'
အမိမြေ

KIA က ရပ်နားခိုင်းသဖြင့် ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းများရပ်ဆိုင်း

လုံးခင်း-ဖားကန့်  ကျောက်စိမ်းလုပ်ကွက်များကို google မှတွေ့မြင်ရပုံ 

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ဇန်န၀ါရီလ ၄ ရက်မှ စတင်၍ရပ်နားခဲ့ကြောင်း၊ငြိမ်းချမ်းရေးညှိနှိုင်းမှုတွင် အဆင်မပြေသည့်အတွက်ကေအိုင်အေက လုပ်ငန်းများ ရပ်နားခိုင်းသဖြင့် ယခုကဲ့သို့ရပ်နားရခြင်းဖြစ်ကြောင်း ထို့အပြင် ဖားကန့်ဒေသသို့ လမ်းအဆက်အသွယ် ကိုလည်းကေအိုင်အေမှ ထိန်းချုပ်ထားသည့်အတွက် ဖားကန့်ဒေသတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး ယနေ့မှ လမ်းခေတ္တပြန်ဖွင့်သဖြင့် ဒေသအတွင်းမှ အလုပ်သမားများ နေရပ်သို့ ပြန်ရကြောင်း အဆိုပါဒေသ ရှိ ကျောက်တူးဖော်ရေးအလုပ် လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 7 Days သတင်းဂျာနယ် ၏ facebook တွင် ဖေါ်ပြထားပါသည် ။

 ထို့အပြင် ကေအိုင်အေဖွဲ့သည် ဆပ်ကြေးတောင်းယူမှုများလည်း ယခင်ကထက်ပိုများလာသည် ဟု ကျောက်တူးဖော်ရေး လုပ်ငန်းရှင်အချို့ကပြောကြားပါသည်။ ဒုက္ခသည်များကို အကြောင်းပြု၍ ကုမ္ပဏီအကြီးတစ်ခုကို ကျပ်သိန်း ၁၀၀၀မှ သိန်း ၁၀၀၀၀ ထိတောင်းယူမှုများရှိကြောင်းသိရှိရပါသည် ။

Ref : Voice of myanmar

0 comments:

Post a Comment


Popular Posts