'
အမိမြေ

စစ်သားနဲ့ ၁၄ ဖေဖေါ်ဝါရီ ( ပေးစာ ၉ )


အမှန်တော့ ငါတို့ တွေ တပ်ထဲရောက်ထဲက
အချစ်ငတ်နေခဲ့ကြတာပါ သွေးတွေကတော့ရဲလို့ 
ချစ်သူထက် တိုင်းပြည်ကိုပေးဆပ်ခြင်လို
ဒါပေမဲ့ စစ်သားဖြစ်နေတော့ ၁၄ရက်နေ့ မသိဘူး ...........

... ပျော်နိုင်ကြပါစေချစ်သူတိုင်း ငါတို့ တော့မင်းတို့ ပျော်တာလေးတွေကို စောင့်ေ၇ှာက်ရင်း
ကျေနပ်နေရယုံပြင် ဘာတတ်နိုင်မလဲကွယ် ငါတို့ကစစ်သားလေ.......

စစ်မိန့် သံတွေဘဲ ထွက်နေတဲ့ငါတို့  နှုတ်ခမ်းတွေ
ချိုမြိန်တဲ့ အချစ်တွေ ဘယ်ချိန်ထွက်လာမှာလဲ
ငါတို့ မသိဖူး ငါတို့ ကမင်းခယောကျာင်္းလေ
မထွက်နိုင်ဖူးဆိုတာ မချစ်တတ်လို့ မဟုတ်ဖူးနော်
တိုင်းပြည်နယ်စပ်မှာ သေနတ်တစ်လက်နဲ့........

အချစ်မကင်းလို့ ခြုံထဲကင်းစောင့်နေတာပါ
ချစ်ချင်တာပေါ့ကွယ် ငါတို့ လည်းလူတစ်ယောက်ဘဲ
လွမ်းတတ်တာပေါ့ ငါတို့ လည်းလူတစ်ယောက်ဘဲ
တွေးတာပေါ့့ ငါတို့ လည်းဒုက္ခတွေ ဘယ်ခံချင်မလဲ.....

ဒါပေမဲ့ မရဖူးလေ မင်းမှနားချင်အိပ်ချင်ပျော်နေချင်ရင်
မင်းပြည်သူတွေ ကာကွယ်ဖို့ ဘယ်သူလုပ်မှာလဲ
အော်ဒီလိုတွေးတော့လဲ ငါမချစ်ရပေမဲ့
အချစ်မငတ်ပါဖူး ပျော်လိုက်တာ.......

ဒီအတွေး လက်ဖက်ရည်ကြမ်းတစ်ခွက်
စောင်ခြားခြုံရင်း ပြောင်းသေနတ်နှုတ်ခမ်းတေ့
ငါတို့ အတွေး ၁၄ရက်နေ့မှာ
ချစ်သူနဲ့ဝိုင်နဲ့ တီလုံးသံကြား
ပျော်နေမှာဘဲ ပြည်သူတွေ.......

အော်ဒီလိုတွေးရင် ဖြေသိမ့်ကြည်နှုးပေးရင်
ငါတို့ ပေးဆပ်ခဲ့တာ နောက်ထပ်၁၄ရက်
တစ်နှစ်ပြည့် ၂၀၁၂ရောက်ပီပေါ့
ဆောင်းတွင်း အရာရာလှပနေသလို

လူတိုင်း နှလုံးသားလေးအောက်မှာ
ဖြူစင်စွာနေ နိုင်ဖို့  ပျော်ရွင်နိုင်ကြဖို့ 
ငါတို့ တွေ ခရီးထွက်နေတာ
အချစ်ရေးထက် စစ်ရေးခက်နေတယ်လေ
အော် ၁၄ရက်နေ့  အချစ်မသိနိုင်ပါ....

အချုပ်အခြာအာဏာ ကိုကာကွယ်ရန်
ပေးဆပ်ရင်းနဲ့  င့ါတို့ချစ်သူနဲ့ 
မိဘနဲ့  သားမယားအချစ်ဆုံးတွေနဲ့ 
ဝေးရတာဘဲ ဟိုးအဝေးမှာကြည့်လိုက်စမ်း........

မီးရောင်ပြပြလေး အောက်မှ
ပြည်သူချစ်သူ အတွဲလေးတွေ
လက်ချင်းတွဲနေတယ် ၁၄ရက်နေ့ မှာ
ပျော်ရွင်စွာ အပြုံးလေးတွေနဲ့ .........

ချစ်ရည်စွန်းတဲ့ မျက်လုံးလေးတွေနဲ့ 
တစ်ယောက်ကိုတစ်ယောက် ကြည့်လို့
ကြည်နှုးနေလိုက်ကြတာ တန်ပါတယ်
ငါတို့ ချစ်သူတွေနဲ့ ခွဲပေးရတာ........

ငါတို့ တွေရဲ့ ပေးဆပ်ခြင်းတွေကြောင့်
ချစ်သူတွေတိုင်း အပြုံးတွေ လှပ
ပျော်ရွင်ကြည်နှုးနိုင်ကြတယ်လို့  တွေးရင်း
အိုသွေးသောက်ပြုံးလိုက်ပါ။


၁၄ရက်နေ့ မှာ ချစ်သူနဲ့ သားမယားနဲ့ အတူမရှိနိုင်တဲ့
တပ်မတော်သားများကို လေးစားစွာဖြင့်
ဖိုးသားလေး
 

2 comments:

Anonymous said...

တပ်မတော်သား ရဲ့ ချစ်သူဖြစ်ရတာ ဖေဖော်ဝါရီ14 ဆိုတာ သူများကို အားကျနေရတာပါ
ချစ်သူသက်တမ်3း နှစ်မှာတစ်ခါမှ မရဘူးဘူးနော်

Anonymous said...

ဟုတ်ပါတယ်...ဘယ်လောက်ပဲချစ်ချစ် သူများစုံတွဲတွေပျော်ရွှင်နေချိန်မှာ တပ်မတော်သားတွေရဲ့ ချစ်သူတွေကတော့ ငေးမောနေရရုံပါပဲ...

Post a Comment


Popular Posts