'
အမိမြေ

ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲ့ ဖွဲ့စည်း




ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေး အဖွဲ့၏ နာယကဖြစ်သူ ဦးခင်ညွန့်သည် အကျဉ်းထောင်မှလွတ်မြောက်ပြီး သတင်း  စာဆရာများနှင့် တွေ့ဆုံရာတွင် မိသားစု စားဝတ် နေရေး အတွက် လုပ်ဆောင် စရာများကို ရှေးဦး အလုပ် ဆောင်ရဦး မည်ဖြစ် ကြောင်း ပြောကြားခဲ့ရာ ယင်းစကားအပေါ် မေတ္တာ သက်၍ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှ င်ဉာဏိဿရ ကဆရာဒကာ မေတ္တာဖြင့် မိသားစု စားဝတ်ေ နရေး အတွက်  လိုရာ စီမံခွန့်ခွဲသုံးစွဲရန် ဦးခင်ညွန့်ထံ ကျပ် ငွေ ၂၅ သိန်းကို ပေးပို့ စွန့်ကြဲခဲ့ပါသည်။

ထိုအခါ ဒကာဖြစ်သူ ဦးခင်ညွန့်က ““ဆရာတော်မြတ်ဘုရား ဆရာတော်ထံမှ ငွေကြေးကို လက်ခံ၍ တပည့်တော်သုံးစွဲ ရန် မသင့်ပါ””ဟု လျှောက်ထားရာ ဆရာ တော်က ““ဤကိစ္စနှင့် ပတ်သက်၍ဒကာ မစိုးရိမ်သင့် ဘုရားရှင်ကိုယ်တော်တိုင်က ခွင့်ပြုထားသဖြင့် ဒကာတော်လိုအပ်သလို သုံးစွဲနိုင်သည်””ဟုမိန့်ကြားခဲ့ရာ ဒကာဖြစ် သူဦးခင်ညွန့်က ထိုသို့ဆိုပါက ဤငွေဖြင့် တပည့်တော်၏ဇာတိရပ်ရွာ မှော်ဝန်းဒေ သတွင် လူမှုရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ အတွက် အသုံးပြုရန်ခွင့်ပြုပါဟု လျှောက်  ထားရာ ဆရာတော်ကအလွန်ကောင်းမွန်  ကြောင်းနှင့် ခွင့်ပြုကြောင်းမိန့်ကြားခဲ့ပါ သည်။

ထို့ကြောင် သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရစွန့်ကြဲသော ငွေ ၂၅ သိန်းနှင့် နာယကကြီး ဦးခင်ညွန့် က ကျပ်ငွေ ၇၅ သိန်းထပ်မံဖြည့်ဆည်း ကာ ငွေကျပ် သိန်း ၁၀၀တို့ ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။
ဇေကမ္ဘာဦးခင်ရွှေမိသားစုမှ လှူဒါန်း  ငွေကျပ် သိန်း (၅၀၀)၊ ထွဋ်ခေါင်ကုမ္ပဏီ မှ လှူဒါန်းငွေကျပ်သန်း ( ( (၁၀၀) ရွှေမှော် ၀န်းလူမှုယဉ်ကျေးမှုညီရေးအဖွဲ့သည် အောက်ပါရည်ရွယ်ချက်များကို ထားရှိ သည်။

 




 မှော်ဝန်းဒေသတွင်းမှ ပညာရေး ဆိုင်ရာ လိုအပ်ချက်များကို ကူညီဖြည့် ဆည်းပေးရန်၊ မှော်ဝန်းဒေသတွင်းမှ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်၊ မှော်ဝန်းဒေသ တွင်းမှ လူငယ်များအတွင်း မြန်မာ့ယဉ် ကျေးမှုထွန်းကားဖြစ်ပေါ်ရေးကိစ်္စများကို ကူညီစောင့်ရှောက်ရန်၊ မှော်ဝန်းဒေသတွင်း  မှ ဆင်းရဲနွမ်းပါသောသက်ကြီးရွယ်အိုများ အား ကူညီစောင့်ရှောက်ရန်၊ မှော်ဝန်းဒေ သတွင်းမှ ဘာသာရေး၊ သာသနာရေးဆိုင်   ရာကိစ္စရပ်များကို ကူညီအထောက်အကူ ပြုရန်၊ မှော်ဝန်းဒေသတွင်းမှ စာပေနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက်ကူ ညီရန်၊ အနာဂတ်ကာလတွင် ကျောက် တန်းမြို့နယ်သာမက မြန်မာပြည်တစ်ဝှမ်း ရှိ လိုအပ်သောဒေသ အသီးသီးသို့လည်း လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း များ တိုးချဲ့လုပ်ကိုင်ရန်မျှော်မှန်းသည်။
ရွှေမှော်ဝန်းလူမှု-ယဉ်ကျေးကူညီ ရေးအဖွဲ့၏ နာယကကြီးများအဖြစ်ဗိုလ် မှူးချုပ်တင့်ဆွေ(အငြိမ်းစား)၊ ဦးခင်ညွှန့်၊ ဒေါက်တာဒေါ်ခင်ဝင်းရွှေ၊ ဦးဇော်နိုင်ဦး နှင့် ဒေါ်တင်တင်နွယ်တို့အား အသင်း၏ ရာသက်ပန်နာယကများအဖြစ်ထားရှိ၍ အခြားပုဂိ္ဂုလ်များအားလည်း အသင်း၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ နာယကအ ဖြစ်ဖြည့်စွက်ထားရှိနိုင်သည်။
ရွှေမှော်ဝန်းလူမှု-ယဉ်ကျေးကူညီ ရေးအဖွဲ့၏ အဖွဲ့ဝင်များကိုပထမအကြိမ် တွင် နာယကအဖွဲ့မှ သင့်တော်သူများကို တာဝန်ပေး၍ နောင်အကြိမ်များတွင် နာ ယကအဖွဲ့နှင့်နှစ်ပတ်လည်အစည်းအဝေး များမှ တင်မြှောက်သူများကို တာဝန်ပေး အပ်နိုင်သည်။
ရွှေမှော်ဝန်းလူမှု-ယဉ်ကျေးကူညီ ရေးအဖွဲ့၏အမှုဆောင်အဖွဲ့ကိုဖွဲ့စည်းရာ တွင် ရာသက်ပန်နာယက (၅)ဦး၊ နာယ က (၅)ဦးမှ (၁၀)ဦး၊ ဥက္ကဋ္ဌ (၁)ဦး၊ အ တွင်းရေးမှူး (၁)ဦး၊ တွဲဘက်အတွင်းရေး မှူး (၁)ဦး၊ ဘဏ္ဍာရေးမှူး (၁)ဦး၊ စာရင်း စစ် (၁)ဦး၊ အဖွဲ့ဝင် (၇)ဦးမှ (၁၀)ဦးတို့ ဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွှေမှော်ဝန်း လူမှု-ယဉ်ကျေးကူညီရေးအဖွဲ့သက်တမ်း သည် (၁)နှစ်ဖြစ်သည်။ အဖွဲ့၏တည်နေ ရာသည် ကျောက်တန်းမြို့တွင် တည်ရှိ သည်။ အဖွဲ့၏ရည်ရွယ်ချက်ကို လက်ခံ သူများအား အဖွဲ့ဝင်အဖြစ်အသိအမှတ် ပြုနိုင်သည်ဟု သတင်းရရှိသည်။

စွန်ရဲနက်(ရွှေမှော်ဝန်း)

0 comments:

Post a Comment


Popular Posts