'
အမိမြေ

စပ်မိစပ်ရာ အတွေး

The Lady ၊ ဧရာဝတီ၊ ဆန်ရှင်နှင့် စပ်မိစပ်ရာ အတွေးများ
ကြားဖြတ် ရွေးကောက်ပွဲ စတင်ဖို့ နီးကပ် လာပါပြီ ။ဒေါ်စုရဲ့ စည်းရုံးရေး ခရီးစဉ်များ အကြောင်း
ဂျာနယ် တော်တော် များများ မှာမှာ ဝေေ၀ ဆာဆာ ဖော်ပြ နေတာ ကို ဖတ်ရတော့ စပ်မိ စပ်ရာ တွေးမိ
ပါတယ်။
( The Lady)
ပြင်သစ် ဒါရိုက်တာ ရိုက်ကူးခဲ့တဲ့ ဒီဇတ်ကား ဟာ အထောက် အထား ခိုင်လုံတဲ့ သမိုင်းကို
အားနည်း ချက်များစွာ နဲ့ဖော်ဆောင် ခဲ့တာ စိတ်ပျက် စရာပါ။ နိုင်ငံတော် လုပ်ကြံမူ့ (အာဇာနည်နေ့) နဲ့
ပတ်သတ်ပြီး များစွာ မှားယွင်းတဲ့ သမိုင်းကို ဖော်ဆောင်ခဲ့ပြီး၊ အထောက် အထား အားနည်း တဲ့သမိုင်း
ကိုသာ ဖြစ်ရပ် မှန်ပုံစံနဲ့ တင်ပြခဲ့တာ ကိုပဲ တွေ့ရပါတယ်။ ဒီအချက်ကို ဇတ်ကားမှာ ပါဝင်တဲ ပြည်ပ
ရောက် အတိုက်အခံ အဖွဲ့အစည်း တွေက မထောက် ပြတာ အံ့သြ စရာပါ။ နောက်တစ်ချက် က ဒေါ်စု
ကို လေးစားပြီး ရိုက်ကူး တင်ဆက် ခဲ့တဲ့ ပြင်သစ် ဒါရိုက်တာ ဟာ မြန်မာ့နိုင်ငံရေး သမိုင်း ကိုကောင်း
ကောင်း မသိဘူး လို့ ကျနော့် အနေနဲ မြင်ပါတယ်။ ဒါဆိုရင် သူဘာကြောင့် ဒေါ်စု ကို လေးစား တာလဲ။
နောက်တစ်ချက်ကကိုယ်တိုင်ရိုက်ကူးမယ့်ဇတ်ကားအတွက်သမိုင်းအချက်အလက်တွေခြေခြေ
မြစ်မြစ်လေ့လာဖို့လိုတာကိုသူ မတွေးဘူးလားမေးစရာပေါ်လာပါတယ်။သမိုင်းဆိုတာ
အချက်အလက်လွဲမှားလို့မရစကောင်းပါဘူး။မြန်မာ့နိုင်ငံရေးကိုထဲထဲဝင်ဝင်မသိတဲ့၊ဒါမှမဟုတ်
အကြောင်းရင်းတစ်ခုခုကြောင့်လေ့လာမူ့အားနည်းတဲ့လူငယ်တွေသမိုင်းအမှားကိုအမှန်ထင်ပြီး
လွဲမှားမှာစိုးရိမ်စရာကောင်းပါတယ်။
(မြစ်ဆုံ)
အစိုးရသစ်တက်လာပြီးပြုပြင်ပြောင်းလဲမူ့တကယ်လုပ်မလုပ်ဆိုတဲ့ ကိစ္စမှာအစိုးရသစ်
အတွက်အကြီးမားဆုံးစိန်ခေါ်မူ့အစဟာ(မြစ်ဆုံ)ရေအားလျှပ်စစ်စီမံကိန်းကိစ္စပါ။မြစ်ဆုံကိစ္စမှာ
ပြည်တွင်းကရောပြည်ကပါအမျိုးသားလှုပ်ရှားမူ့အသွင်ဆောင်တဲ့ဆန့်ကျင်မူ့တွေကိုအစိုးရသစ်
ရင်ဆိုင်ခဲ့ရပါတယ်။ပြည်ပအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမူ့ကိုသိပ်အာရုံမစိုက်မိပေမယ့်လွပ်လပ်မူ့နဲ့
ပွင့်လင်းမြင်သာမူ့အားနည်းသေးတယ်လို့ဆိုနေတဲ့ပြည်တွင်းမှာတော့လှုပ်ရှားတွန်းအားပေးတဲ့
အရွေ့ကြီးကိုစတင်တွေ့လာခဲ့ရတာပါ။အနုပညာရှင်တွေ၊မီဒီယာတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှား
သူတွေနဲ့ပညာရှင်တွေပူးပေါင်းပါဝင်လာတဲ့အဆင့်ကိုတွေ့ရပါတယ်။ဒီနေရာမှာအစိုးရသစ်ဟာ
ပြုပြင်ပြောင်းလဲမူအြမှန်တကယ်လုပ်ကြောင်းဒီစီမံကိန်းကိုရပ်ပြီးသက်သေပြခဲ့ပါတယ်။
ဒါပေမယ့်လူထုထောက်ခံမူ့ကိုပြည့်ပြည့်၀၀ရထားတဲ့ဒေါ်စုကတော့တက်တက်ကြွကြွမပါဝင်ခဲ့တာ
ကိုတွေ့ရပါတယ်(ကျနော့်အမြင်ပါ)။ဂျာနယ်တစ်ခုရဲ့အင်တာဗျူးမှာမြစ်ဆုံကိစ္စဟာအားလုံးဝိုင်းဝန်း
ဆွေးနွေးပြီးလုပ်ကြတာကောင်းပါတယ်ဆိုတဲ့မယုတ်မလွန်မှတ်ချက်ကိုသာပေးခဲ့တာကိုတွေ့ရပါ
တယ်။ဘာကြောင့်လဲဆိုတာတော့ဥဏ်မမှီလို့မသိပါဘူး။
(ဆန်ရှင်)
ဆန်ရှင်ကိစ္စမှာတော့ဒေါ်စုရဲ့ရပ်တည်ပုံကိုအံ့သြမိပါတယ်။များစွာနောက်ကျနေတဲ့ကျနော်
တို့နိုင်ငံမှာ(ဆန်ရှင်)ပိတ်ဆို့မူ့ကိုအလုံးစုံဖွင့်ချပေးလိုက်ရင်တောင်အချိန်ယူဖော်ဆောင်ရမယ့်ကိစ္စ
တွေအများကြီးပါ။(ဆန်ရှင်)ရဲ့အကျိုးနဲ့အပြစ်တွေကိုအားလုံးသိထားပြီးသားပါ။အစိုးရသစ်ရဲ့(၁၀)
လအတွင်းပြုပြင်ပြောင်းလဲရေးတွေကိုသံတမန်အဆင့်တိုးမြှင့်ခြင်းနဲ့ဗီဇာကိစ္စလျှော့ပေါ့ပေးခြင်း
ဆိုတဲ့အစိုးရအပေါ်မှာတိုက်ရိုက်သက်ရောက်နိုင်ပြီးပြည်သူလူထုကိုတကယ်အကျိုးပြုဖို့အလှမ်း
ဝေးတဲ့ဖွင့်ပေးမူ့အဆင့်ဟာလုံလောက်ခြင်းအလျင်းမရှိဘူးလို့ထင်မြင်ပါတယ်။အနောက်ဥရောပ
နိုင်ငံကြီးတွေရဲ့တောင်းဆိုမူ့တွေဟာအချို့အကြောင်းအရာတွေမှာအစိုးရကိုအချိန်ပေးဖို့လိုကိုလို
ပါတယ်။ဥပမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ငြိမ်းချမ်းရေးကိစ္စတွေမှာလိုအပြော
လွယ်သလောက်အလုပ်ခက်တာတွေရှိနေပါသေးတယ်။နိုင်ငံရေးအကျဉ်းသားတွေချွင်းချက်မရှိ
လွတ်ဖို့ဆိုတာကအတိုက်အခံတွေကသက်မှတ်တဲ့ပုံစံနဲ့အစိုး၇ကသက်မှတ်တဲ့ပုံစံကကွာမှာပါ။
ဒါပေမယ့်အဓိကကျတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုလွတ်ပေးမူ့နဲ့အစိုးရဟာနောက်ကြောင်း
ပြန်မလှည့်ဘူးဆိုတာကိုသက်သေပြခဲ့ပြီးပြီလို့မြင်ပါတယ်။KNUတောင်အကျဉ်းကျနေတဲ့သူတို့
တပ်ဖွဲ့ဝင်တွေကိုစီစစ်ပြီးလွတ်ပေးဖို့ပဲအစိုးရကိုတောင်းဆိုခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။
ပြီးတော့(ဆန်ရှင်)မရုပ်သိမ်းဘဲအစိုးရကိုဖိအားပေးတာနဲ့ရုပ်သိမ်းပြီးအစိုးရကိုဆွဲဆောင်တာက
ဘယ်အရာပိုကောင်းသလဲဆိုတာချိန်ထိုးစဉ်းစားဖို့လိုပါတယ်။ကျနော့်အမြင်တော့ရုပ်သိမ်းပြီး
အစိုးရကိုဆွဲဆောင်တာဟာပြည်သူလူထုကိုလည်းများစွာအကျိုးပြုနိုင်တယ်လို့ထင်မြင်တဲ့
အတွက်(ဆန်ရှင်)ရုပ်သိမ်းရေးဖက်ကိုသာထောက်ခံလိုပါတယ်။
လွတ်တော်အတွင်း(၂၅)ရာခိုင်နှုန်းတပ်မတော်ပါဝင်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုလက်မခံခဲ့ဘဲ
၂၀၁၀ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့တဲ့ဒေါ်စုကတော့ကြားဖြတ်ရွေးကောက်ပွဲဝင်ပါတော့မယ်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာတပ်မတော်ပါဝင်သင့်တယ်ဆိုတဲ့မှတ်ချက်ကိုကြားရတော့ထပ်
ပြီးအံ့သြမိပါတယ်။
ဘာပဲဖြစ်ဖြစ်ကြားဖြတ်ရွေးကောက်ပွဲကစပါတော့မယ်။(၄၈)နေရာသာဆိုပေမယ့်
ပြည်သူလူထုရဲ့ထောက်ခံကြည်ညိုမူ့ကိုရထားတဲ့ဒေါ်စုပါဝင်လာတဲ့ရွေးကောက်ပွဲ မို့(၂၀၁၀)
ရွေးကောက်ပွဲထက်များစွာသက်ဝင်လှုပ်ရှားနေပါတယ်။ဒီနေရာမှာပျို့လေးတစ်ခုကိုသတိရမိပါ
တယ်။
ဓားသွားလက်နက်
ဘယ်လောက်ထက်လည်း
စစ်နည်းဗျူဟာ
ဘယ်လိုသာလည်း
ပြည်သူ့နှလုံး
မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား
မကိုးစားလျှင်
ဓားသွားလည်းကြွေ
လှံလည်းခွေအံ့။
ဝန်ကြီးပဒေသရာဇာ(နန္ဒိသေနပျို့)
ပြည်သူ့နှလုံးကိုသိမ်းကြုံးထားနိုင်သောဒေါ်စုကိုပြည်သူတွေကကိုးစားနေကြပါတယ်။
လွတ်တော်ပြင်ပနိုင်ငံရေးကနေ၊လွတ်တော်တွင်းနိုင်ငံရေးကိုပါဝင်လာတဲ့ဒေါ်စု ရဲ့လှုပ်ရှား
ဆောင်ရွက်မူ့တွေပြည်သူ့အကျိုးကိုအမှန်တကယ်ဆောင်စေလိုတဲ့စေတနာအပြည့်နဲ့ပါ။
(ဒေါ်စုနှင့်တကွကိုမင်းကိုနိုင်တို့ကသူတို့အားနည်းချက်ကိုဝေဖန်ပါလို့ဆိုပေမယ့်သူတို့ကိုကြည်
ညိုလေးစားသူတွေကအဝေဖန်ကိုမခံကြပါ။ပြင်းပြင်းထန်ထန်တုန့်ပြန်ကြပါတယ်။ကျနော်က
တော့ကိုယ်မြင်တဲ့ဘက်ကသာရေးမိပါတယ်။ပဂ္ဂိုလ်ရေးမဟုတ်ကြောင်းတော့မှတ်ကျောက်တင်
ခံဝင့်ပါတယ်)
Nay Tun
http://www.facebook
ကဲသူတို့ ဘက်က ဘာကြောင့်အဝေဖန်မခံ ကြောက်လန့် တခြားရှောင်ပြေးနေရတာလဲ အမှန်တွေးကြည့်သူတို့ ကိုယ်တိုင်ဘာမှန်းမသိ လိုက်ပီးတိုက်ခိုက်မှုအစိုးရကို ပြန်ခံဖို့ တာချောင်းနေလို့  ပါဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေလဲ သူတို့ ဘက်ကချည်းဘဲသွေးဆူအောင်လုပ်တယ် ဒါကို သိသင့်ပါတယ် ။ အရာရာမှာ သူ့ ကိုလက်လျောပေးနေမယ်ဆိုရင် ကမ္ဘာပညာရှင်တွေ နိုင်ငံရေးကျွမ်းကျင်သူ များ ကရော နောက်ခံဘယ်သူတွေပါလာပီး ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ပေးပီးမှားယွင်းတဲ့ချိန်မှာ  မရတော့ပါဘူးဘာလို့ လဲဆိုတော့ အင်းအားကြီးနိုင်ငံတစ်ခုရဲ့စိုက်ဝါးကို ပြည်သူအားလုံးမိနေပီးဆိုတာသတိထားစေချင်လို့ ဖြစ်ပါတယ်။
လေးစားစွာဖြင့်

0 comments:

Post a Comment


Popular Posts