'
အမိမြေ

ကက်သရင်းအက်ရှ်တန်၏ သမိုင်းဝင် ပထမဆုံး ခရီးစဉ်အပြီး ပိတ်ဆို့မှု အားလုံး ပယ်ဖျက်မည်ဟု ယူဆ

By Pyi Myanmar

EU ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စကက်သရင်း အက်ရှ်တန် အနေဖြင့် သူ၏ သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ လာမည့် ဧပြီလတွင် လာရောက်မည်ဖြစ်ကာ ယင်းအလည်အပတ် ခရီးစဉ်တွင် ပိတ်ဆို့မှု ပယ်ဖျက်ပေးရေး အတွက် သေချာပေါက်နီးပါး ဖြစ်ပေါ်လာလိမ့်မည်ဟု ယူဆကြောင်း ပြည်တွင်းမှ နိုင်ငံရေးနှင့် စီးပ...ွားရေး လောကမှ ထင်ရှားသူအချို့က ၂၄-၁-၂၀၁၂ ရက်တွင် သုံးသပ် ပြောကြားသည်။




ကက်သရင်း အက်ရှ်တန်အနေဖြင့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားကို လာရောက် လေ့လာရန်နှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ပယ်ဖျက်ရန် လာရောက် လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ “လက်တွေ့မြင်မှ ယုံကြည်မယ် ဆိုသလိုပဲ။ အနီးကပ်လာကြည့်မှ ယုံကြည်မှုတွေ တိုးပွားစေမှာပါပဲ။ မြန်မာအစိုးရအပေါ် လာရောက် လေ့လာတာ ဖြစ်သလို မြန်မာက အသင်း အဖွဲ့အစည်းကြီးတွေကိုလည်း ဝင်ရောက် လေ့လာ တွေ့ဆုံသွားပါလိမ့်မယ်။ အသင်းချုပ် အနေနဲ့ကတော့ လက်ရှိအနေအထား အရှိကို အရှိအတိုင်း ရှင်းပြသွားမှာပါပဲ။ ပိတ်ဆို့မှုတွေ ပယ်ဖျက်သွားလိမ့်မယ်လို့ တွက်ဆထားသလို အစိုးရနဲ့ ပြည်သူလူထုက အလုပ်စွမ်းအား (Capacity) ထိန်းညှိပြီး လုပ်ဆောင်သွားဖို့ လိုတယ်” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။




“မြန်မာနဲ့ EU ရဲ့ ဆက်ဆံရေးက ဧပြီလမှာတော့ အရေးကြီးဆုံး ကာလတစ်ခု ဖြစ်လာပါပြီ။ ဧပြီလမှာ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ကိစ္စနဲ့ ကက်သရင်းအက်ရှ်တန်ရဲ့ ခရီးစဉ်က အများကြီး ဆက်စပ်နေတယ်။ ဧပြီမှာ သူတို့က ပြန်လည် ဆွေးနွေးကြမှာဖြစ်ပြီး မြန်မာပြည်ကို လာရောက်ခြင်းက ကောင်းသော ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ အနေအထားကို မြင်တွေ့ပြီး ပိတ်ဆို့မှု ပယ်ဖျက်ဖို့ ဆွေးနွေးကြပါလိမ့်မယ်” ဟု သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားသည်။




“EU အကြီးအကဲအနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေကို အချက်သုံးချက်အရ လာတွေ့တာ ဖြစ်နိုင်တယ်။ ပိတ်ဆို့မှုတွေ ပယ်ဖျက်ဖို့၊ မြန်မာအစိုးရသစ် တက်ပြီးကတည်းက EU အကြီးအကဲအနေနဲ့ သူ့ကိုယ်သူ နိုင်ငံအားလုံး ကိုယ်စားပြု မိတ်ဆက်ဖို့နဲ့ မြန်မာနိုင်ငံမှာ EU ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လာတာဖြစ်မှာပါ။ အဖွဲ့အစည်းတွေကို လာတွေ့တဲ့ အချိန်မှာတော့ ပြောလို့ရသမျှ တိုက်တွန်းလို့ ရသမျှကို တိုက်တွန်း ပြောကြားသွားမှာပါ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြောကြားသည်။ EU အနေဖြင့် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံသွားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။


အေဝိုင်အီ;

0 comments:

Post a Comment


Popular Posts