'
အမိမြေ

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရန် စီစဉ်


လာမည့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြော ကြားသည်။ အဆိုပါ သန်းခေါင် စာရင်းကောက်ခံ အဆင့်လေးဆင့် သတ်မှတ်ပြီးဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ အဆင့် ၁ အနေဖြင့် ကြိုတင်ပြင် ဆင်သည့် ကာလဖြစ်ပြီး အချိန် ၃၅ လကြာမြင့် မည်ဖြစ်ကြောင်း၊ အဆင့် ၂ အနေ ဖြင့် စာရင်း ကောက်ယူသည့် ကာလဖြစ်ပြီး၊ အဆင့် ၃ အနေ ဖြင့် စာရင်းများပြုစုသွားမည်ဖြစ်ကာ နောက်ဆုံး အဆင့် အနေဖြင့် စာရင်းအတိအကျ ထုတ်ပြန်သွား မည်ဖြစ်ကြောင်း၊ အစီစဉ် တစ်ခုလုံးအတွက် အချိန် လေးနှစ် နီးပါးကြာမြင့် မည်ဖြစ်ကြောင်းဆိုသည်။
“စာရင်းကောက်တဲ့ အခါမှာ ကြိုတင်ပြင်ဆင် တဲ့အနေနဲ့ အခြေခံ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာကို မြို့နယ် အဆင့်လ၀ကက နေတိုင်းကိုပို့ ပြီးရင် ဗဟို ကိုပို့ပြီးအထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနတွင် ရှိသော စာရင်းနှင့် ပြန်လည် ချိန်ကိုက်ရ မယ်။ ပြီးရင် ကျား၊မ ဘယ်လောက်ရှိတယ်ဆိုတာ အခြေခံ စာရင်းတွေ ကောက်ရမယ်။ ဒါပြီးရင် မြေပုံ တွေဆွဲရမယ်။ မြေပုံ ငါးမျိုးမှာ ရပ်ကွက်တစ်ခုချင်း၊ လမ်းတစ်ခုချင်း၊ အိမ်တွေ တစ်ခုချင်း၊ မြေပုံတွေ ဆွဲရမယ်။ ဒါတွေ အားလုံးပြီးရင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်သွားမယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောကြားသည်။
ထိုသို့စာရင်း ကောက်ယူရာတွင် ပြည်သူများ အားမေးခွန်း ၄၀ ကျော်မေးမြန်းပြီး ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၇ ရက်အတွင်း ပညာရေး ၀န်ထမ်း များကဦးဆောင် ကောက်ယူ မည်ဖြစ်ကြောင်းသိရ သည်။
ထွန်းလင်း

မြန်မာ့ပို့စ် ဂျာနယ်မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment


Popular Posts