'
အမိမြေ

EC ကော်မရှင်နာ မင်းကြီး Andris Piebalgs က အစိုးရသစ် အပေါ် အံ့အားသင့် ကျေနပ်မိ


၃ရက်ကြာ ခရီးစဉ် ပြီးနောက် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ သိသာ ထင်ရှားသည့် ပြောင်းလဲမှုနှုန်းအပေါ် အံ့အားသင့် ကျေနပ်မိကြောင်း ယနေ့ ညနေ ငါးနာရီက Chatrium Hotel ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် EC ကော်မရှင်နာ မင်းကြီး Andris Piebalgs ကပြောကြားသည်။ ဆက်လက်၍ အဆိုပါ အချက်များသည် EU မှမြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားမှုများကို ဖယ်ရှားနိုင်ရန် ဦးတည်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ယင်းကိစ္စရပ်များကို လာမည့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ခြုံငုံသုံးသပ် သွားမည်ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံအား လာမည့် နှစ် နှစ်အတွင်း EU ၏ကူညီထောက်ပံ့ရေး အစီအစဉ်တွင် ယူရိုငွေ သန်း၁၅၀ ကူညီမည်ဖြစ်ပြီး ထိုပမာဏသည် ၁၉၉၆ ခုနှစ်ကတည်းကပေးအပ်ခဲ့သော EU ကူညီထောက်ပံ့ရေးငွေကြေးပမာဏထက်နှစ်ဆများသည်ဟုသိရသည်။
" UN နဲ့ NGO တွေကနေတဆင့်သွားမယ့်ဒီရန်ပုံငွေကကျန်းမာရေး၊ပညာရေးနဲ့အသက်မွေးဝမ်းကျောင်းကိစ္စရပ်တွေအတွက်ဖြစ်ပါတယ် " ဟု Andris Piebalgs ကဆိုသည်။


0 comments:

Post a Comment


Popular Posts