'
အမိမြေ

ကိုယ့်အမျိုး ကိုယ့် ဇာတိ .ကိုယ့် အမိမြေကို ချစ်ကြပါ ( ပေးစာ ၈ )


ညီညီညာညာ ဆိုလိုက်ကြပါ ကျွန်တော် တို့ ရဲ့ ကမ္ဘာ မကြေ ပါ
ဒီစာ ကို ရေးချင်နေတာတော့ကြာပါပြီ ။ ဟောဒီ ပတ်စပို့ စာအုပ်လေးကို တွေ
့ကတည်းက စိတ်ဝင်စားလို့ ကြည့်မိရင်း ရေးချင်တဲ့ အတွေး တချို့ ဝင်လာလို
့ပါ။ လူမှာ အမျိုးကြက် မှာအရိုး ဆိုတော့လည်း . ကိုယ့်အမျိုး ကိုယ့် ဇာတိ
.ကိုယ့် အမိမြေကို ချစ်တတ်အောင်ပါ။ ဒါမျိုးတွေကတော့ အစိုးရ
သတင်းစာတွေမှာလည်း ဖတ်ဖူးမြင်ဖူးမှာပါ ။ ဒါပေမယ့် သူတို့ လို ၀ါဒဖြန်
့သဘောမဟုတ် ။ တကယ့်ကို ရင်ထဲက ခံစားလိုက်ရလို့ ရေးဖြစ်သွားတာပါ ။
အထူးသဖြင့် ပြည်ပ ရောက်ပြီး ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့သူတွေ အတွက် တော့
အမိမြေရဲ့ တန်ဖိုးလေးကို သိတတ်။ တန်ဖိုးထားတတ်ကြပါစေလို
့ဆန္ဒပြုရင်းပေါ့။

အလေးပြု .. ဂျပု

အလယ်တန်း ကျောင်းသားဘ၀ ကတည်းက စိန်ပေါလ် ကျောင်း ရှေ့ အလံတိုင်ကို သောကြာနေ
့တိုင်း အမျိုးသားဝတ်စုံ (တိုင်ပုံ) ၀တ်ကာ အလေးပြုကြရသည်။ ပြီးနောက်
နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကို သံပြိုင်သီဆိုကြရလေသည်။

အရင်တုန်းကတော့ ဒါမျိုး အစီအစဉ် မရှိ ။ ကျောင်းအုပ်ဆရာကြီး အသစ်ပြောင်းလာ ပြီးမှ သူ က
ယခုလို စီစဉ် သဖြင့် အပတ်စဉ် နိုင်ငံတော်အလံကို အလေးပြုရသည်။ ထို
့ကြောင့် ပထမဦးဆုံး အလေးပြုကြသည်တွင် အနည်းငယ် ကမောက်ကမ ဖြစ်လေသည်။
ကျောင်းသားခေါင်းဆောင် (မော်နီတာ) မှ နိုင်ငံတော်အလံ အား အလေးပြု ဟု အသံဝါ
ကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သောအခါ .ကျွန်တော်တို
့ကျောင်းသားများကလည်း တညီတညွှတ်တည်း .. ဂျပု .. ဟု နောက်ပြောင်ကာ
သံယောင်လိုက်ကြသည်။

အလေးပြု .. . ဂျပု .. ကာရံလေးကတော့ မိနေသားပဲ ။

ဒါပေမယ့် . ကျေင်းအုပ်ဆရာကြီးက အတော့်ကို ဒေါသထွက်လေသည်။ နိုင်ငံတော်
အလံအလေးပြုပွဲ ကို နောက်ပြောင်စရာမလို ။ လေးစားတန်ဖိုးထားရမည်ဟုဆို၏။
အနားရှိ ဆရာမ များကလည်း အသံလာရာ ဘက်ဆီမှ ကျောင်းသားတချို့ ကို
ကျောပြင်ကို ဗျောတင်လေတော့သည်။

ရွှမ်း. .. ရွှမ်း . အဲဒါ ဂျပု အုံး…. ဂျပု အုံး။

ထို့ ကြောင့် မော်နီတာ ဖြစ်သူကို နောက်တစ်ခေါက် အလေးပြု ဖို့ စေခိုင်းလေတော့သည်။

ဒီတခါတွင်တော့ . ဆရာ ၊ မ များက အနီးကပ် သေချာစွာလိုက်ကြည့်လေသည်။ နိုင်ငံတော်အလံ အား
အလေးပြု ဟု ဒုတိယအကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ အသင့်ရွယ်ထားသော
ကြိမ်လုံးများ၏ အောက်တွင် ကျွန်တော်တို့ ကျောင်းသားများက တုပ်တုပ်ပင်
မလှုပ်ရဲသော်လည်း တချို့ နေရာက ..တခွီးခွီး ဟု ရယ်သံများ ထွက်ပေါ်လာလေသည်။

ထို့ နောက် နိုင်ငံတော်သီချင်းသီဆိုပြီး စာသင်ခန်း သို့ ပြန်ဝင်ကြရသည်။
အတန်း ထဲ ရောက်သော ယခုန က အဖြစ်အပျက်များကို စမြုံ ပြန်ရင်း
ကမ္ဘာမကြေသီချင်းကို နောက်ပြောင်သီဆိုကြပြန်၏။

ကမ္ဘာမကြေ...

ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ

ပြည်ထောင်စုကို လက်ဖက် ကျွေးလို့ 

တို့ တာဝန်ကြေ... ဒါတို့ ပြည်..ဒါ.တို့ ..........

ဖြန်း..ဖြန်း ဟူသော အတန်းပိုင် ဆရာမ ၏ ကြိမ်စင်္ကြာ က ဘယ်ကမှန်းမသိ ရောက်လာပြန်၏။

ဘာ..တဲ့..လက်ဖက် ကျွေးလို့ ..ဟုတ်လား...ဆိုအုံးလေ...

ပြည်ထောင်စုကို လက်ဖက် ကျွေး.ကြအုံးလေ ..နောက်တခါ ဒီထက် နာမယ် မှတ် ထား .. ဟောဒီ
ကြိမ်လုံးကို နမ်းထားကြ.. ဟုဆိုကာ ကြိမ်လုံး ကြီးကို အနားသို
့ထိုးပေးလေသည်။

ထိုစဉ် ကျွန်တော်ကလည်း ယောင်ယမ်းကာ ဆရာမ ၏ ကြိမ် လုံးကို အဟုတ်မှတ်ပြီး သွား နမ်းလိုက်မိသည်။

ထို့ ကြောင့် ဆရာမက ဒေါသပိုထွက်ကာ . အဲဒီ အူကြောင်ကြား ကောင် ကလည်း ရွဲ
့ပြော လို့ ပြောမှန်း မသိ ဟု ဆိုကာ ထပ်မံ အရိုက်ခံရပြန်သေးသည်။

(အော်..သားက သိမှ မသိတာကို ..နမ်း ပါဆို လို့ .)

နောက်အပတ် သောကြာနေ့ 

ကျောင်းအုပ် ဆရာကြီးက နောက်တချိန် Assembly တွေ့ ဆုံပွဲ တင် အမျိုးသားအလံ ၊
အမျိုးသားသီချင်း အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားလေတော့သည်။

လူဆိုတာ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အလံ ၊ သီချင်း ၊ ၀တ်စုံ စသည်တို့ ကို
တန်ဖိုးထားလေးစားရမည်။ နိုင်ငံတကာအလယ်တွင် ထိုသို့ ကိုယ်ပိုင် သင်္ကေတ
များဖြင့် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ရာ လွယ်ကူသည့် ကိစ တော့ မဟုတ်ချေ။
လွတ်လပ်သော နိုင်ငံ အဖြစ်ရပ်တည် နိုင်ရန် ပေးဆပ်ခဲ့ရသော ကျွန်တော် တို
့ဘိုးဘွားများ၏ အသက် သွေး ချွေးများက မနည်းလှပေ။ ထို့ ကြောင့်
တန်ဖိုးကြီးမားလှသော နိုင်ငံတော် အလံ ကို ရိုသေရမည်။ နိုင်ငံတော်
သီချင်းကို လေးမြတ်ရမည်။ ကိုယ့်အမျိုးသားဝတ်စုံကို တန်ဖိုးထားရမည်။

ကမ္ဘာပေါ်တွင် ကိုယ်ပိုင် နိုင်ငံ ရယ်လို့ မည်မည် ရ ရ မရှိသည့် နိုင်ငံ
ပေါင်းများစွာရှိလေသည်။ တိုင်းတပါးက ကျွန်ပြုသိမ်းပိုက်ထားပြီး
ယခုထက်တိုင် လွတ်လပ်သော နိုင်ငံအဖြစ် မရောက်ရှိသေးပဲ နိုင်ငံတကာ အလယ်တွင်
ညှိုးငယ်စွာ နေရသော တိုင်းနိုင်ငံ များ အကြောင်းပြောပြလေသေည်။ ကျွန်တော်တို
့မြန်မာနိုင်ငံ သည်ပင် တချိန်က ကိုလိုနီ ကျွန် နိုင်ငံ ဖြစ်ခဲ့သေးသည်။
အကယ်လို့ များ ဗိုလ်ချုပ် အောင်ဆန်း တို့ လို ပုဂ္ဂိုလ် တို့ က
စွမ်းစွမ်းတမံ မကြိုးစားခဲ့ မိလျှင် လွတ်လပ်ရေး ဆိုတာလည်း
ဝေး၀ါးနေအုံးမည်သာ။

အာဇာနည် ကြီးများ၏ သက်စွန့် ကြိုးပမ်းမှူ့ ကြောင့်သာ ကျွန်တော် တို့ ယခု ကဲ့သို့ နေနိုင်ခြင်ဖြစ်သည်။

တရုတ်ပြည်ရှိ ဟောင်ကောင်ကျွန်း ပင်လျှင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်လောက်မှ သာ အင်္ဂလိပ်တို
့က ပြည်မကြီး ထံသို့ လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။

တိုင်းတပါးလက်အောက်ခံ ဘ၀ သည် သိမ်ငယ်ပေစွ ။ အောက်ကျ ပေစွ ။

ထိုသို့ ပြောကြားနေစဉ် ဘေးနားမှ သူငယ်ချင်းတဦးက အရွှင်းဖောက်လေသည်။
ဆရာကြီးကလည်း …ဟောင်ကောင်လို အေးအေးဆေးဆေးမှ လွတ်လပ်ရေး ယူရင် ပြီးရော ။
ငါ တို့ တွေ လည်း သူတို့ ထက်တော့ တိုးတက်မှာပဲ . ချမ်းသာမှာပဲ..
အင်္ဂလိပ်ခေတ်တုန်းက Rangoo , Burma ဆိုတာ အာရှ မှာ တစ်ပဲကွ .. အခုကတော့
အင်္ဂလိပ် ခေတ် ထက်တောင် အောက်ကျနေသေးတယ်။ မင်းစဉ်းစားကြည့်လေ…
အင်္ဂလိပ်ကျွန်ဘ၀ ကလွတ် တော့လည်း ငါတို့ က ကမ္ဘာပတ်ပြီးတော့ ကျွန်ခံနေကြရတာပဲ
။ ငါ့ ဦးလေတွေ ဆိုရင် မလေး ကိုသွားလိုက်။ ထိုင်းကို သွားလိုက်နဲ့ ။
အင်္ဂလိပ်ခေတ်တုန်းက ဒီနိုင်ငံတွေက ငါတို့ ကို မော်
တောင်ကြည့်ဝံ့တာမဟုတ်ဘူးကွ။ အခုတော့ ကွာ။ မင်းလည်း ကျောင်းပြီးတာနဲ
့နိုင်ငံခြားကို သွားပြီး အလုပ် လုပ်ရလိမ့်မယ် . မယုံရင် ကြည့်နေ ။

ဗိုလ်ချုပ်တို့ က..လွတ်လပ်ရေး ယူတာ နည်းနည်းစောသွားတယ်။ အခု နေမှ ယူရင် အေးဆေးပဲ .
တိုက်ခိုက်စရာတောင်မလိုတော့ဘူး။ အခုလိုလည်း နိမ့်  နေမှာမဟုတ်ဘူး.

အနှီ သူငယ်ချင်း၏ စကားသည် မည်သို့ မှ လက်ခံနိုင်စရာမရှိပေ။ လူဆိုတာ
ကိုယ်ပိုင် နိုင်ငံ ဖြင့်နေနိုင်ရပေမည် ။ သူတပါး လက်အောက်ခံ ဖြင့်
မနေသင့်ပေ။ အသက်ပေး စွန့် လွတ်သွားသော သူရဲကောင်းတို့ ကား အချည်းအနှီး
မဖြစ်တန်ရာ။ သို့ သော် . အကြောင်းကြောင်း ကြောင့် ဆင်းရဲနေသော မြန်မာ
နိုင်ငံကို ကြည့်ကာ မချိတင်ကဲ ဖြင့် ကလေး သဘာဝ ပြောသည်ဟုသာ နားလည်မိပါသည်။

(၀န်ခံချက် . .လွန်ခဲ့သော 15 နှစ်ခန့် က သူ ပြောခဲ့သည့် မင်းလည်း နိုင်ငံခြားမှာ
ကျွန်ခံ ရလိမ့်မည်ဟု စကားသည် နောင်သော် ကျွန်တော့် အဖို့ သွေးထွက်အောင်ပင်
မှန်လေတော့ သတည်း)

ဒုက္ခပင်လယ် ထဲက ပါလက်စတိုင်း
ို့ နောက် ဆရာကြီးက မ.လွတ်လပ်သေးသော နိုင်ငံများအကြောင်း နှင့် ၄င်း တို့ ၏
နေ့ စဉ် လူမှု့ ဘ၀ဒုက္ခ များကို ပြောကြားလေတော့သည်။ အဓိက ထောက်ပြ သွားသည်
နိုင်ငံကတော့ ..အရှေ့ အလယ်ပိုင်းရှိ .. Palestine ပါလက်စတိုင်း ဟူသော
နိုင်ငံ အကြောင်းပင် ။ ကမ္ဘာကျော် ဂျေယုဆလင် မြို့  ရှိသည်
့နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံသည် 1947 ခုနှစ် ခန့် မှ စတင်ကာ
ဂျူးလူမျိုးများက တိုက်ခိုက်သိမ်းပိုက်ပြီး Israel အစ္စရေး ဟူသည့် နိုင်ငံ
တည်ထောင်လိုက်ကြသည်။ ထိုနယ်မြေကို သူပိုင်သည် ငါ ပိုင်သည် ဟု ငြင်းခုန်ကာ
နယ်မြေလု စစ်ပွဲ များ အကြိမ်ကြိမ်ဆင်နွဲကြသည်။ ဂျူးတို့ ကလည်း သူတို့ ၏
အဘိုး၊အဘေးများ ၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်ဟုဆိုကာ အလျော့မပေး သဖြင့်
ပါလက်စတိုင်းသား တို့ သည် နိုင်ငံလက်မဲ့ ဖြစ်ကုန်ကြရသည်။ ခေတ်အဆက်ဆက်
လွတ်လပ်ရေးတိုက်ပွဲများဖြင့် ကြိုးပမ်းခဲ့သော်ငြားလည်း ယနေ့ ထက်တိုင်
မလွတ်လပ်နိုင်သေးပေ။ မငြိမ်းချမ်းသေးသော နိုင်ငံပင်ဖြစ်သည်။

သွေးစွန်းသောနေ့ ရက်များ မည် ဒုက္ခ အတိ ပြီးလေ၏။ မျက်ရည် တို့ ဖြင့် ပြည့်လျှမ်းနေသော
မျက်လုံးများ ၊ ဗုံးကွဲသံ ၊ သေနတ်သံများ ၊ ကယ်သူမဲ့သူတို့ ၏ အော်ဟစ်သံများ
သည် ပါလက်စတိုင်းသားတို့ ၏ မထူးဆန်းသော အရာများ ဖြစ်လေသည်။

အဖြူသည် အနက် နှင့် ယှဉ်လိုက်မှ ပို ဖြူလာသည်။ အလင်းသည် အမှောင် နှင့်
နှိုင်းကြည့်မှ ပို ၀င်းလာသည်။ တည်ငြိမ်အေးချမ်း ပြီး လွတ်လပ်သောနိုင်ငံ ၏
တန်ဖိုးသည် မလွတ်လပ်ပဲ နေ့ စဉ်လိုလို တိုက်ပွဲ များ ဖြစ်နေသော နိုင်ငံ
များအကြောင်း သိရမှ ပိုပြီး တန်ဖိုးတက်လာသည်။ ကျွန်တော်တို့ သည်
ကိုယ့်နိုင်ငံ ကို တန်ဖိုးထားသင့်သည် မဟုတ်ပါလော။ ကျွန်တော် တို့ ၏
ဘိုးဘေး များသည်ပင် တချိန်က ပါလက်စတိုင်းပြည်သူများလို ခံစားခဲ့ကြရဖူး၏ ။
ဒုက္ခ ပင်လယ် ဝေဖူး၏။

ဆရာကြီးသည် ကျောင်းသားများကို ဇာတိသွေး၊ဇာတိမာန် များ ရှင်သန် အောင်ပျိုးထောင်ပေး၏။
မျိုးချစ်စိတ်ဓာတ်ကို မွေးဖွားပေး၏။ အမျိုးသား သီချင်း ၏ တန်ဖိုးကို
ဂုဏ်မြင့်ပေး၏။

ထို နေ့  ထို အချိန်မှ စတင် ကာ နောက် နောင် နိုင်ငံတော် အလံ အလေးပြုပွဲ တွင် မည်သည့် နောက်ပြောင်သံမှ မကြားရတော့ ။
အားလုံးသော ကျောင်းသားများက အလံတော်ကို ရိုသေလေးမြတ်စွာ ဦးညွှတ်
လိုက်ကြသည်။

ကျွန်တော်သည် ထိုစဉ်ကတည်းက ပါလက်စတိုင်း ဟူသော နိုင်ငံ ၏ အမည်ကို စတင် ရင်းနှီးခဲ့ပါသည်။ ကမ္ဘာ့ မြေပုံတွင်
လိုက်ရှာကြည့်သော် မတွေ့ ချေ။ အော်. ဘယ်ပါ ပါ့မလဲ။ လွတ်လပ်သည့် အချုပ်အခြာ
အာဏာ နိုင်ငံမှ မဟုတ်တာ။ သို့ သော် . ပါလက်စတိုင်း တို့ ၏ သတင်းသည်
ကမ္ဘာ့ သတင်း ခေါင်းစီး များတွင် အမြဲလိုလိုပင် ။ ကြားလိုက်ရသည်က လည်း
စိတ်ချမ်းသာ စရာမရှိ ။ အနိဌာ ရုံ တွေ ချည်းပင် ။ သနား ဖွယ်ရာ ကောင်းလေစွ ။

ယခု ကျွန်တော်သည် အရှေ့ အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော့ ဆော်ဒီအာရေးဗီးယား
နိုင်ငံ တွင် ဟိုတယ် ၀န်ထမ်း အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဟိုတယ်သို
့လာရောက်တည်းခိုသူများတွင် ပါလက်စတိုင်း လူမျိုးများ လည်း မကြာခဏ တွေ
့ရတတ်သည်။ သို့ သော် ထူးဆန်း သည် က သူတို့ ၏ နိုင်ငံကူးလက်မှတ် (Passport )
စာအုပ် ဖြစ်သည်။ သူတို့ တွင် ကိုယ်ပိုင်နိုင်ငံ မရှိပါပဲ မည်သို့ သော
နိုင်ငံကူးလက်မှတ် (Passport ) ကို ကိုင်ဆောင်ကြသနည်း ။ စိတ်ဝင်စားစွာ
ကြည့်လိုက်မိသောအခါ .

ဘာသာစကား အခက်အခဲကြောင့် ကာယကံရှင်အား ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

ကာယကံရှင်အား နစ်နာလိုစေသောရည်ရွယ်ချက် အလျင်းမရှိ ။ ကိုယ့်လူမျိုး များ သင်ခန်းစာယူရန်သာ ရည်ရွယ်လျက်

ဟုတ်ပါသည်။ ၄င်းတို့ ၏ အိမ်နီးချင်းဖြစ်သော လက်ဘနွန် နိုင်ငံမှ နိုင်ငံကူးလက်မှတ် (Passport ) များကိုထုတ်ပေးထားပါသည်။ သို့ သော် ဒေသခံ လက်ဘနွန်
နိုင်ငံသားစစ်စစ်များ ကိုင်ဆောင်သော စာအုပ် နှင့် ပါလက်စတိုင်းသားများ ၏
စာအုပ်ကတော့ ကွဲပြားခြားနားပါသည်။

ပုံတွင် တွေ့ ရသည့်အတိုင်း နိုင်ငံကူးလက်မှတ် ၏ အောက်နားတွင် ပါလက်စတိုင်း နိုင်ငံသားဖြစ်ကြောင်း
တံဆိပ်တုံး ထုထားပါသည်။ စာအုပ်တွင်လည်း Refugee ဟုခေါ်သည့် ဒုက သည်များ ဟု
ရေးသားဖော်ပြထားလေသည် ။ စာအုပ်၏ မျက်နှာဖုံးကတော့ လက်ဘနွန် နိုင်ငံ ဟူ
ဖော်ပြထားပါသည်။

ကျွန်တော်သည် အဆိုပါ စာအုပ်ကို ကြည့်ပြီး ခဏ မျှ တွေးကြည့်ဖူးပါသည်။ ကိုယ်ပိုင်နိုင်ငံ ရှိလျက် အိမ်နီးချင်း သူတပါး
နိုင်ငံ မှာ အရာရာအောက်ကျို့ စွာ နေရမည်သာ။

ကိုယ့် အိမ် ကိုယ့် ယာ ကို တိုင်းတပါးသားတို့ က သိမ်းယူ ထားသဖြင့် နေစရာ အိမ်မရှိသောကြောင့်
သူတပါးအိမ်တွင် ခိုကပ်နေရသော ဘ၀ ကား လွန်စွာ အသည်းနာ စရာကောင်းလှပေသည်။
အော်..ငါတို့ မြန်မာ နိုင်ငံလည်း အဲဒီလို မလွတ်လပ်တဲ့နိုင်ငံဖြစ်ရင် ..
ငါတို့ ရဲ့ အလံတော် ၊ ငါတို့ ရဲ့ နိုင်ငံတော် သီချင်း . ငါတို့ ရဲ
့အမျိုးသားဝတ်စုံ ဒါတွေ လည်း ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ၀တ်နိုင်မည်
မဟုတ်ချေ။

ထို့ ကြောင့် ရှိရင်းစွဲ ကိုယ်ပိုင်အလံ ကို လေးစားစွာ အလေးပြု လိုက်ရင်း . . . ကိုယ့်နိုင်ငံတော် သီချင်းကို ရင်ထဲမှ လှိုက်လှဲ
စွာ သီဆိုလိုက်ချင်ပါတော့သည်။

ကမ္ဘာမကြေ .. ကမ္ဘာမကြေ

ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ..
ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ
ဒါတို့ ပြည်. ဒါတို့ မြေ.......

 ကိုကိုဦး ( သာစည် )

1 comments:

Anonymous said...

ဟုတ် ပါ တယ် ဗျာ နိုင် ငံ လွတ် လပ် ရေး ရ ဖို့ ကျွန် တော် တို့ ဘိုး ဘေး များ စွာ အ သက် ပေး ခဲ့ ရ ပါ သည် ၊ ကျွန် တော် တို့ လက် ထက် တွင် တိုင်း ပြည် အ ချုပ် အ ခြာ အာ ဏာ မ ဆုံး ရှုံး စေ ရန် ကျွန် တော် တို့ အ သက် စွန့် ကာ ကွယ် ရ ပေ မည် ၊ ညီ ငယ် ညီ မ ငယ် တို့ လည်း လွတ် လပ် ရေး အ ရ သာ ကို သိ မြင် ပြီး မိ မိ နိုင် ငံ တော် အလံ ကို အ လေး အ မြတ် ထား ကြ ရန် လေး နက် စွာ တိုက် တွန်း လို ပါ သည် ၊ မျက် မှောက် ကာ လ တွင် လည်း တပ် မ တော် မှ အ ချုပ် အ ခြာ အာ ဏာ မ ဆုံး ရှုံး စေ ရန် ဘက် ပေါင်း စုံ မှ ကာ ကွယ် စောင့် ရှောက် လျှက် ရှိ ကြ ပါ သည် ၊ ညီ ငယ် ညီ မ ငယ် တို့ လည်း တော် လှန် ရေး ဇာတ် ကား များ ကြည့် ဖူး ကြ ပေ မည် ။ မ လွတ် လပ် ခြင်း ၊ သူ့ ကျွန် ဖြစ် ရ ခြင်း ၏ ဆိုး ကျိုး များ ဖြစ် ပါ သည် ၊ တပ် မ တော် ကို အ မြင် ကြည် စေ ချင် ပါ သည် ၊ မိ မိ နိုင် ငံ တွင် တပ် မ တော် မ ရှိ ပါ က တိုင်း တစ် ပါး သား တို့ အ လွယ် တ ကူ ကျွန် ပြု ကာ မိ မိ တိုင်း ရင်း သား များ ကို စော် ကား နှိပ် စက် သတ် ဖြတ် ကြ မည် မှာ မ လွဲ ဧ ကန် ပင် ဖြစ် ပါ သည် ၊ တိုင်း ရင်း သား ညီ အစ် ကို အား လုံး စု စည်း ညီ ညွတ် စွာ ဖြင့် ၀ိုင်း ၀န်း ကာ ကွယ် သွား စေ ချင် ပါ သည် ၊ ရ ခိုင် ပြည် နယ် တွင် ရ ခိုင် ညီ နောင် တိုင်း ရင်း သား များ သည် ခိုး ၀င် ဘ င်္ဂ လီ များ ၏ ရက် ရက် စက် စက် သတ် ဖြတ် ခြင်း ခံ ခဲ့ ရ သော သာ ဓ က များ စွာ ရှိ ပေ သည် ၊ နွား ကွဲ ကျား ဆွဲ တတ် သည် ကို သ တိ မူ မိ ကြ စေ ရန် ရည် ရွယ် ကာ ရေး သား ခြင်း သာ ဖြစ် ပါ သည် ၊ ဆ ရာ ကြီး လုပ် လို စိတ် ဖြင့် ရေး သား ခြင်း သာ ဖြစ် ပါ သည် ။

Post a Comment


Popular Posts