'
အမိမြေ

မြန်မာအစိုးရနှင့် KNU ငြီမ်းချမ်းရေး ဆက်လက်ဆွေးနွေး

မြန်မာအစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) အကြား အပစ်အခတ်ရပ်စဲရေး ပမာဏသဘောတူညီလက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆက်လက်လုပ်ဆောင်နေဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံးငြိမ်းချမ်းရေးဆွေးနွေးရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောနှင့် မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။

နယူးယောက်တိုင်းမ်း အင်တာနက်စာမျက်နှာတွင် ဖေဖော်ရီလ ၃ ရက်နေ့က  မြန်မာအစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေုးထိုးထားခြင်း မရှိသေးဟု KNU အထွေထွေ အတွင်းရေးမှူး နော်ဘိုးရာစိန်နှင့် ဒေးဗစ်သာကဗောတို့ကို တွေ့ဆုံမေးမြန်းရေးသားထားသည်။

"အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ပဒိုစောဒေးဗစ်ထောက ဆိုသည်။

အဆိုပါဆောင်းပါးပါ ကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးလိုခြင်းမရှိကြောင်း၊ လက်ရှိ အပစ်အခတ်ရပ်စဲရေး ပဏာမ လက်မှတ်ရေး ထိုးမှုမှာ နှစ်ဖက် အကျေအလည်ဆွေးနွေးပြီးမှသာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအစိုးရအနေနှင့် အပစ်အခတ်ရပ်စဲရေးကို အသိအမှတ်ပြုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU မှလည်း စနစ်တကျဆုံးဖြတ်ပြီး ဒုတိယအဆင့် ဆွေးနွေးရန် စနစ်တကျ စီစဉ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအစိုးရ နှင့် KNU တို့သည် ဇန်န၀ါရီ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပတ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ အပါအ၀င် အချက် ၅ ချက်ပါ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ပဒိုစောရောဂျာခင်၊ ပဒိုစော အောင်မော်အေး၊ ဗိုလ်မှူးချုပ် စောဂျော်နီ အပါအ၀င် ၁၉ ဦးတက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။


သွေးချင်းနီးဖို့ လိုလာပီ ဒို့ ပြည်အရေးဖြည့်တွေးပေး
တိုင်းရင်းသား  ပြည်သူပေါင်းစည်းရေး
ပေးဆပ်ခဲ့တဲ့ အသက်တွေလည်း
ရင်ခုန်တုန်းတာရှိခဲ့ရင်
ဘယ်သို့ ဝမ်းသာရှိမည်နည်း
အမှန်စစ်သည်လိုလား
ပြည်သူ့ တွက်ငြိမ်းချမ်းရေးတည်း
ပြည်သူ့ အကျိုးဆောင်ရည်မျော် 
သွေးခွဲစကားတို့  မလိုလား
ပြည်သူအားလုံးဝိုင်းဝိုင်းဖယ်ရှား။
လေးစားစွာဖြင့်
ကနောင်စစ်သည်




0 comments:

Post a Comment


Popular Posts