'
အမိမြေ

တိုင်းပြည်သူရဲကောင်းတစ်ယောက်(သို့မဟုတ်) တပ်မတော်သားတစ်ယောက်ရဲ့ ရင်ဖွင့်ချက်


နာကျည်းလို့တော့ မဟုတ်ပါဘူး .....။လက်တဆုပ် စာ မျှော်လင့်ချက်တွေနဲ့ ငါတို့အသက်ရှင် နေကြ ရတာ ပါ...။ တဖြည်းဖြည်း ရုန်းကန်လာပြီးတိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့ဟစ် ကြွေးခဲ့ကြတာပါ..ပြည်ပရောက်တွေပြောတော့စစ်ခွေးပေါ့.။ ရင်ထဲမှာလှိုက်ရင်း တစစ်စစ်နာတယ်...။ ဘယ်သူ့ကိုမှလည်း မတိုက်ခိုက်သလို ပေးအပ်တဲ့တာဝန်ကျေဖို့ ၊တိုင်းပြည် တိုးတက်ဖို့တထောင့် တနေရာကနေ သဲပွင့်သာသာပေးဆပ် ငါတို့ဘ၀တွေ ပေးအပ်ခဲ့ကြ တာပါ..။စစ်တပ်ထဲ ၀င်မယ်ဆိုကတည်းက ၁၅ ကျော် ၁၆ နှစ်နဲ့ အိမ်နဲ့ခွဲခဲ့ကြရတယ်..။တွေးကြည့်စရာ မလိုပါဘူး ကွာ။အဲချိန်မင်းတို့ က အိမ်မှာ နွဲ့ဆိုး ဆိုးလို့ ကောင်းတုန်း ၊ဒါမှမဟုတ် မိဘ ငွေလေးနဲ့တက္ကသိုလ် တက်ဖို့ ပြင်နေတုန်းဖြစ်မှာပါ ။ မိဘနဲ့ဝေး ၊အိမ်နဲ့ဝေးပြီးနေရတဲ့  ဒုက္ခဆိုတာ ကိုယ်တွေ့ ကြုံမှ ကိုယ်ချင်းစာနိုင်တဲ့အရာမျိုးပါ ။အဲ ဒီအချိန်တုန်းက ပိုက်ဆံမက်ရအောင်လည်း အရာရှိလစာက ၂သောင်းခွဲပဲရှိတဲ့အချိန် ဗိုလ်လောင်းလစာ က ၅၀၀၀ ပဲရှိတဲ့ အချိန်ပါ။ကိုယ်ပိုင် ပိုက်ဆံရှိလို့ ပြည်ပမှာ ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ကိုယ်စီးပွားရေး အတွက် ပြည်ပမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်းရှာနိုင်တဲ့ခေတ်မှာ နဖူးကချွေး ခြေမပေါ် ဘယ်နှစ်စက် ကျကျ ဒီလစာက ပြောင်းမသွားပါဘူး ။

တချို့ကလည်းပြောကြတယ် ဦးသန်းရွှေ ရဲ့ ခွေးတွေတဲ့လေ ။ပြောရက်လိုက်ကြတယ်နော်။ တချို့ ကလည်း ကိုယ်ချင်း မစာနာ ပေးထားတဲ့ကွန်းမန့်မှာတောင် like လိုက်ကြသေးတယ်..။ငါတို့ က စစ်သားပါ။ အုပ်ချူပ်သူ ဘယ်သူပြောင်းပြောင်း ပြည်သူကို ကာကွယ်ဖို့ အတွက် နဲ့ ပြည်သူ့အကျိုးပြုတွေလုပ်ဖို့ သက်သက် ငါတို့ ရပ်တည်နေခဲ့ကြတာ...။

တချို့ပြောတာကြားသေးတယ်ကြံဖွံ့စစ်ခွေးတွေတဲ့လေ။ စာလည်းမတတ်၊ အသိပညာလည်းမရှိ၊ ကိုယ့်ကိုကိုယ် စာမဖတ်ဖူးဆိုတာကို လူလည်ခေါင် ချပြသလိုမျိုးလည်းတွေ့ခဲ့ ကြုံခဲ့ဖူးတယ်။ ဒီမိုကရေစီဖော်ဆောင် ကတည်း က စစ်တပ်က ကာကွယ်ရေး အပိုင်းသွားနေတဲ့ အချိန်မှာ ပြည်သူတွေရဲ့ ၀ိဝါဒတွေ ပျက်ပြားသွားအောင် ပြောတဲ့သူတွေက ပြောနေတုန်း။

ရန်ကုန်မှာ မီးလောင်တော့ မီးသတ်ကားက ရေ ကြာကြာမပတ်ဖူးတို့ ၊မီးမလောင်ခင် မီးသတ်တွေ ဘယ်နားသွားသေနေတာတုန်းတို့၊ ဗုံးပေါက်ကွဲမှ ရဲ က ဘာလာလုပ်တာတုန်းတို့ပေါ့။ မီးသတ်ကားက (၃)မိနစ်ပဲ ပတ်လို့ရတာရယ် ၊မီးမလောင်ပဲနဲ့ ဘယ်မီးသတ်ကားက ဥသြော်ဆွဲပြီး လမ်းတကာ လျောက်လည်နေရမလဲရယ် ၊ဗုံးမပေါက်ပဲနဲ့ အရေးကြီးနေရာကလွဲလို့ ဘယ်နိုင်ငံတကာ ရဲ ကများ အချိန်ပြည့်လုံခြုံရေး ယူတာတွေ တွေ့ဖူးလို့လားဆိုတာတွေကို ပြောပြချင်လိုက်တာ.။ဒီလိုနဲ့ ကွန်းမန့်သူတွေ ကြည့်လိုက်တော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးတွေ။နိုင်ငံအတွက် ပခုံးပြောင်းမဲ့သူ တွေကဒီလို မြင်နေမှတော့ အနာဂတ်အတွက ရင်လေးလို့ မဆုံးဘူး...။

ငါတို့လည်း နှလုံးသားနဲ့ လူလုပ်တာပါ...။ခံစားတတ်တာပေါ့။ကြေကွဲတတ်တာပေါ့ ။ အိမ်ကိုလည်း လွမ်း တတ် တာ ပေါ့။ နာကြဉ်တတ်တာပေါ့။စာဖွဲ့လုပ်ပြီး ဂုဏ်ခြင်းပြိုင်တာတော့ မဟုတ်ဘူးပေါ့...။ ငါတို့အားလုံး ကလည်းတိုင်းပြည်အကျိုးကိထမ်းရွက်နေသူတွေပဲလေ။ မီးသတ်တွေကမှ ဈာပန အခမ်းအနားနဲ့ သူကောင်းပြုခြင်းခံရပါသေးတယ်...။အွန်လိုင်းမှာ လည်း ချီးကျူး သြဘာ ထာပနာတွေလည်း ရင်တုန်ပန်းတုန် ငါ ဖတ်ခဲ့ရတယ်။တချိန်တည်းမှာရှေ့တန်းစစ်မြေပြင်မှာ ငါ့ရဲဘော်တွေ နဲ့ငါ့သူငယ်ချင်း၊ ငါ့ညီအကိုတွေ အတွက်ကျတော့ ရောတွေးတော့ရင်ထဲမှမချိဘူး။ တာဝန် ထမ်းဆောင်ခြင်းတူတာတောင် ပစ်ပယ်ထားခံရတဲ့ ငါတို့ဘ၀တွေကိုက မြေသြဇာသက်သက်လေပဲလား..။

စစ်အကြောင်း စစ်သားတွေပဲသိပါတယ်။ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်ယာနဲ့ဖြစ်နေမှတော့သံယောဇဉ်ကို စွန့်ပြီး ဘယ်သူကများ စစ်တိုက်ထွက်ချင်ပါ့မလဲ..။ဘယ်သူကများ ခြေလက်အင်္ဂါ စွန့်ချင်ပါ့မလဲ ။ မျက်လုံးတဘက်ကမ်းတဲ့စစ်ဗိုလ်၊ ခြေပြတ်သွားတဲ့စစ်ဗိုလ်ကို ချစ်လှပါပြီဆိုတဲ့ ဘယ်မိန်းကလေး မှလက်ထပ်ဖို့ခေါင်းငြိမ့်တော့မှာမဟုတ်ပါဘူး။တခါတလေ ငါစဉ်းစားတယ် ။မြန်မာနိုင်ငံမှာ စစ်မှုမထမ်း မနေရ စနစ်များ ဖြစ်လာရင်ကောင်းမယ်လို့။ဒါမှ ငါတို့ဘ၀ အခြေအနေနဲ့ ငါတို့ ခံစားချက်တွေကို နားလည်နိုင်မှာလေ။ပဲဟင်းမကြိုက်တဲ့သူတွေ ။အိပ်ရေးမက်သူတွေ၊ ဆင်းရဲ ဒဏ်မခံနိုင်တဲ့သူတွေ ကိုယ်ချင်းစာနိုင်မယ်ဆိုရင် ငါ မြန်မာနိုင်ငံမှာစစ်သား ဖြစ်ရတာ ဂုဏ်ယူနေမှာပါ။တခါလာလည်း ဘုရားနားကယူနီဖောင်းခန့်ခန့်နဲ့ ကောင်မလေးလေးလှလှ စစ်ဗိုလ်ဇာတ်ဝင်ခန်းတွေ ရိုက်နေမှတော့လက် တွေ့နယ်ပယ်မှာ ၀ဲစွဲနေတဲ့စစ်ဗိုလ်တွေက အပယ်ခံလိုလိုလေ။ဒီလိုနဲ့ ငါတို့ ကပြည်သူ တွေနဲ့ကင်းကွာခဲ့တာလားလို့ တွေးနေမိတယ်.။

ငါတို့လက်တွေ က အကြောင်းမဲ့ရန်ရှာပြီး လူသတ်ဖို့အတွက် စစ်သွေးကြွ နေတာမဟုတ် ရပါ ဘူး။ပြည်သူတွေကိုကူညီဖို့ အကျိုးပြုဖို့အတွက်သက်သက်ရယ်ပါ။မြန်မာနိုင်ငံက မီးရထားလမ်းတော်တော် များများကစစ်သားကပဲဖောက်ပေးတာပါ။ဆည်တမံတွေကို ဗိုလ်ချူပ်တွေဦးစီးပြီး တည်ဆောက်ခဲ့တာပါ။ ဖောက်ပြီးသား ကားလမ်းတွေ ၊ရထားလမ်းတွေမှာ စစ်သားတွေပဲ လုံခြုံရေးယူပေးတာပါ ။ဘုရား ရင်ပြင်မှာလည်း စစ်သားတွေရှိပါတယ်။ဘူတာတိုင်းမှာလည်းစစ်သားတွေရှိပါတယ်။နာဂစ်တုန်းကလည်း ရန်ကုန်က သစ်ပင်ကျိုးပျက်တွေ ၊လူသေကောင်တွေကို ဘယ်သူတွေကများ ဖယ်ရှင်းပေးခဲ့ တာလဲ။စစ်သားတွေပါပဲ။လုပ်သလောက်နဲ့ တန်ပြန်မေတ္တာတရားတော့ငါတို့ ခံစားချင်တာပေါ့။မနေ့က KNU နဲ့  ငြမ်းချမ်းရေး စာချုပ်ချုပ်တယ်။ရင်ထဲမှာပျော်တဲ့အပျော်ကိုထိမ်းမထားနိုင်ခဲ့ဘူး။အဲ ပြည် နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငါ့စစ်သည်တွေ ငါတို့ သူငယ်ချင်း ညီ အကို တွေ အားလုံး နောက်တန်းပြန်ဝင်နိုင်ပြီဆိုတဲ့ အသိနဲ့ ပီတိဆိုတာ ပြောမပြတတ်ခဲ့ဘူး။ဒါကို ပဲ ဖြုတ်ဦးနှောက် ပြည်ပရောက်တချို့ က ကရင်ပြည်နယ်ခွဲ ထွက်ခွင့်ပေးရေးဆိုပြီး လုပ်လိုက်ကြသေးတယ်လေ။ငါလေ ငါ မြန်မာနိုင်ငံကြီးကို တလက်မလေးပျောက်ကွယ်သွားမှာကိုတောင် သေမလောက်ကြောက်တာပါ။

သင်္ကြန်ပွဲတွေကိုပဲ ကြည့်။ပြည်သူတွေပျော်ဖို့ ငါတို့ တာဝန်ကို ထမ်းဆောင်နေကြရတယ် ။မငြီးငြူ ကြဘူးလေ။ ဒီခေတ်လူငယ်တွေ သင်္ကြန် ၁ ရက်လောက် မလည်ရရင် သေလောက် တဲ့မျက်နှာ နဲ့။ အများကြီးမကြည့်ပါနဲ့။ အပြင်စည်းမှာငါ့တို့ရှိနေတယ်။ အတွင်းစည်းမှာရဲတွေ ရှိနေတယ်။ ကားလမ်းထက်မှာ မော်တော်ပီကယ်ရှိနေတယ်။အခါကြီး ရက်ကြီးမှာ ငါတို့လည်း ဥပုသ်လေးတော့ စောင့်ချင်တာ ပေါ့။ဒါမှမဟုတ်လူငယ်ပီပီ ရေကစားချင်တာပေါ့။ ဒါတွေအားလုံးကို မျက်ကွယ်ပြုပြီး Duty ကို ဦးထိပ်ပန်ဆင်ခဲ့ကြတာ။ဒါတွေကိုလည်း သိရက်နဲ့ မမြင်ချင်ယောင်ဆောင်ခံရတယ်။

တကယ်ပါ နာကျည်းလို့တော့မဟုတ်ပါဘူး .....။လက်တဆုပ် စာ မျှော်လင့်ချက်တွေနဲ့ငါတို့ အသက်ရှင် နေကြရတာပါ...။ တဖြည်းဖြည်းရုန်းကန်လာပြီးတိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့ ဟစ်ကြွေး ခဲ့ကြတာပါ..။
(မင်းသန့် )




(Facebook ပေါ်မှာ စစ်သားတစ်ယောက်ရဲ့ခံစားချက်)
ကိုသရုပ်ဖေါ်ပြန်လည်မျှဝေလိုက်ပါတယ်ဗီဒီယိုသီချင်းလေးတစ်ပုဒ်နှင့်အတူ 
မိတ်ဆွေ အားလုံးကြည့်ပီးသွားတဲ့ချိန်မှာသင်ခံစားချက်လေးအရမ်းကို နားလည်သွားပါမယ်
စစ်သားဘဝကိုလေးစားစွာဖြင့်
ကနောင်စစ်သည်။

0 comments:

Post a Comment


Popular Posts