'
အမိမြေ

NLD ပါတီဝင်များ စည်းမရှိ ကမ်းမရှိ သရုပ်ပျက်စွာ သွားလာနေထိုင်နေ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မြိတ်မြို့ နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ယနေ့ (၂၁.၁.၂၀၁၂) ရက်နေ့မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ နိုင်ငံတော် အတွက် တာဝန် ထမ်းဆောင်မယ့် ပါတီတွေ ကိုယ်စားလှယ်တွေ တိုးပွားလာတာမို့ အပြစ်ပြောစရာမရှိပါဘူး။ ဒါပေမယ့် အဲလိုနိုင်ငံတော်နဲ့ ပြည်သူအတွက်ဆိုပြီး အော်နေပြောနေကြတဲ့ NLD ပါတီဝင်တွေ အနေနဲ့ ကိုယ့်ရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေက နိုင်ငံနဲ့ပြည်သူက အမှန်တကယ် အားကိုးရရဲ့လား၊ အားကိုးထိုက်သင့်သလား ဆိုတာကတော့ သေချာစဉ်းစားစရာပါပဲ။ 

တိုင်းပြည်အတွက်ပါဆိုတဲ့ သရုပ်ပျက်ပုံစံနဲ့ NLD ပါတီဝင်တစ်ယောက်


ပုံမှာ တွေ့ရတဲ့အတိုင်း NLD ပါတီဝင် တစ်ဦးရဲ့ အပေါ်က ပင်နီတိုက်ပုံ၊ အောက်က လုံချည်နဲ့ ပါးမှာကျတော့ သရုပ်ပျက် မလိုက်ဖက်တဲ့ NLD အမှတ်တံဆိပ်ကို ကပ်ထားပါတယ်။ အဲလို နဖူးတွေ ပါးတွေမှာ
စတစ်ကာတွေ ကပ်ကြတာ တွေ့ဖူးတာကတော့ ဘောလုံးပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာပါပဲ။ ခုတော့ မဆိုင်တဲ့နေရာတွေမှာပါ ကပ်ပြီး စည်းမရှိကမ်းမရှိတွေ ဖြစ်လာရတာတွေ့နေရပါတယ်။ အမှန်တကယ်ဆို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်ထမ်းဆောင်မယ့် လူများအနေနဲ့ မိမိတို့ကို အားကျလာအောင်၊ လေးစားလာအောင်၊ ယုံကြည်မှုရှိလာအောင်နေတတ်ထိုင်တတ်ရမယ့် အစား ယခုလိုသရုပ်ပျက်စွာနဲ့ မိမိတို့ ပါတီရဲ့ အဆင့်အတန်းကို ဖော်ပြနေတာပါပဲ။ NLD ပါတီကလည်း ပါတီဝင်တွေ အတွက် အရည်အချင်းမလိုဘူးဆိုပြီး လျှောက်လွှာတွေ ခေါ်ကတည်းက ကြေညာ ထားပြီးသားမို့ ပါတီအထဲကို ဒီလို အဆင့်မရှိ၊ သရုပ်ပျက်ပြုမှုနေထိုင်တတ်သူတွေ ရောက်လာတာ အဆန်းတော့မဟုတ်ပါဘူး။ အရင်တည်းက ပါတီဝင်အင်အားများရင်ပြီးရော ဆိုပြီး စိစစ်မှုမရှိ ၀င်ချင်သလို ၀င်ခွင့်ပေးထားတာက NLD ရဲ့ မူဝါဒကြောင့် ဒီလိုတွေ မြင်တွေ့နေရတာပါပဲ။

NLD ကို ၀င်ကြတဲ့ လူငယ်တွေကိုလည်း မေးချင်ပါတယ်။ ဗိုလ်ချုပ်သမီးဆိုတဲ့ အရှိန်အ၀ါကြောင့်လား။ NLD ရဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်မှုရှိလို့လား။ ဒါမှမဟုတ် ဈေးရောင်းလိုက် ဂီတပွဲလုပ်လိုက်နဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်စရာကောင်းတဲ့ ပါတီတစ်ခုဖြစ်လို့လား။ ထမင်းအလကားစားရလို့လား။  မိမိကိုယ်တိုင်က အမှန်တကယ် တိုင်းကျိုးပြည်ကျိုးကို ထမ်းဆောင်ချင်တယ်ဆို ဘယ်ပါတီမှ မဟုတ်ပါဘူး။ ၀င်ချင်တဲ့ ပါတီဝင်ခွင့်ရှိပါတယ်။ သို့သော် မိမိဝင်တဲ့ ပါတီက နိုင်ငံတော်အကျိုးကို အမှန်တကယ် ထမ်းဆောင်နိုင်တဲ့ ပါတီတစ်ခုဖြစ်လား မဖြစ်လားဆိုတာကိုတော့ စဉ်းစား သုံးသပ်ဖို့ လိုပါတယ်။ အခုလို သရုပ်ပျက်မှုတွေ ၊ စည်းကမ်းမဲ့ မှုတွေနဲ့ ပြည့်နေတဲ့ ပါတီမျိုးကို ရွေးချယ်မိရင်တော့ မိမိရဲ့ တိုင်းပြည်တိုးတက်မှုမှာ တတပ်တအားပါဝင်ချင်တဲ့ စိတ်တွေ၊ လုပ်အားတွေဟာ အလကားဖြစ်ပြီး ဆုံးရှုံးရပါလိမ့်မယ်။ 

ဒါကြောင့်မို့ NLD အနေနဲ့လည်း စည်းရှိကမ်းရှိပါတီ တစ်ခုဖြစ်ချင်တယ်ဆို စည်းမဲ့ကမ်းမဲ့ အပြုအမူမျိုးလုပ်တဲ့ လူတွေကို ပါတီကနေဖယ်ထုတ်ပြီး မိမိပါတီကို စည်းကမ်းတကျဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီး ပျော်ပါးနေမယ့်အစား မိမိပါတီဝင်တွေကို ဒီမိုကရေစီနဲ့ ထိုက်တန်အောင် ဘယ်လို စည်းကမ်းတကျနေရမယ်ဆိုတာ ပါတီတွင်း သင်တန်းတွေ ပေးပြီး သင်ကြားပြသသင့်တယ်လို့ ရွှေမြန်မာက အကြံပြုချင်ပါတယ်။


ရွှေမြန်မာမှ ကူးယူဖော်ပြသည်
 

0 comments:

Post a Comment


Popular Posts