'
အမိမြေ

မ န္တ လေး မြို့ မှ သတင်း ၇ ပုဒ်


 
ကမ္ဘာကျော် ဦးပိန်တံတားနှင့်  တောင်သမန်အင်းတည်ရှိသည့် နန်းမြို့ဟောင်းဖြစ်သော အမရပူရမြို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန လက်အောက်မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်သို့ လွှဲပြောင်းခဲ့သည်။
 
မတ်လ(၁၅)ရက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဂိုးပရော့ဂျက်စီမံကိန်းအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းတည်ဆောက်သည့်   Myanmar Football Academy  အဆောက်အအုံကိုကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာဂျိုးဇက်အက်စ်ဘလတ္တာ လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဇွန်လ (၂၄)ရက်
နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် အထက်မြန်မာနိုင်ငံ၏ မြို့တော် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာ စံအလယ်ရပ်၊ ၈၄လမ်းနှင့် ၂၇x၂၈ လမ်းကြား၊ ဈေးချိုတိုက်တန်းရှေ့တွင်ရပ်ထားသော လိုင်စင်မဲ့အပြာရောင်ကားအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ကားတစ်စီးလုံးရစရာမရှိအောင်ပျက်စီးသွားပြီး ကားအနီးရှိ လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

သြဂုတ်(၅)ရက်
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်တွင် မီးလောင်ကျွမ်းခဲ့သည့်ရတနာပုံဈေးကြီးနေရာတွင် ရတနာပုံဈေးအသစ်နှင့် ဒိုင်းမွန်းပလာဇာတို့ကိုတည်ဆောက်ခဲ့သည့်အနက် သုံးနှစ်နှင့် ခြောက်လခန့်အကြာတွင် ဒိုင်းမွန်းပလာဇာကို   soft opening   အဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ရတနာပုံစူပါစင်တာတွင်မြေအောက်ထပ်နှင့်မြေညီထပ်တွင် ဈေးရောင်း ချနေသော်လည်း စင်တာတစ်ခုလုံး မဖွင့်လှစ်နိုင်သေးပေ။  

အောက်တိုဘာလ (၇)ရက်
 မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပွဲတော်တိုက်နယ်ကျန်တန်းရပ်တွင်အလှူမှကျွေးသော အစားအစာများကိုစားကာ လူရာဂဏန်းကျော် အစာအဆိပ်သင့်ခဲ့သည်။ ဖြစ်ပွားပြီး(၁၀)ရက် ကျော်အကြာတွင် အစာအဆိပ်သင့်အကြောင်းရင်းဖြစ်သည့်   staphyloco-ccusaures    ရောဂါပိုးကြောင့်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ( ၁၁)ရက်
လွတ်ငြိမ်းချမ်းသာခွင့်အရ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသူ ၄၀၈ ဦး လွတ်မြောက်ရာတွင်ယုံကြည်မှုကြောင့် အကျဉ်းကျခံရသူ ၄၆ ဦးပါဝင်ပြီး ယင်း (၄၆) ဦးထဲတွင် ၁၉၈၈(ရှစ်လေးလုံး) အရေးအခင်းက မြင်းခြံသပိတ်ဥက္ကဋ္ဌ ဘုန်းကြီးဦးသုန္ဒရ (လက်ရှိဦးသန်းအောင်)လည်းပါဝင်ပြီး ထောင်ကျသက်တမ်း ၂၂ နှစ်ကျော် ကျခံခဲ့ရသည်။

နိုဝင်ဘာ(၁၃)ရက်
ရန်ကုန်မှ နိုဝင်ဘာ(၁၂) ရက်ည ၉ နာရီအချိန်တွင် ထွက်ခွာလာသည့် ရန်ကုန်- မန္တလေးနယူးမန္တလာထွန်း ခရီးသည်တင် ယာဉ်တစ်စီးသည်အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာရာ တံတားဦးတိုးဂိတ်အနီး မိုင်တိုင် (၃၃၅)တွင် နိုဝင်ဘာ(၁၃)ရက် နံနက် ၄ နာရီခွဲတွင်တိမ်းမှောက်ခဲ့ သည်။ သေဆုံးသူ(၉)ဦး ရှိခဲ့သည်။

Ref  : 7 Days News

 

1 comments:

Anonymous said...

this site is a propaganda site. most of the events are not true.

Post a Comment


Popular Posts