'
အမိမြေ

ပုဂ္ဂလိကဘဏ်များ ပြည်ပဘဏ်များနှင့်ဆက်သွယ်ရန် Swift Exchange စနစ်ဧပြီလအတွင်း အပြီးတပ်ဆင်ရမည်


နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မည့် SWIFT Exchange စနစ်ကို ပုဂ္ဂလိက ဘဏ်များအနေဖြင့် ယခုနှစ်ဧပြီလအတွင်း တပ်ဆင်ကြရန် ဗဟိုဘဏ်မှ ညွှန်ကြားထားကြောင်း ဘဏ်လုပ်ငန်းရှင် တစ်ဦးထံမှသိရသည်။ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ ဒေါက်တာသန်းထွန်းက “ဗဟိုဘဏ်က ကြားခံပေးမယ်။ ဒါမှ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက် ရမှုမှာ ပိုပြီး အဆင်ပြေစေမယ်” ဟု ၎င်းစနစ် တပ်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။ ဘဏ်လုပ်ငန်းစနစ်သုံး လုံခြုံမှုရှိသော ဆက်သွယ်ရေး စနစ်ဖြစ်သည့် SWIFT စနစ်အား ဗဟိုဘဏ် အပါအဝင် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့သာ တပ်ဆင်ထားပြီး ပုဂ္ဂလိက ဘဏ်များမှာ လုံးဝ တပ်ဆင်ထားခြင်းမရှိ၍ တပ်ဆင်ခိုင်းခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ ဗဟိုဘဏ်မှ သိရသည်။ ထိုစနစ်ကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်ကုမ္ပဏီတွင်သာ လျှောက် ထားရမည်ဖြစ်သော်လည်း အရှေ့တောင်အာရှအတွက် စင်ကာပူ၌သာ ရုံးခွဲဖွင့်လှစ်ထားပြီး စင်ကာပူ ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဖြစ်သည်။ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “အခုသုံးနေတဲ့ ဂျီမေးလ်အီးမေးလ်ဆိုတာက ဟက်ကာတွေ တိုက်ခိုက်ပြီး ဖွင့်လို့ရတယ်။ အခု ဆွစ်စနစ်က ၂၄ နာရီ စောင့်ကြည့်မှုရှိနေပြီး ဘဏ်အတွက်သုံးတဲ့စနစ်မို့လို့ တပ်ဆင်သင့်ပါတယ်။ ဟိုဘက်က အခုသုံးနေတဲ့ Fax တို့၊ ဖုန်းတို့နဲ့ လက်ခံမှာတော့ မဟုတ်ဘူး” ဟု ရှင်းပြသည်။ ဆွတ်စနစ်အား တပ်ဆင်ရန် အချိန် ၃ လနီးပါး လိုနေသေးသော်လည်း ကုန်ကျစရိတ်ကို ယခုအချိန်တွင် မခန့်မှန်းနိုင်သေးကြောင်း၊ တပ်သင့်သည့် ကိစ္စလည်းဖြစ်၍ တပ်ဆင်ရန်အတွက်လည်း ဆောင်ရွက်သွားရန် ပုဂ္ဂလိကဘဏ်အချို့ ပြင်ဆင်နေကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment


Popular Posts