'
အမိမြေ

၂၀၁၁ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခရီးသည်တင် ယာဉ်တိုက်မှု ၃၅၀ မှုရှိခဲ့ပြီး သေဆုံးသူ ၉၇ ဦးနှင့် ဒဏ်ရာရသူ ၁၁၃၉ ဦးရှိခဲ့


၂၀၁၁ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခရီးသည်တင် ယာဉ်တိုက်မှုပေါင်း ၃၅၀ ခုဖြစ် ပွားခဲ့ပြီး ယင်းတိုက်မှု ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာလည်း စည်းကမ်းလိုက်မှု အားနည်းခြင်းနှင့် အရေးယူသည့် ပြစ်ဒဏ်များ ထိရောက်မှု အားနည်း၍ အဓိကဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၃၅၀ ခုဖြစ်ပွားမှုတွင် အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံး သူ ၉၇ ဦးနှင့် ဒဏ်ရာရသူ ၁၁၃၉ ဦးရှိခဲ့ပြီး ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်း မောင်းနှင်မှု၊ လောဘဇော၊ ဒေါသဇောဖြင့် မောင်းနှင်မှုနှင့် လမ်းအသုံးပြုသူများ မဆင်ခြင်ခြင်း တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်စဉ်များဖြင့် ယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ အရေးယူမှုအပိုင်း (Enforcement) အနေဖြင့် ယာဉ်လိုင်းများ အလိုက် စစ်ဆေးရေးအဖွဲ့များ၊ မထသ(ဗဟို)၏ စီစဉ်မှုဖြင့် အထူး စစ်ဆေးရေး အဖွဲ့များ၊ ယာဉ်ထိန်းရဲများ မှ နေ့စဉ်နှင့်အမျှ စစ်ဆေးအရေးယူမှု များ ပြုလုပ်ကြကာများသော အားဖြင့် ဒဏ်ငွေတပ်ရိုက် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

မထသ(ဗဟို)စီမံမှုအောက်၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲ နေသည့် ယာဉ်လိုင်းများမှာ မထသ (မြို့တွင်း)၊ ဗန္ဓုလ(ပါရမီ)၊ သန်မြန်သူ၊ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ ကန္ဒာရ၀တီ၊ စစ်မှုထမ်း(အတွင်း၊အပြင်)၊ ရွှေမြင်းပျံ၊ ဂျီအီးစီ၊ မြန်မာ့သား ကောင်း၊ ရွှေရန်ကုန်၊ ရွှေဧည့်သည်၊ ရွှေအင်းဝနှင့်မြို့တော်စည်ပင်တို့ဖြစ် ကြပြီး ယာဉ်တိုက်မှု ဖြစ်ပွားမှုအများဆုံး ယာဉ်လိုင်းမှာ ယာဉ်ပြေးဆွဲမှုနှင့် ယာဉ်လိုင်း အရေအတွက်များသည့် မထသ(မြို့တွင်း)နှင့် အနောက်ပိုင်း ခရိုင်ယာဉ်လိုင်းတို့ ဖြစ်ကြကြောင်း သိရှိရပါသည်။

ထို့ကြောင့်  ၂၀၁၁  ခုနှစ် အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ မထသ (ဗဟို)စစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ဖြင့် စစ်ဆေးမှုများပြုခဲ့ရာတွင် ယာဉ်မောင်းများအား စစ်ဆေးမှု ၃၁၈ မှု၊ ယာဉ်နောက်လိုက်များအား စစ်ဆေးမှု ၂၆၅ မှုစစ်ဆေးခဲ့ ပြီး အဖွဲ့ရှစ်ဖွဲ့ဖြင့်လည်း ယာဉ်မောင်းဆိုင်ရာ စစ်ဆေးမှု ၂၉၅ မှု၊ ယာဉ်နောက်လိုက်များအား စစ်ဆေးမှု ၂၀၀ မှုတို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment


Popular Posts