'
အမိမြေ

ပုခုံးထက်က ငွေကြယ်တပွင့် အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ………

ပုခုံးထက်က ငွေကြယ်တပွင့်
အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ………..။
ပေးအပ်ထားတဲ့  အသက်
နှင်းအပ်ထားတဲ့  ခန္ဒာ…………
ငါသေမှ ငါမြေရမယ်ဆိုတဲ့ စိတ်နဲ့ ပေါ့………….။

မြစ်ချောင်းတွေလည်းဖြတ်………
ထမင်းတွေလည်းငတ်………..
တောတောင်တွေလည်းတက်ခဲ့ ဖူးပြီ
ခက်ခဲ တဲ့ နေရက်တွေလက်ချိုးရေ…
ဒို့ မြေကို ကာကွယ်ရမယ်ဆိုတဲ့  အသိစိတ်နဲ့ ပေါ့………………။

ပေးဆပ်ခြင်းတော့  ဘယ်တူမလဲ
သွေးခြင်းတူတောင် ရဲနေရမယ်…….
သမိုင်းပေးပဲဆိုဆို
တာဝန်လိုပဲပြောပြော
ငါတို့ သဘောတော့ …………
ရဲ့ ဝံ တဲ့ စိတ်ဓါတ်
မွန်မြတ်သော အလုပ်
တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုတဲ့  ရည်မှန်းချက်နဲ့ ပေါ့……….။
ကျောပိုးအိတ်ကို ခေါင်းအုံးအိပ်
ဟန်းကောကို ပန်းကန်လုပ်
အပူရုပ် ငါတို့ ကိုယ်မှာ
တခါတလေ တော့  အေးချမ်းချင်တာပေါ့ ……..။

စွန့် စားမှု့ အတွက် ဂုဏ်ယူတာမဟုတ်ပါဘူး…
စွန်းလွှတ်နိုင်မှု့ နဲ့  ဂုဏ်ယူတာပါ…။
ရယူခြင်းနဲ့  တာဝန်ယူနေတာမဟုတ်ပါဘူး……..
ပေးဆပ်ခြင်းနဲ့  တာဝန်ထမ်းရွက်နေတာပါ…….။
တကယ်တော့ လေ…………

ပုခုံးထက်က ငွေကြယ်တပွင့်
အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ………..။




(မင်းသန့် )


http://facebook.com

0 comments:

Post a Comment


Popular Posts