'
အမိမြေ

KIA ဗိုလ်မှူးကြီး ဦးလ၀ါးဇောင်းခေါင် အသဲကင်ဆာရောဂါဖြင့်ကွယ်လွန်

 
ကေအိုင်အေအဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဦးလ၀ါးဇောင်းခေါင်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး လိုင်ဇာဌာနချုပ်မှာရှိတဲ့ အာဇာနည်ကုန်းမှာ ဆုတောင်းသင်္ဂြိုလ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ကချင်ဒီမိုကရေစီတပ်မတော် (NDAK)အဖွဲ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ခွဲထွက်ခဲ့သည့် အချိန်တွင် ဦးလ၀ါးဇောင်းခေါင်သည်(NDAK)ဥက္ကဋ္ဌ ဦးဇခုန်တိမ်ယိမ်းနှင့် ပူးပေါင်းခဲ့ပါသည်။ (NDAK) အဖွဲ့အစည်း အခြေအနေယိမ်းယိုင်နေချိန်မှာတော့ (KIA) အဖွဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ သာကူးတစ်ဦးပင် ဖြစ်ပါသည်။

ကေအိုင်အေအဖွဲ့အနေဖြင့် ဦးလ၀ါးဇောင်းခေါင်းအား သဘောထားကြီးစွာ ပြန်လည်လက်ခံခဲ့ပြီး လိုင်ဇာပို့(စ်)တွင် ပြန်လည်တာဝန်ပေးအပ်ခဲ့သော်လည်း အရေးကြီးတဲ့တာဝန်တွေကိုတော့ ခိုင်းစေခဲ့ခြင်းမရှိဘူးလို့ (KIA) စစ်ဘက် အရာရှိတစ်ဦးထံမှ သိရှိရပါသည်။ ဦးလ၀ါးဇောင်းခေါင်၏ဇနီးမှာ ပြည်တွင်းကျောက်မျက်လောကတွင် နာမည်ကြီး နေသော ဒေါ်နန်းခေါင် ဖြစ်ပါသည်။
 
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အသဲကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံ မံရှီမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၄င်း၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်ကုသခဲ့ရပါသည်။ ဆေးဝါးကုသမှု ခံယူနေစဉ်အတွင်း ကျန်မာရေးဆိုးဝါး လာသောကြောင့် လိုင်ဇာမြို့သို့ပြန်လည်ခေါ်ဆောင်လာခဲ့ရာ တရုတ်နိုင်ငံ၊နာဘန်မြို့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ ဆုတောင်းသဂြိင်္ုလ်ပွဲအား လိုင်ဇာမြို့အနောက်တောင်ဘက်ရှိ အာဇာနည်ကုန်းတွင် ပြုလုပ်ခဲ့ရာ (KIO) ဥက္ကဋ္ဌ ဦးဇောင်းဟားရား၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂန်ရှောင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးပြ အခန်းအနားများနဲ့ အာဇာနည်ကုန်းတွင် ဆုတောင်းသဂြိင်္ုလ်ပွဲ ပြုလုပ်ခဲ့တယ်ဆိုပေမဲ့ ကချင်လူမျိုးစုအတွက် အာဇာနည်ခေါင်းဆောင်တစ်ယောက်တော့ ဖြစ်မလာခဲ့သည်မှာ အသေအချာပင် ဖြစ်ပါသည်။

0 comments:

Post a Comment


Popular Posts