'
အမိမြေ

ဝန်ထမ်းလစာ မတိုးနိုင်သေးဘူးလို့ ဝန်ကြီးတွေ လွှတ်တော်မှာရှင်း




ပြီးခဲ့သည့် သတင်း နှစ်ပတ်လောက် က ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာမယ့် ဘဏ္ဍာရေးနှစ်သစ် ၂၀၁၂-၂၀၁၃ က စလို့ နိုင်ငံ ဝန်ထမ်းတွေကို လစာ တိုးပေးဖို့ အဆိုတစ်ခု တင်သွင်း ခဲ့ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ပြည်ထောင်စု စက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး နဲ့ စီမံကိန်း ဝန်ကြီးတွေ စေလွတ်လို့ ရှင်းလင်း ခဲ့ပါတယ်။

လာမယ့် ဘဏ္ဍာရေး နှစ်သစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း (၇)ရာခိုင်နှုန်း မှန်းထားပြီး ဘတ်ဂျတ်နဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး  ဂျီဒီပီ က ၄ ဒဿမ ၉ ရာခိုင်နှုန်း ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း က ရှင်းလင်းခဲ့ပါတယ်။

 ဒီတော့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အဆိုပြုခဲ့သလို လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံဝန်ထမ်းတွေ လစာတိုးလိုက်ရင် အစိုးရသစ်လက်ထက် လက်ရှိနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ တိုင်းပြည်ရဲ့ လာမယ့်နှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ (၇) ရာခိုင်နှုန်းလဲ ရတော့မှာ မဟုတ်သလို အဲဒီ လစာတိုးဝန်ထမ်းတွေ အပါအဝင် ပြည်သူတစ်ဦးချင်းရဲ့ ဝင်ငွေလည်း ကျဆင်းသွားမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ပြောခဲ့ပါတယ်။

 ဒီတော့ ပြည်ထောင်စုဝန်ကြီး (၃)ဦးရဲ့ ရှင်းလင်းချက်တွေကို ချုပ်လိုက်ရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး အဆိုကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ မဆောင်ရွက်နိုင်သေးဘဲ တစ်နှစ်ကျော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ အစိုးရဝန်ထမ်းတွေ လစာတိုးပါလို့ ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ အခုရှင်းလင်းချက်အပေါ် အဆိုရှင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြန်ဆွေးနွေးပြီး လွှတ်တော်က အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ ရန်ကုန်အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

ဘယ်နေ့ပြန်ဆွေးနွေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

0 comments:

Post a Comment


Popular Posts