'
အမိမြေ

 မြန်မာနှင့်အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု ပြန်လည် စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် ကွန်ဂရက်သို့ သမ္မတအိုဘားမား အစိုးရ ညွှန်ကြားထား


မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဆောင်ရွက်မှု ပြန်လည်စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရန် ကွန်ဂရက်လွှတ်တော်သို့ သမ္မတအိုဘားမားအစိုးရက ညွှန်ကြားထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ တစ်ဆင့် သမ္မတအိုဘားမားအစိုးရက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ဆန္ဒရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ပြန်လည်စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရန် ကွန်ဂရက်လွှတ်တော်သို့ သမ္မတအိုဘားမားအစိုးရက ညွှန်ကြားထားကြောင်း အဆို ပါသတင်းတွင် ဖော်ပြထားသည်။
ကွန်ဂရက်လွှတ်တော်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန်နှင့် စီးပွားရေးနှင့် အခြားအထောက်အပံ့များကို ပံ့ပိုးနိုင်ရန် စသည့်ကိစ္စရပ်များကို မကြာမီ ကိုင်တွယ်ဖွယ် ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်းကန့်သတ်မှု၊ သွင်းကုန်တင်ပို့ခြင်း ကန့်သတ်မှုများ အစရှိသည့် အရေးယူပိတ်ဆို့မှုများကို လျော့ချရုပ်သိမ်း သွားနိုင်ရန် Road Map  ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတအိုဘားမားအစိုးရက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံ ကြားကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဆောင်ရွက်မှု ပြန်လည်စတင်နိုင်ရန် စည်းမျဉ်းများ ဖြေလျော့ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရန် .  .  . 
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ''ကျွန်မအနေနဲ့ ပြောချင်တာ ကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီး လက်တွဲလုပ်ချင်ပါတယ်။ တကယ်လို့ ဒီထက်ပိုပြီး ဒီမိုကရေစီ ထွန်းကားရေးဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်း ရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ စတင်ဆောင်ရွက်မယ်၊ ပြီးတော့ လွတ်လပ်မျှတပြီး ယုံကြည်နိုင် လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အမေရိကန်က ဘယ်လိုအကူအညီမျိုးကို ပေးနိုင်မလဲဆိုတာကို အနီးကပ်ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ မြန်မာလူမျိုးတွေဟာ နှစ်ပေါင်းများစွာ အခက်အခဲတွေကို သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ နေရာမှန်တစ်ခုမှာ ရှိနေမှုပါ'' ဟု ပြောကြားခဲ့သည်။
ဲမြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားရုံသာမက လူ့အခွင့်အရေးမှတ်တမ်းများနှင့်ပတ်သက်၍ အဓိကဝေဖန်နေသူဖြစ်သည့် အမေရိကန်နိုင်ငံက ယခုကဲ့သို့ ဆက်ဆံပြောကြားလာမှုများသည် မြန်မာနှင့် အမေရိကန်ကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာမည့် အလားအလာများ ရှိလာရုံသာမက မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး အလွန်အမင်း မှီခိုနေရမှုမှ လျော့ကျလာ စေမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အလယ်တွင် နေရာမှန်၌ ရပ်တည်နိုင်မည့် အခွင့်အလမ်းများ ရှိနေခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ထိုက်တန်သောနေရာကို ပြန်လည်ရရှိရန် နီးကပ်လာပြီဟု ဆိုရမည်ဖြစ် သည်။      

Ref : http://www.news-eleven.com/
   

0 comments:

Post a Comment


Popular Posts