'
အမိမြေ

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ


(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ အဆိုပါပြည်ထောင်စုနေ့သို့ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။ အဆိုပါ သ၀ဏ်လွှာ၌ ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရန် အတွက် တိုင်းရင်းသား အားလုံး သွေးစည်း ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက် သွေးချွေး များစွာဖြင့် ရင်း၍ ရယူခဲ့ရ ပါသည်။ ရရှိခဲ့ပြီးဖြစ်သော လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုသည် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် နိုင်ငံတော်လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည် ဖြစ်ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်နေသော အစိုးရသစ်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် အထူးအလေးထားပြီး တည်ဆောက်လျက် ရှိပါသည်'' ဟု ထည့်သွင်းပြောကြားခဲ့သည်။ ''ဒီမိုကရေစီသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အရေးကြီးပုံကို အသိအမှတ်ပြုခြင်းဖြစ်၍ တိုင်းရင်းသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်းသည်လည်း ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ လူပုဂ္ဂိုလ်အသီးသီးသည် အသိဥာဏ်ပညာတွင် လည်းကောင်း၊ စိတ်နေစိတ်ထားတွင် လည်းကောင်း ကွဲပြားနိုင်သော်လည်း ထိုမတူညီသော အတွေးအခေါ်၊ အယူအဆအမျိုးမျိုးမှ နိုင်ငံတော်အတွက် အဖိုးတန်ရလဒ်ကောင်းများ ပေါ်ပေါက်လာရန် ဒီမိုကရေစီက ဖော်ဆောင်ပေးသည်။ ဒီမိုကရေစီ ရှင်သန် အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အတွေးအခေါ်၊ အသိဥာဏ်ပညာ တိုးတက်ရင့်သန်လာစေရန် ကြိုးပမ်းပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်ကြရပေမည်'' ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။  (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


0 comments:

Post a Comment


Popular Posts