'
အမိမြေ

အမေရိကန် CIA သူလျှိုအား အီရန်တရားရုံးမှ သေဒဏ်ချမှတ်


alt

ဇန်နဝါရီ ၉။   ။ အမေရိကန် CIA စပိုင်တစ်ဦးဖြစ်သူ အေမိုင်မာဇိုင်း ဟက်မက်တီ အား အီရန်တရားရုံးမှ သေဒဏ်ချမှတ်လိုက် ကြောင်း သိရသည်။
ဟက်မက်တီသည် အသက် ၂၈ နှစ်ရှိပြီဖြစ်သော အမေရိကန် မရိမ်းတပ်မှ လေ့ကျင့်ပေးထားသော CIA အဖွဲ့ဝင် သူလျှိုတစ်ဦးဖြစ်ကြောင်း သိရသည်။ သူသည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်နေထိုင်သူဖြစ်ပြီး ၂၀၀၁ ခုနှစ်က အမေရိကန် စစ်တပ်သို့ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဟက်မက်တီတာဝန်ထမ်း ဆောင်စဉ်တွင် အာရပ်ဘာသာပြန်တစ်ဦးအနေဖြင့် ဖြစ်ပြီး နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် မရိမ်းတပ်၏ လေ့ကျင့်ပေးမှုဖြင့် CIA စပိုင်တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် အီရန်သို့ သွားရောက်ရန်စေလွတ်ခံ ခဲ့ရပြီး အီရန်နိုင်ငံတွင်းမှ လျှို့ဝှက်သတင်းအချက်အလက် များကို ပေးပို့ရသော အမေရိကန် စုံစမ်းထောက် လှမ်း ရေးအဖွဲ့ (စီအိုင်အေ)မှ အားထားရသည့် သူလျှိုတစ်ဦးဖြစ်လာခဲ့သည်။
သို့သော် ၂၀၁၁ နှစ်ကုန်ပိုင်းခန့်တွင် အီရန်စစ်တပ်၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က အီရန်နိုင်ငံပိုင် သတင်းရုပ်သံတစ်ခုမှ ထုတ်လွင့်ပြသခဲ့သည်။ ဟက်မက်တီ မတိုင်မီ အခြားသော အမေရိကန် စပိုင်များစွာကိုလည်း ဖမ်းဆီးခဲ့ဖူးသည်။ ယခုတစ်ခါ ဖမ်းဆီးရမှုအတွက် အီရန်မှ မငဲ့ညာပဲ သေဒဏ်ကိုသာ ချမှတ်ခဲ့သည်။ သို့သော် ဟက်မက်တီ အယူခံဝင်ရန် ရက် ၂၀ အချိန်ရသေးသည်။
မည်သို့ပင်ဆိုစေကာမူ သေဒဏ်ချမှတ်ခံထားရပြီးဖြစ်သည့် ဟက်မက်တီအတွက် အမေရိကန်တို့မှ မည်သို့မျှ မတတ်နိုင်တော့ချေ။ ထိုသို့ချမှတ်မှုအပေါ် ပြင်းထန်လွန်းပြီး မပြုလုပ်သင့်သည့် အမှားတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။
လက်ရှိ အမေရိကန်နှင့် အီရန်တို့သည် နျူကလိယစွမ်းအင်ကိစ္စရပ်အတွက် တစ်ဖက်နှင့်တစ်ဖက် မုန်းတီးနေကြသော နိုင်ငံများဖြစ်ပြီး တိုက်ပွဲဖြစ်ရန် အလားအလာများသောအခြေအနေတွင်ရှိသည်။ ယင်းကဲ့သိုအခြေအနေတွင် အီရန်တို့၏ဆုံးဖြတ်ချက်အပေါ် အမေရိကန် အိမ်ဖြူတော်အစိုးရအဖွဲ့မှ အပြင်းအထန် ရှုံ့ချခဲ့သည်။ မကြာသေးမီရက်ပိုင်း အီရန်သင်္ဘောသားများအား ဆိုမာလီဓားပြလက်မှ ကယ်ဆယ်ပေးခဲ့သည့် ကျေးဇူးကိုမထောက်သည့် အီရန်တို့အား အမေရိကန်တို့မှ မည်ကဲ့သို့သော သံယောဇဉ်မျှမရှိကြောင်း သံတမန်ရေးရာဆက်ဆံမှုလုံးဝမလုပ်သင့်သည့်နိုင်ငံတစ်နိုင်ငံဟု မှတ်ချတ်ချခဲ့ ကြောင်း သိရသည်။

0 comments:

Post a Comment


Popular Posts