'
အမိမြေ

သံတွဲ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွား

 

ဆုံးရှုံးမှု သိန်းပေါင်း သောင်းချီ ရှိနိုင်တယ်လို့ ဒေသခံ တွေက ခန့်မှန်းပြောဆိုနေကြ
ရခိုင်ပြည်နယ် သံတွဲမြို့ မြို့မဈေးကြီး စနေနေ့ မနက်အစောပိုင်းက မီလောင်ခဲ့တဲ့ အတွက် ဆိုင်ခန်းပေါင်း ၇၀၀ ကျော်မီးထဲ ပါသွားတယ်လို့ သိရပါတယ်။
မနက် ၅ နာရီခွဲက ငါးဈေးတန်းဘက်က စတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် ဈေးတစ်ခုလုံးနီးပါး မီးထဲပါသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့်လည်း မီးဘယ်လို စတင် လောင်တယ် ဆိုတာကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မီးသတ်ကားတွေနဲ့ မြို့သူမြို့သားတွေက ဝိုင်းဝန်းငြှိမ်းသတ်ကြတဲ့အတွက် မနက် ၇ နာရီ ခွဲခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ ဈေးတခုလုံးနီးပါး မီးသွားတဲ့ အတွက် သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဈေးကြီးတွေ မီးလောင်မှုတွေထဲမှာ အခုသံတွဲဈေး မီးလောင်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ကလည်း မင်းပြားဈေးကြီး မီးလောင်ခဲ့တဲ့ အတွက် ဆိုင်းခန်းပေါင်း ၅၆၇ ခန်း မီးထဲပါသွားခဲ့ဖူးပါတယ်။

0 comments:

Post a Comment


Popular Posts