'
အမိမြေ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ (မလျော့တန်းအဟုတ်- ဇွဲနှင့် အလုပ်)
(ကျွန်တော်တို့ မြန်မာတွေမှာ ချို့ ယွင်းတာတစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလဲပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတဲ့ အတွက် ဖြစ်ချင်ဖြစ်မယ် ဘာဖြစ်လို့ လဲဆိုရင် ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါမှာ လှေပြိုင်ပွဲ တစ်ခုကို ကြည့်ခဲ့တယ်၊ လှေပြိုင်ပွဲ လုပ်တဲ့ အခါမှာ ပန်းတိုင်ကို မရောက်သေးဘူး ရှေ့ ကိုနည်းနည်းနိုင်လာပြီဆိုရင် နိုင်နေတဲ့ လှေက တက်ကိုထောင်တယ်၊ ရှူံးတဲ့လှေကလည်း ပန်းတိုင်မရောက်သေးဘူး ကြိုးစားမယ်ဆိုရင် ကြိုးစားနိုင်သေး မကြိုးစားတော့ဘူး ရှူံးမှာပါပဲကွာ ဆိုပြီးတော့ ခြေပစ်လက်ပစ်နဲ့  တက်မခတ် ချင်တော့ဘူး၊ အဲ့ဒါဟာ- တိုင်းပြည်ထူထောင်တဲ့နေရာမှာ အဲ့ဒါက လွတ်လပ်တဲ့ လူမျိုးနဲ့  ထိုက်တန်တဲ့ စိတ်ဓါတ်မျိုးမဟုတ်ဘူး၊ ဒါက ကျွန်ဖြစ်မဲ့ စိတ်ဓါတ်မျိုးပဲ၊ ဒီစိတ်ဓါတ်မျိုး ရှိနေသမျှ ကာလပတ်လုံး ကျူပ်တို့  မြန်မာတွေ ကျွန်ဖြစ်နေမှာပဲ၊ ကျွန်မဖြစ်သည့် တိုင်အောင် ညံ့ဖျင်းတဲ့ လွတ်လပ်ရေး ဖြစ်မှာပဲ၊ အဲ့ဒီလှေပြိုင်ပွဲတုန်းက လှေတစ်လှေဟာ တက်ထောင်မိတာနဲ့  ပွဲတစ်ပွဲမှာ ရှူံးကို သွားတယ်၊်ဘောလုံးပွဲကန်ကြတဲ့ အခါမှာလဲ ကိုယ်ကစပြီး ဂိုးသွင်းရရင် အတော်ပဲ အားတတ်လာကြတယ် နောက်တစ်ခါ တော်တော်လေး ဂိုးများလာတယ် ဆိုရင် လျော့လျော့ ပေါ့ပေါ့ ကန်လာကြတယ် တစ်ဖက်ကလဲ နောက်ဆုံးအပြီးသတ်ကျတော့မှ ကတ်ပြိး ဂိုးသွင်းသွားလို့   ရှူံးတာတွေ သရေဖြစ်တာတွေ ဘောလုံးရာဇ၀င်မှာ ပြန်စဉ်းစားကြည့်ရင် တွေ့ ရမှာပါပဲ၊ ဒါတင်မကဘူး သူတို့ လူတွေက ပထမနာရီဝက်မှာ ရှူံးသွားရင်တော်သေးတယ်၊ ဒုတိယ နာရီဝက်မှာ 10 မိနစ်လောက်ကြာတော့ တော်တော်လေးကန်ပြီးတော့  ဂိုးပြန်မသွင်းနိုင်ဘူးဆိုရင် လူကိုပြန်ချတာပဲ၊ ကျွန်တော်တို့ မြန်မာပြည်မှာ အဲ့ဒါ(Sporting Sprit) မရှိဘူး၊ ဒါဘာလည်းဆိုရင် ကျွန်တော်မြန်မာတွေရဲ့ စိတ်ဓါတ်ထက်မြက်တာ တလွှဲမှာ ဆံပင်ကောင်းနေကျတယ်၊ တကယ်နေရာကျတော့ အသုံးမကျဘူး၊ မြန်မာမြန်မာချင်းချဖို့ လုပ်ချင်တယ် ပြန်လည်ထူထောင်တဲ့နေရာမှာ အသုံးမချချင်ဘူး မြန်မာအချင်းချင်း ချဖို့ လုပ်ချင်ကြတယ် ဒါတွေလုပ်ချင်လျှင် ဘယ်တော့မှ အကျိုးခံစား ခွင့်ရှိမှာမဟုတ်ဘူး၊ ဒီတိုင်းပြည် ပြန်လည်မထူ ထောင်နိုင်ဘူး၊ နလံမထူနိုင်ဘူး၊ လွတ်လပ်ရေးကျကျနန လုပ်လို့ မဖြစ်ဘူး အဲ့လိုစိတ်ဓါတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့  လိုတယ် ကျွန်တော် က ဘာပဲလုပ်လုပ် နောက်ဆုံးတနေ့ ပြီးတဲ့ အထိ ရှူံးသည်ဖြစ်စေ ရှူံးမယ်ထင်သည်ဖြစ်စေ နိုင်မယ်ထင်သည်ဖြစ်စေ မလျော့ တမ်းဇွဲနဲ့  လုပ်သွားမယ်။)                                                                                   
ကျွန်တော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီစကားစုလေးကိုပြန်လည်ကိုးကားအကြံပြုရရင်ကျွန်တော်တို့ မြန်မာတွေဟာစိတ်ဓါတ်အရာမှာအားနည်းနေတာရယ်၊ကိုယ့်အချင်းချင်းချဖို့ ရယ်ကိုဘဲစိတ်အားထက်သန်ပီတလွဲဆံပင်ကောင်းနေတာလို့ ဗိုလ်ချုပ်မှသုံးသပ်တာကိုခံခဲ့ ရပါတယ်။ကျွန်တော်တို့ တွေသုံးသပ်ကြည့် ပါဘယ်သူကိုမှဝေဖန်မသုံးသပ်ပါနဲ့  မိမိမှာမျိုးချစ်စိတ်ကိုယ့်အချင်းချင်းနားလည်ပေးနိုင်မူ၊အောင်မြင်မူရှူံးမူကိုဘယ်လောက်ထိခံနိုင်လဲဆိုတာမိမိကိုယ့် ကိုသုံးသပ်ကြည့်ဖို့ ကိုအကြုံပြုလိုပါတယ်။ယခုလက်ရှိကျွန်တော်တို့ တွေဟာတပ်မတော်မှ ၂၀၁၀ထိနိုင်ငံတော်ကိုတာဝန်ယူထိန်းသိမ်းခဲ့ ရာမှပြန်လှယ်ပီးအာဏာအပ်နှင်းကာ ပြည်ထောင်စုသမ္မတနိုင်ငံတော်အနေနှင့် ဒီမိုကရေစီလမ်းကြောင့်းပေါ်ကိုတဖြေးဖြေးလှောက်လှမ်းနေကြတာကိုကျွန်တော်တို့ တစ်မျိုးသားလုံးအသိဘဲဖြစ်ပါတယ်။ယခုလက်ရှိနိုင်ငံတော်အပေါ်တာဝန်ယူထမ်းဆောင်နေတဲ့ လူကြီးများဟာလည်းပြည်သူကိုပြန်လည်ကြည့်ပီးအလုပ်လုပ်နေကြဖို့ လို သလို၊ပြည်သူများဟာလည်းကိုယ်နိုင်ငံကောင်းဖို့ အတွက်လုပ်ဖို့ လိုတယ်လို့ ခံယူရင်းလေစားဖို့ လိုက်နာဆောင်ရွက်ကြဖို့ အကောင်းဆုံးသော်အကြံဥာဏ်များကိုရဲရဲဝံဝံတင်ပြသွားကြဖို့ လိုအပ်နေကြောင်းကိုအကြံပြုရေးသားလိုပါတယ်။ယခုရာစုနှစ်မှာရှိနေတဲ့ ကျွန်တော်တို့ တွေဟာလူတိုင်းနီးပါးအခြေခံစာလောက်တော့တတ်နေကြပါပီ၊ကျွန်တော်တို့ မှာစဉ်စားဥာဏ်တွေရှိနေကြပါပီ။ဒါကြောင့်ဗိုလ်ချုပ်ပြောတဲ့ အတိုင်းယခုချိန်မှာကိုယ့်လူမျိုးချင်းနှိပ်ကွပ်တာတွေကိုလုံးဝဖျောက်ဖျက်နိုင်ကြပါစေ၊စီပွားရေးသမားတွေလည်းစီပွားရေးသမားအလျောက်၊
ကျောင်းသားကျောင်သူတွေလဲကျောင်းသားကျောင်းသူတွေအလျောက်၊နိုင်ငံရေးသမားတွေလဲနိုင်ငံရေးသမားတွေအလျောက်အားနည်းနေတဲ့ ကိုယ့် လူမျိုးပြည်သူနဲ့ 
  စည်းလုံးညီညွတ်စွာပြုလုပ်နိုင်မယ်ဆိုရင်မြန်မာနိုင်ငံသားတိုင်းမြန်မာပြည်မှာနေထိုင်ပီးကမ္ဘာမှမြန်မာရယ်လို့ ခောတ်မီပြီးလူတန်းစေ့နေ နိုင်တဲ့ အသိမှတ်ပြုခံရတဲ့ နိုင်ငံဖြစ်လာမှာပါလို့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ (မလျော့တန်းအလုပ်-ဇွဲနဲ့ အလုပ်)ဟူသော်စကားစုလေးကိုကိုးကားရေသားအကြံပြုတင်ပြလိုက်ပါရစေ၊၊                              ကနောင်စစ်သည်                                                       
အမိနိုင်ငံကြီးအမြဲခောတ်မှီဖွံ့ ဖြိုးတိုးတကိပါစေ....
အင်းလေးအလှ....
0 comments:
Post a Comment
Popular Posts