'
အမိမြေ

အစိုးရသစ်လက်ထက် ငါးဦးစီး လုပ်ပိုင်ခွင့် ပိုရ



ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား ပိုမိုအသက်ဝင်စေရန် ရည်ရွယ်ချက်ဖြင့် အကောက်ခွန်မဲ့ ဖမ်းဆီးရမိသော တရားမဝင် ပစ္စည်းများကို သိမ်းဆည်းပစ္စည်း၏ ဆုကြေးနှင့် စပ်လျဉ်းသော လုပ်ပိုင်ခွင့်အသစ်ကို ပေးအပ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ စီမံရေးရာ ညွှန်ကြားရေးမှူး ဦးဝင်းသိန်းဦးက ပြောကြားသည်။ ယခု ဇန်နဝါရီလ ၂၄ ရက်နေ့က စတင်ပြီး ထိုလုပ်ပိုင်ခွင့်များ၌ တ...ရားမဝင် တင်ပို့တင်သွင်းသည့် ကုန်ပစ္စည်းများကို အကောက်ခွန် ဥပဒေအရ သိမ်းဆည်းပြီး ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို မှုခင်းတစ်ခုစီအတွက် သတင်းပေးသူကို ကျပ်၂၅ ငါးသိန်းအထိ ဆုချီးမြှင့်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရက ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ ယခင်က ၈၁ ခုနှစ် အမိန့်အမှတ် ၃/၈၁ အရ လုပ်ပိုင်ခွင့် ရာခိုင်နှုန်းနည်းပြီး အသက်ဝင်မှု နည်းကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် တရားမဝင် ဖမ်းဆီးရမိသော ကုန်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးဌာနက သိမ်းဆည်းရမိပါက ပစ္စည်းတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ ၁၀ ရာခိုင်နှုန်းကို သတင်းပေးသူအား ချီးမြှင့်ပြီး ၁၀ ရာခိုင်နှုန်းကိုမူ စုံစမ်းထောက်လှမ်းသည့် အဖွဲ့အစည်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းကို ပေးအပ်မည် ဖြစ်ကြောင်း ယင်းဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းလုပ်ပိုင်ခွင့်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ အစီအစဉ်ဖြင့် အကောက်ခွန် ဥပဒေအရ ဖမ်းဆီးရမိသော ပစ္စည်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေအဖြစ် သတ်မှတ်၍ ၃၀ ရာခိုင်နှုန်းမှာ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြစ်ပြီး သတင်းပေးသူ ၁၀ ရာခိုင်နှုန်း၊ စုံစမ်းထောက်လှမ်းသည့် အဖွဲ့အစည်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းကို ၁၀ ရာခိုင်နှုန်း ပေးမည်ဖြစ်ကြောင်း သိရသည်။ ကျပ် ၂၅ သိန်းအထက်နှင့် ကျပ်သိန်း ၅၀ အထိ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မှုခင်းတစ်ခုစီအတွက် ဆုငွေချီးမြှင့်နိုင်မည်ဖြစ်ပြီး ကျပ်သိန်း ၅၀ အထက် ဆုငွေများကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့် ဆုငွေချီးမြှင့်နိုင်မည် ဖြစ်ကြောင်း အဆိုပါ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ ထိုဆုချီးမြှင့်ငွေကို ကျပ်သိန်း ၅၀ အထိ ဝင်ငွေခွန် စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်၍ ကျပ်သိန်း ၅၀ ကျော်လွန်ပါက တည်ဆဲ ဥပဒေများနှင့်အညီ ဝင်ငွေခွန် ပေးဆောင်ရမည်ဟု ထိုတရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုဥပဒေမှာ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးအဖွဲ့၏ ၁-၆-၈၁ ရက်စွဲပါ အမိန့်အမှတ် ၃/၈၁ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

စောကျော်ဝင်း

0 comments:

Post a Comment


Popular Posts