရောက်လာပြီးနောက်
ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးသို့ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တွင် သွားရောက်မည့် 
ခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း သတင်းအတည်ပြုထွက်ပေါ်လာခဲ့သည်။
အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် အများက ထင်မြင်ချက်ပြုသည်မှာ လက်ရှိအစိုးရက
တားမြစ်သလိုလို ပိတ်ပင်သလိုလို ပြည်ခိုင်ဖြိုး(ကြံ/ဖွံ့ )ပါတီ၏ စနက်လိုလို နှင့် သတင်းများ
ထွက်ရှိလာခဲ့ပါတော့သည်။
ယင်းသတင်းမှားများ မည်က ထွက်ရှိလာသနည်း။မပြောလိုတော့ပါ။
" ရွှေသမင် ဘယ်ကထွက် ... မင်းကြီးတာက ထွက် " ဟူသော စကားပုံကိုသာ ရွှတ်ဆိုပြလိုက်ပါတော့မည်။
လက်တွေ့ ဖြစ်စဉ်အမှန်မှာ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်၏ ပြောကြားချက်အရ
" စည်းရုံးရေး အတွက် ကွင်းငှားရတာ အဆင်မပြေဖြစ်နေပါတယ် ။ ဒါကြောင့် လောလော
  ဆယ် ခဏ ရွှေ့ လိုက်ရတာပါ ။ ကျန်တဲ့ ခရီးစဉ်အတွက် ဘာမှ အပြောင်းအလဲ မရှိပါဘူး "
လို့ ပြောကြားသွားပါတယ် ။
ထိုအခါ သတင်းများထွက်ပေါ်လာပါသည်။
မြို့ တော်ဝန် နှင့် အစိုးရ က လူထုကြီးမားမှာကို စိုးရိမ်သောကြောင့် ခွင့်မပြုပဲ အရူးကွက်နင်း
သည်ဟု လည်းကောင်း ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ဗထူးကွင်း ကို မငှားရမ်းသောကြောင့်
ဟု အကြောင်းပြချက်များ တတ်လာပါသည်။
(၁) လက်ရှိအစိုးရသည် ဒေါ်စုထက်အရေးကြီးသော / တန်ဖိုးရှိသော နိုင်ငံရေးရာများကို
     ကိုင်တွယ်ဖြေရှင်းနေရပါသည် ။ဒေါ်စု ဘာလုပ်သည် ဘယ်သွားသည် ဘာစားသည်
     ဘယ်နေရာ၌ အလေးအပင်သွားသည် လိုက်ကြည့်ရန် အချိန်မရှိ ။သူမထက် အရေးကြီး
     ပြီး လက်တလောနှင့်အနာဂတ်အတွက် အသည်းအသန် ကြိုးစား လုပ်ဆောင်နေရသော
     သံတမန်ရေးရာ စီးပွါးရေးရာ နှင့် ပညာရေး ဆက်သွယ်ရေး လမ်းတံတား ပို့ဆောင်ရေး
      ကဏ္ဍများ အား အချိန်ပြည့် လုပ်ဆောင်နေရပါသည် ။ ဒေါ်စု အား နေရာတကာ လိုက်
    ကြည့်ရအောင် ဒေါ်စုသည် ဖေဖေပြောသမျှ နားထောင်သော ကလေးလည်းမဟုတ်
    မလှုပ်မရှားနိုင် သေခါနီး သေးမနိုင်ချီးမနိုင် လူမမာလည်းမဟုတ် ။အကယ်၍ 
    ထိုသို့ ဖြစ်ခဲ့လျှင်လည်း ဒေါင်းရုပ်ကနုတ်ထိုးထားသော သေးအိုးဖြင့် သေးတည်ပေးမည့် 
    ချီးတည်ပေးမည့်သူများရှိပြီးသား ဖြစ်၍ အရေးစိုက်စရာမလိုပေ။
(၂) ပြည်ခိုင်ဖြိုး(ကြံ/ဖွံ့ ) စနက်ဟု ဆိုရအောင်လည်း လိုအပ်နေသည့်အမတ်နေရာမှာ ၄၈ နေ
     ရာ သာဖြစ်သည် ။ NLD ကအကုန်ရပါစေဦး ။ အမတ်စာရင်း အပြတ်သတ် ကွာခြားနေပါ
     သေးသည်။
     နှူတ်ခမ်းမွှေး မြင်တိုင်း အဖေ ခေါ်တတ်သော အကျင့်များ ပြင်သင့်ပြီ
(၃) အကယ်၍ ဦးဇော်ဇော်က ဗထူးကွင်းမငှား ဟုသော သတင်းမှန်ခဲ့ပါက
     ဒေါ်စု လာမည် ၊ ဤကွင်း၌ လုပ်မည် ၊ ဟုဆိုရုံမျှဖြင့် အဆင်ပြေစေရန် ရည်ရွှယ်ထားသည်
     ဆိုပါက ဒေါ်စု သည် ဘုရင်လော မိဘုရားလော သက်ဦးဆံပိုင်အကျင့်လော
     အတိုက်အခံနှင့် NLD များကိုယ်တိုင်ပြောနေသော အာဏာရှင် စနစ်လော ။ပြန်လည်မေး
     ခွန်းထုတ်လိုပါသည်။ဆင်သွားတိုင်း လမ်းဖြစ်သည် ဟု ထင်နေသလော ။
     ဒေါ်စုသည် ဆင်လည်းမဟုတ် ၊ ဆင်ဆိုပါကလည်း တောင်ကြီးမီးပုံပျံပွဲ မနက်ပိုင်းလွှတ်
     သော မီးပုံပျံဆင်ရုပ်သာ ဖြစ်ပေလိမ့်မည် ။ လမ်းတော့ဖြစ်မည်မဟုတ် ။ လေနှင်ရာလွှင့်၍
     မီးစာကုန်လျှင် ပြုတ်ကျလိမ့်မည်။
     ဒေါင်းတွန်လို့ မိုးမလင်းပါ ဆောင်းပါး ကို ဖတ်ကြည့်စေလိုသည် ။
     ဒေါ်စု လုပ်ချင်တိုင်း ဖြစ်စေရန် ဒေါ်စု သည် မည်သည့် နေရာမှာ ရောက်နေပါသနည်း
     ဦးဇော်ဇော်၌ အပြစ်မရှိ ။ အပြစ်ဆိုသူတို့၏ ယုတ္တိမတန်သော ပေါကြောင်ကြောင်
     ဦးဏှောက်တို့ အား ကွန်မြူနစ် များလို့ ဦးဏှောက်ဆေးပစ်ဖို့ ကောင်း၏
     နင်မဟုတ်ရင် နင့်အဖေပဲ ဆိုသည့် စိတ်ဓါတ်များ မရှိသင့်တော့ပေ
ဘာလုပ်လုပ် ဘာဖြစ်ဖြစ် အစိုးရကိုသာ အပုတ်ချမည် ဆိုသောသူများအား ဤသို့ေ-ာက်ရှက်ခွဲမည်
အို...ထိုသို့ ယုတ္တိမတန်ရာတွေး အဖြစ်မရှိသည်များအော်ဟစ် နေသော အသင် လူမိုက်တစုတို့ 
လောကကို အမြင်ဖြန့်ကြည့်ကုန် ။ ဘောင်ခတ်ကြည့်သော သင်တို့ အတွေးများ ဆေးကြောကြ
ကုန်။ထိုသူတို့ ပြောသော စကားများအား ယုံစားမိယောင် ဖြစ်နေသော မြန်မာပြည်သူတို့ 
နက်နက်နဲနဲ စဉ်းစားကြကုန်။
ထိုသို့ သော သူများ ဝန်းရံနေသော စက်ဝန်းသည်လည်း
မည်မျှဝိုင်းစက်နေပါမည်နည်း။အကယ်၍ ဝိုင်းစက်နေစေကာမူ မည်သည့်အရာနှင့်မျှ ဆပ်စပ်၍
မရသော အပိုစက်ဝိုင်းကြီးသာ ဖြစ်နေပေတော့မည်။ထိုသို့ ဖြစ်နေသော အပိုစက်ဝန်းကြီး
အတွက် ခဲဖျက်တတုံးသာ လိုပါပေသည်။
့http://www.mgkyautkhae.blogspot.com
0 comments:
Post a Comment
Popular Posts